Zawgyiျဖင့္ဖတ္ရန္

ၾသဂုတ္လ ၂၆ ရက္ေန႔က ေရႊျပည္သာၿမိဳ႕နယ္ ပုလဲလမ္းမီးပြိဳင့္နဲ႔ သံလမ္းမွတ္တိုင္ၾကားတြင္ ေမာ္ေတာ္ယာဥ္တစ္စီးအား လူအုပ္စုတစ္စုက မင္းမဲ့စရိုက္ဆန္ဆန္ တုတ္နဲရိုက္ ခဲမ်ားနဲ႔ ဝိုင္းေပါက္ၿပီး ေမာ္ေတာ္ေယာဥ္ေပၚပါ လူမ်ားအား တိုက္ခိုက္ဖို႔ ႀကိဳ႕စားတဲ့အထိ ျဖစ္ခဲ့ေၾကာင္း လူမွုကြန္ယက္တြင္ ပ်ံ႕ႏွံ့ေနခဲ့သည္။

“ေမာင္ေမာင္” အေကာင္ပိုင္ရွင္မွ ၾသဂုတ္လ ၂၈ ရက္ေန႔တြင္ သူၾကဳံေတြ႕ခဲ့ရေသာ အျဖစ္ပ်က္အား သက္ေသခံဓါတ္ပုံမ်ားနဲ႔တစ္ကြ ေအာက္ပါအတိုင္းေရးသားခဲ့သည္။

ေရႊျပည္သာၿမိဳ႕နယ္ ပုလဲလမ္းမီးပြိဳင့္ႏွင့္ သံလမ္းမွတ္တိုင္ၾကား ကားသမားတိုင္းသတိႏွင့္သြားလာၾကရန္ အုပ္စုဖြဲ႕၍ မင္းမဲ့စရိုက္ဆန္ဆန္ ဥပေဒမဲ့ျပဳေနၾကသူမ်ား
ကၽြန္ေတာ္ ေမာင္ေရႊပါ (26.8.2018) ေန႔က အလုပ္ကမရွိ စားဝတ္ေနေရး အဆင္မေျပလို႔ အသိတစ္ေယာက္ေမာင္းေနတဲ့ကားကို တစ္ေန႔ေလာက္ေပးေမာင္းပါဆိုၿပီး ယူေမာင္းတာ စက္မွုေဒသလမ္းမႀကီး ပုလဲလမ္းမီးပြိဳင့္ႏွင့္ သံလမ္းမွတ္တိုင္ၾကား ေရာက္ေတာ့ ဆိုင္ကယ္တစ္စီးနဲ႔ လူႏွစ္ေယာက္မွ ကားကိုေက်ာ္တက္ဖို႔လုပ္တယ္ ေက်ာ္တက္လို႔မရေတာ့ ဆဲဆိုႀကိမ္းေမာင္းၿပီး ကားကိုအတင္းေက်ာ္တက္ၿပီး ကားေရွ႕ကပိတ္ရပ္တယ္

ၿပီးေတာ့ ဆဲဆိုႀကိမ္းေမာင္းၿပီး ဒုတ္ေတြ တိုက္ပ်က္ႀကိဳးခဲေတြယူလာၿပီး ဒုတ္နဲ႔ ရိုက္တဲ့သူကရိုက္ ခဲနဲ႔ထုတဲ့သူကထု ကားေလကာမွန္ကြဲသြားေတာ့ ကားေပၚအတင္းတက္ၿပီး ခၽြန္ထက္တဲ့ အရာနဲ႔ထိုးဖို႔လုပ္တဲ့သူကလုပ္နဲ႔ ေၾကာက္စရာေကာင္းလိုက္တာ ကားေပၚမွာက ကၽြန္ေတာ္ရယ္ မိန္းမရယ္ ကေလးႏွစ္ေယာက္ရယ္ ကားစပါယ္ယာရယ္ ေၾကာက္လို႔ ကားတံခါးေတြ ေလာ့ခ်ထားမိလို႔သာေပါ့ ဒီတိုင္းသာဆိုမေတြးဝံ့စရာပဲ ကားက သူတို႔ဆိုင္ကယ္နဲ႔ တိုက္မိတာလည္းမရွိ ၿငိမိတာလည္းမရွိ ေက်ာ္တက္လို႔မရတာတစ္ခုနဲ႔ သူတို႔ရပ္ကြက္ထဲက လူေတြေခၚၿပီး မင္းမဲ့စရိုက္ဆန္ဆန္ ဥပေဒမဲ့ ဝိုင္းလုပ္ၾကတာ ေၾကာက္စရာေကာင္းလိုက္တာဗ်ာ လူေတြကလည္း မူး႐ူးေနၾကတာ ဆိုင္ကယ္ကိုကားေရွ႕က ပိတ္ရပ္ထားၿပီး လူအုပ္ႀကီးနဲ႔ ကားကိုခဲနဲ႔ဝိုင္းထုတာေတာင္ အားမရလို႔ လူကို ေအာက္ကိုအတင္းဆင္းခိုင္းတယ္ ဆင္းမိရင္ အသားတျခား အရိုးတျခားျဖစ္သြားေလာက္တဲ့ အေျခအေနမ်ိဴး ျဖစ္ေနတာေတာင္ ကားသမားကို တရာခံလုပ္ဖို႔ သူတို႔ကမမွန္သက္ေသေခၚၿပီး တရားဥပေဒကို လက္တစ္လုံးၾကားလုပ္ဖို႔ ႀကိဳးစားခ်င္ေသးတယ္ ေတာ္ေတာ္ ေၾကာက္ဖို႔ေကာင္းတဲ့အဖြဲ႕ႀကီးပါဗ်ာ.

ကၽြန္ေတာ္လည္း ဘာလုပ္ရမွန္းမသိေတာ့ ကားပိုင္ရွင္ကိုဖုန္းလွမ္းဆက္ၿပီး အကူအညီေတာင္းေတာ့မွ ကားပိုင္ရွင္က ရဲစခန္းလွမ္းေျပာတယ္ ရဲေတြေရာက္လာတယ္ လုပ္တဲ့သူေတြကို သူတို႔အကုန္လုံးသိတယ္ေျပာၿပီး ကားကိုစခန္းေမာင္းခိုင္းတယ္ သိပ္မၾကာပါဘူး ဝိုင္းရိုက္တဲ့ အဖြဲ႕လည္းေရာက္လာတယ္ အကုန္လုံးေတာ့ပါမလာဘူး ရဲကိုအေရးယူေပးဖို႔ အမွုဖြင့္ဖို႔ေျပာေတာ့ ရဲကအမွုဖြင့္လို႔မရဘူးေျပာတယ္ တရား႐ုံးကို ဦးတိုက္ေလၽွာက္ရမယ္ေျပာတယ္ ဘာေၾကာင့္လဲေတာ့မသိဘူးဗ်ာ

ေနာက္အသိတစ္ေယာက္ အကူအညီေပးလို႔ စခန္းမွာ အမွုဖြင့္လို႔ရခဲ့တယ္ ကားကိုေရွ႕က ပိတ္ရပ္ပီး ဝိုင္းရိုက္တဲ့ အဖြဲ႕ေခါင္းေဆာင္ေတြရဲ့ ပုံေတြနဲ႔အတူ ကားေလကာမွန္ကြဲေအာင္ထုတဲ့ ခဲ ဓာတ္ပုံေတြပါ တင္ေပးထားပါတယ္ဗ်ာ ကၽြန္ေတာ့္လို ဒုကၡမေရာက္ေအာင္လို႔သတိရွိၾကပါ…
ခံရတဲ့လူက တရားခံမျဖစ္ဖို႔နဲ႔ ရန္ျပဳတိုက္ခိုက္တဲ့သူက လူမွန္မျဖစ္ဖို႔လဲလိုပါတယ္
စားစရာမရွိ ေလ်ာ္စရာရွိျဖစ္ေနတဲ့ဘဝ .
Unicodeဖြင့်ဖတ်ရန်

သြဂုတ်လ ၂၆ ရက်နေ့က ရွှေပြည်သာမြို့နယ် ပုလဲလမ်းမီးပွိုင့်နဲ့ သံလမ်းမှတ်တိုင်ကြားတွင် မော်တော်ယာဉ်တစ်စီးအား လူအုပ်စုတစ်စုက မင်းမဲ့စရိုက်ဆန်ဆန် တုတ်နဲရိုက် ခဲများနဲ့ ဝိုင်းပေါက်ပြီး မော်တော်ယောဉ်ပေါ်ပါ လူများအား တိုက်ခိုက်ဖို့ ကြို့စားတဲ့အထိ ဖြစ်ခဲ့ကြောင်း လူမှုကွန်ယက်တွင် ပျံ့နှံ့နေခဲ့သည်။

“မောင်မောင်” အကောင်ပိုင်ရှင်မှ သြဂုတ်လ ၂၈ ရက်နေ့တွင် သူကြုံတွေ့ခဲ့ရသော အဖြစ်ပျက်အား သက်သေခံဓါတ်ပုံများနဲ့တစ်ကွ အောက်ပါအတိုင်းရေးသားခဲ့သည်။

ရွှေပြည်သာမြို့နယ် ပုလဲလမ်းမီးပွိုင့်နှင့် သံလမ်းမှတ်တိုင်ကြား ကားသမားတိုင်းသတိနှင့်သွားလာကြရန် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ပြုနေကြသူများ
ကျွန်တော် မောင်ရွှေပါ (26.8.2018) နေ့က အလုပ်ကမရှိ စားဝတ်နေရေး အဆင်မပြေလို့ အသိတစ်ယောက်မောင်းနေတဲ့ကားကို တစ်နေ့လောက်ပေးမောင်းပါဆိုပြီး ယူမောင်းတာ စက်မှုဒေသလမ်းမကြီး ပုလဲလမ်းမီးပွိုင့်နှင့် သံလမ်းမှတ်တိုင်ကြား ရောက်တော့ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်မှ ကားကိုကျော်တက်ဖို့လုပ်တယ် ကျော်တက်လို့မရတော့ ဆဲဆိုကြိမ်းမောင်းပြီး ကားကိုအတင်းကျော်တက်ပြီး ကားရှေ့ကပိတ်ရပ်တယ်

ပြီးတော့ ဆဲဆိုကြိမ်းမောင်းပြီး ဒုတ်တွေ တိုက်ပျက်ကြိုးခဲတွေယူလာပြီး ဒုတ်နဲ့ ရိုက်တဲ့သူကရိုက် ခဲနဲ့ထုတဲ့သူကထု ကားလေကာမှန်ကွဲသွားတော့ ကားပေါ်အတင်းတက်ပြီး ချွန်ထက်တဲ့ အရာနဲ့ထိုးဖို့လုပ်တဲ့သူကလုပ်နဲ့ ကြောက်စရာကောင်းလိုက်တာ ကားပေါ်မှာက ကျွန်တော်ရယ် မိန်းမရယ် ကလေးနှစ်ယောက်ရယ် ကားစပါယ်ယာရယ် ကြောက်လို့ ကားတံခါးတွေ လော့ချထားမိလို့သာပေါ့ ဒီတိုင်းသာဆိုမတွေးဝံ့စရာပဲ ကားက သူတို့ဆိုင်ကယ်နဲ့ တိုက်မိတာလည်းမရှိ ငြိမိတာလည်းမရှိ ကျော်တက်လို့မရတာတစ်ခုနဲ့ သူတို့ရပ်ကွက်ထဲက လူတွေခေါ်ပြီး မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ ဝိုင်းလုပ်ကြတာ ကြောက်စရာကောင်းလိုက်တာဗျာ လူတွေကလည်း မူးရူးနေကြတာ ဆိုင်ကယ်ကိုကားရှေ့က ပိတ်ရပ်ထားပြီး လူအုပ်ကြီးနဲ့ ကားကိုခဲနဲ့ဝိုင်းထုတာတောင် အားမရလို့ လူကို အောက်ကိုအတင်းဆင်းခိုင်းတယ် ဆင်းမိရင် အသားတခြား အရိုးတခြားဖြစ်သွားလောက်တဲ့ အခြေအနေမျိူး ဖြစ်နေတာတောင် ကားသမားကို တရာခံလုပ်ဖို့ သူတို့ကမမှန်သက်သေခေါ်ပြီး တရားဥပဒေကို လက်တစ်လုံးကြားလုပ်ဖို့ ကြိုးစားချင်သေးတယ် တော်တော် ကြောက်ဖို့ကောင်းတဲ့အဖွဲ့ကြီးပါဗျာ.

ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတော့ ကားပိုင်ရှင်ကိုဖုန်းလှမ်းဆက်ပြီး အကူအညီတောင်းတော့မှ ကားပိုင်ရှင်က ရဲစခန်းလှမ်းပြောတယ် ရဲတွေရောက်လာတယ် လုပ်တဲ့သူတွေကို သူတို့အကုန်လုံးသိတယ်ပြောပြီး ကားကိုစခန်းမောင်းခိုင်းတယ် သိပ်မကြာပါဘူး ဝိုင်းရိုက်တဲ့ အဖွဲ့လည်းရောက်လာတယ် အကုန်လုံးတော့ပါမလာဘူး ရဲကိုအရေးယူပေးဖို့ အမှုဖွင့်ဖို့ပြောတော့ ရဲကအမှုဖွင့်လို့မရဘူးပြောတယ် တရားရုံးကို ဦးတိုက်လျှောက်ရမယ်ပြောတယ် ဘာကြောင့်လဲတော့မသိဘူးဗျာ

နောက်အသိတစ်ယောက် အကူအညီပေးလို့ စခန်းမှာ အမှုဖွင့်လို့ရခဲ့တယ် ကားကိုရှေ့က ပိတ်ရပ်ပီး ဝိုင်းရိုက်တဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့ ပုံတွေနဲ့အတူ ကားလေကာမှန်ကွဲအောင်ထုတဲ့ ခဲ ဓာတ်ပုံတွေပါ တင်ပေးထားပါတယ်ဗျာ ကျွန်တော့်လို ဒုက္ခမရောက်အောင်လို့သတိရှိကြပါ…
ခံရတဲ့လူက တရားခံမဖြစ်ဖို့နဲ့ ရန်ပြုတိုက်ခိုက်တဲ့သူက လူမှန်မဖြစ်ဖို့လဲလိုပါတယ်
စားစရာမရှိ လျော်စရာရှိဖြစ်နေတဲ့ဘဝ .
Credit: ကၽြန္ေတာ္ ေမာင္ေရႊ (ခ) ေရႊႀကိဳင္…