Zawgyiျဖင့္ဖတ္ရန္
ေ႐ႊပိုးအိမ္က အႏုပညာအလုပ္ေတြ စလုပ္ကတည္းက သူ႔ရဲ႕ ခႏၶာကိုယ္အသြင္အျပင္နဲ႔ ပတ္သက္ၿပီး ေဝဖန္တိုက္ခိုက္ ေျပာဆို တာေတြ ႀကဳံခဲ့ ရတယ္လို႔ ဆိုပါတယ္။ အခုခ်ိန္မွာေတာ့ သူ႔ကို ေဝဖန္ေျပာဆိုခဲ့သူေတြနဲ႔လည္း ဆုံျဖစ္တာေၾကာင့္ ေစတနာကိုပဲ ေရွ႕တန္းတင္လိုက္တယ္ လို႔ သူကေျပာပါတယ္။

=
သ႐ုပ္ေဆာင္ ေ႐ႊပိုးအိမ္ကေဝဖန္တိုက္ခိုက္ မႈေတြအမ်ားႀကီးရွိတဲ့ၾကားကေန ပရိသတ္ေပးတဲ့ ေနရာတစ္ေနရာ ရေအာင္ ခက္ခက္ခဲခဲနဲ႔ ႀကိဳးစားခဲ့ရတယ္တဲ့။ဒီ ေဝဖန္တိုက္ခိုက္တာေတြကလည္း သူ႔အတြက္ အင္အားတစ္ခု ျဖစ္ခဲ့တဲ့အေၾကာင္းကို Duwun Media ရဲ႕ သီးသန႔္ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

” အႏုပညာအလုပ္စလုပ္တုန္းကဆိုရင္ ရႈတင္မန္ေနဂ်ာတစ္ေယာက္က ေ႐ႊပိုးအိမ္က ဝလိုက္တာ၊ ဘာ႐ုပ္ႀကီးမွန္းလည္းမသိဘူး၊ မာန္ ထက္ခ်ီ က ဘယ္လို ႐ုပ္မ်ိဳးကို ေ႐ြးလိုက္တာလဲေပါ့။ အဲ့ဒီစကားေတြကို အားအျဖစ္ျပန္ယူၿပီး ကိုယ္ႀကိဳးစားလိုက္ေတာ့ အခုဆိုရင္ ေခါင္းေဆာင္ မင္းသမီးအျဖစ္ ဇာတ္ကားေတြ ႐ိုက္လာရၿပီ။ အဲ့ဒီလူေတြနဲ႔ ေတြရင္ ကိုယ္က On The Elephant ပဲ”လို႔ ဆိုပါတယ္။

ေ႐ႊပိုးအိမ္ဟာ အႏုပညာအလုပ္ေတြ စလုပ္ကတည္းက ေဝဖန္တိုက္ခိုက္မႈေတြ ခံခဲ့ရတာေၾကာင့္ ရင္နဲ႔မဆန႔္ေအာင္ ဝမ္းနည္းငိုေႂကြးခဲ့ရ တဲ့ အခ်ိန္ေတြ ရွိတယ္လို႔ ဆိုပါတယ္။ အခုေတာ့ ပရိသတ္လက္ခံမႈေတြ အမ်ားႀကီးရရွိလာတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္လို႔ေနပါတယ္။ သူ႔ကို ေဝဖန္ေျပာဆိုခဲ့သူနဲ႔လည္း အခုခ်ိန္မွာ ေတြ႕ျဖစ္တယ္လို႔ ဆိုပါတယ္။

” အခုခ်ိန္မွာ အဲ့ဒီလူနဲ႔ ျပန္ေတြ႕ေတာ့ မုန႔္ေတြ ဝယ္ေကြၽးလိုက္တယ္၊ အရက္ဝယ္တိုက္လိုက္တယ္။ သူက အရက္ႀကိဳက္တဲ့ လူဆိုေတာ့ အရက္ပု လင္းေတြ ဝယ္ေပးလိုက္တာေပါ့ေနာ္။ အမုန္းကို အမုန္းနဲ႔ တုံ႔ျပန္ရင္ သံသယက ၿပီးေတာ့မွာ မဟုတ္ဘူး၊ သူ႔ေၾကာင့္ကိုယ္ ႀကိဳးစားၿပီး ဒီေနရာ ကို ေရာက္လာတာ၊ ဒါေၾကာင့္ ကိုယ္ သူ႔ကိုေက်းဇူးတင္တယ္”လို႔ ေျဖဆိုခဲ့ပါတယ္။

အႏုပညာအလုပ္ကို ဝါသနာပါလို႔ ေဆာင္႐ြက္ခဲ့တာေၾကာင့္ တိုက္ခိုက္တဲ့ စကားတစ္ခြန္းအတြက္နဲ႔ က်ရႈံးမသြားေအာင္ ႀကိဳးစားခဲ့တယ္ လို႔ ေ႐ႊပိုးအိမ္က ေျပာပါတယ္။ အခုဆိုရင္ေတာ့ ဗီဒီယိုဇာတ္ကားေတြ မွာ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ ပရိသတ္ေတြ အားေပးျခင္းကို ခံေနရပါၿပီ။

” လူတစ္ေယာက္က ကိုယ့္ကို ေျပာလိုက္လို႔ က်ရႈံးသြားတယ္ဆိုရင္ လူျဖစ္ရႈံးတယ္လို႔ထင္တယ္။ ေဝဖန္မႈေတြကိုခံယူတက္မယ္ဆိုရင္ ဒါက အင္ အားတစ္ခုပဲ။ ကိုယ့္ကို ပုတ္ခတ္ေျပာတဲ့လူတစ္ေယာက္ရဲ႕ စကားကိုလည္း ဘယ္ေတာ့မွ မနာဘူး၊ သူေျပာတဲ့ စကားကို ေျပာင္းလဲပစ္လိုက္ တယ္” လို႔ သူကဆိုပါတယ္။

 

ေ႐ႊပိုးအိမ္ကို ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြစတင္သိရွိခဲ့တာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ဒုတိယမင္းသမီးေနရာက အၿမဲပါဝင္ခဲ့ရသူတစ္ဦးပါ။ အခုခ်ိန္မွာေတာ့ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ ဇာတ္ကားေတြ ႐ိုက္ကူးေနရၿပီလို႔ သိရပါတယ္။

Unicodeဖြင့်ဖတ်ရန်
ရွှေပိုးအိမ်က အနုပညာအလုပ်တွေ စလုပ်ကတည်းက သူ့ရဲ့ ခန္ဓာကိုယ်အသွင်အပြင်နဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက် ပြောဆို တာတွေ ကြုံခဲ့ ရတယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ သူ့ကို ဝေဖန်ပြောဆိုခဲ့သူတွေနဲ့လည်း ဆုံဖြစ်တာကြောင့် စေတနာကိုပဲ ရှေ့တန်းတင်လိုက်တယ် လို့ သူကပြောပါတယ်။

=
သရုပ်ဆောင် ရွှေပိုးအိမ်ကဝေဖန်တိုက်ခိုက် မှုတွေအများကြီးရှိတဲ့ကြားကနေ ပရိသတ်ပေးတဲ့ နေရာတစ်နေရာ ရအောင် ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရတယ်တဲ့။ဒီ ဝေဖန်တိုက်ခိုက်တာတွေကလည်း သူ့အတွက် အင်အားတစ်ခု ဖြစ်ခဲ့တဲ့အကြောင်းကို Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

” အနုပညာအလုပ်စလုပ်တုန်းကဆိုရင် ရှုတင်မန်နေဂျာတစ်ယောက်က ရွှေပိုးအိမ်က ဝလိုက်တာ၊ ဘာရုပ်ကြီးမှန်းလည်းမသိဘူး၊ မာန် ထက်ချီ က ဘယ်လို ရုပ်မျိုးကို ရွေးလိုက်တာလဲပေါ့။ အဲ့ဒီစကားတွေကို အားအဖြစ်ပြန်ယူပြီး ကိုယ်ကြိုးစားလိုက်တော့ အခုဆိုရင် ခေါင်းဆောင် မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်လာရပြီ။ အဲ့ဒီလူတွေနဲ့ တွေရင် ကိုယ်က On The Elephant ပဲ”လို့ ဆိုပါတယ်။

ရွှေပိုးအိမ်ဟာ အနုပညာအလုပ်တွေ စလုပ်ကတည်းက ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရတာကြောင့် ရင်နဲ့မဆန့်အောင် ဝမ်းနည်းငိုကြွေးခဲ့ရ တဲ့ အချိန်တွေ ရှိတယ်လို့ ဆိုပါတယ်။ အခုတော့ ပရိသတ်လက်ခံမှုတွေ အများကြီးရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါတယ်။ သူ့ကို ဝေဖန်ပြောဆိုခဲ့သူနဲ့လည်း အခုချိန်မှာ တွေ့ဖြစ်တယ်လို့ ဆိုပါတယ်။

” အခုချိန်မှာ အဲ့ဒီလူနဲ့ ပြန်တွေ့တော့ မုန့်တွေ ဝယ်ကျွေးလိုက်တယ်၊ အရက်ဝယ်တိုက်လိုက်တယ်။ သူက အရက်ကြိုက်တဲ့ လူဆိုတော့ အရက်ပု လင်းတွေ ဝယ်ပေးလိုက်တာပေါ့နော်။ အမုန်းကို အမုန်းနဲ့ တုံ့ပြန်ရင် သံသယက ပြီးတော့မှာ မဟုတ်ဘူး၊ သူ့ကြောင့်ကိုယ် ကြိုးစားပြီး ဒီနေရာ ကို ရောက်လာတာ၊ ဒါကြောင့် ကိုယ် သူ့ကိုကျေးဇူးတင်တယ်”လို့ ဖြေဆိုခဲ့ပါတယ်။

အနုပညာအလုပ်ကို ဝါသနာပါလို့ ဆောင်ရွက်ခဲ့တာကြောင့် တိုက်ခိုက်တဲ့ စကားတစ်ခွန်းအတွက်နဲ့ ကျရှုံးမသွားအောင် ကြိုးစားခဲ့တယ် လို့ ရွှေပိုးအိမ်က ပြောပါတယ်။ အခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ မှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေ အားပေးခြင်းကို ခံနေရပါပြီ။

” လူတစ်ယောက်က ကိုယ့်ကို ပြောလိုက်လို့ ကျရှုံးသွားတယ်ဆိုရင် လူဖြစ်ရှုံးတယ်လို့ထင်တယ်။ ဝေဖန်မှုတွေကိုခံယူတက်မယ်ဆိုရင် ဒါက အင် အားတစ်ခုပဲ။ ကိုယ့်ကို ပုတ်ခတ်ပြောတဲ့လူတစ်ယောက်ရဲ့ စကားကိုလည်း ဘယ်တော့မှ မနာဘူး၊ သူပြောတဲ့ စကားကို ပြောင်းလဲပစ်လိုက် တယ်” လို့ သူကဆိုပါတယ်။

 

ရွှေပိုးအိမ်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေစတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာက အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။
Credit: Duwun