Zawgyiဖြင့်ဖတ်ရန်




Unicodeဖြင့်ဖတ်ရန်

ဆလီနာက နာမည်ကြီးဆယ်လီနှစ်ယောက်နဲ့ လူသိရှင်ကြားတွဲခဲ့ပြီးတဲ့နောက်မှာ သူရဲ့နောက်ထပ်Relationshipကို တိတ်တဆိတ်ဖြစ်စေချင်နေပါတယ်။ ဂျက်စတင်၊ The Weekndတို့နဲ့ ဆလီနာတွဲခဲ့တုန်းက သူတို့သွားတဲ့နေရာတိုင်းကို ကင်မရာတွေက လိုက်လို့နေပါတယ်။ ဒီအချိန်မှာတော့ သူမရဲ့ အချစ်ရေးကို သိုသိုသိပ်သိပ်ထားရတာကို ပိုစိတ်ဝင်စားနေပါတယ်။ နောက်ရည်းစားအသစ်အတွက် အရည်အချင်းသတ်မှတ်ချက်တွေ ဆလီနာမှာ ရှိနေပြီး စာရင်းထဲမှာ မပါတဲ့တစ်ခုက ဆယ်လီဆိုတဲ့Statusပဲဖြစ်ပါတယ်။ နည်းလမ်းတွေအများကြီးမှာ သူမက နာမည်မကြီးတဲ့ ချစ်သူကောင်လေးကို လိုလားပါတယ်။ သူတို့ရဲ့ ဝါသနာ၊ ဘဝရည်မှန်းချက်ကို ရှာတွေ့ပြီး အောင်မြင်တဲ့တစ်စုံတစ်ယောက်ကို လိုချင်ပါတယ်။ ဒါပေမဲ့ ဆယ်လီတစ်ယောက်ဖြစ်ဖို့ မလိုအပ်ပါဘူး။ နာမည်မကြီးတဲ့ကောင်လေးကို တွဲဖို့ ပိုလိုလားပါတယ် ဆိုတာကို ဆလီနာနဲ့ ရင်းနှီးတဲ့ Sourceတစ်ခုက ပြောပြထားတာဖြစ်ပါတယ်။

ဆလီနာက ညှိနှိုင်းစရာမလိုဘဲ သူမလုပ်သလို ယုံကြည်မှုတွေ၊ တန်ဖိုးထားတတ်မှုတွေ တူညီတဲ့ ချစ်သူကောင်လေးကို လိုချင်ပါတယ်။ ဆလီနာကို ယုံကြည်လာတဲ့အခါ သစ္စာရှိမှုက အခြားအရေးပါမှုဖြစ်ပါတယ်။ အပြန်အလှန်ချစ်ခင်နှစ်သက်မှုကလဲ အရေးပါပါတယ်ဆိုတာကို အတွင်းလူက ပြောပြခဲ့ပါတယ်။

ဆလီနာက မတ်လကတည်းက ဆင်ဂယ်တစ်ယောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဆလီနာက ရည်းစားဟောင်းတွေနဲ့ ပြန်တွဲမှာ မဟုတ်ပါဘူး။ သူနဲ့ ဂျက်စတင်တို့ အရမ်းချစ်ခဲ့ကြပေမဲ့ အခုဆိုရင် ဂျက်စတင်က ဟေလီနဲ့စေ့စပ်လိုက်ပြီး လက်ထပ်တော့မှာဖြစ်ပါတယ်။ The Weekndကတော့ Bella Hadidနဲ့ ပြန်တွဲနေတာဖြစ်ပါတယ်။
From MM