Zawgyiျဖင့္ဖတ္ရန္

ဖိလစိပိုင္နိုင္ငံရွိ တာနန္အူအန္ၿမိဳ႕မွ ၿမိဳ႕ေတာ္ဝန္ အန္တိုနီယိုဟာလီလီ ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔နံနက္ပိုင္းက လူျမင္ကြင္းေနရာက အခမ္းအနားတစ္ခုကို တက္ေရာက္ေနစဥ္မွာ စတိုက္ပါသမားရဲ့ လုပ္ႀကံသတ္ျဖတ္မွုကို ခံခဲ့ရၿပီး ေသနတ္ထိမွန္ ေသဆုံးခဲ့ရပါတယ္။

အဆိုပါ လုပ္ႀကံမွုဟာ ဖိလစ္ပိုင္သမၼတ ဒူတာေတးရဲ့ လက္ခ်က္မကင္းဘူးလို႔ စြပ္စြဲခဲ့ပါတယ္။ ေနာက္တစ္ရက္အၾကာမွာေတာ့ ဒူတာေတးနဲ႔ မိတ္ဖက္ျဖစ္တဲ့ ဂ်န္နရယ္တီနီယို ၿမိဳ႕ေတာ္ဝန္ ဖာဒီနန္ဘိုေတး ကို ဆိုင္ကယ္သမားက ေသနတ္နဲ႔ ပစ္သတ္ လုပ္ႀကံခဲ့ပါတယ္။

“ေရြးေကာက္ပြဲနီးလာတာေၾကာင့္ အခုလိုၾကမ္းဖက္မွုေတြ ျဖစ္လာတာပဲ” ဟု လူ႔အခြင့္အေရးေစာင့္ၾကည့္ေလ့လာသူ ကားလို႔စ္ကြန္ဒီ က ေျပာၾကားခဲ့ပါတယ္။ သမၼတဒူတာေတးအေနနဲ႔ မူးယစ္ေဆးဝါးနဲ႔ ပက္သက္ဆက္ႏြယ္ေနတဲ့ အစိုးရအရာရွိေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ သတ္ပစ္မယ္ဟု တရားဝင္ ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း ၎က ဆက္လက္ေျပာဆိုပါတယ္။

၂၀၁၆ ခုႏွစ္ ေမလမွာ ျပဳလုပ္ခဲ့တဲ့ ေရြးေကာက္ပြဲကာလ မတိုင္မီမွာလဲ ေရြးေကာက္ပြဲနဲ႔ ဆက္ႏြယ္တဲ့ အၾကမ္းဖက္မွုေတြေၾကာင့္ ဒါဇင္နဲ႔ခ်ီတဲ့ လူေတြ အသတ္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒုတာေတးသမၼတျဖစ္လာၿပီးေနာက္ပိုင္းမွာ မစၥတာဟီလီလီ အပါအဝင္ အနည္းဆုံး ၿမိဳ႕ေတာ္ဝန္ ၁၀ ဦး လုပ္ႀကံသတ္ျဖတ္ခံခဲ့ရၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

ေရြးေကာက္ပြဲ မတိုင္မီကာလနဲ႔ ေရြးေကာက္ပြဲၿပီးငာလာေတြမွာ မသကၤာတဲ့ လွုပ္ရွားမွုေတြကို ေစာင့္ၾကည့္ေနပါတယ္လို႔ ရဲမွူႀကီး ေအာ္စကာ အယ္လ္ဘာရာေလး က ေျပာဆိုခဲ့ပါတယ္။ သမၼတ ဒူတာေတးက နိုင္ငံေရးသမားေတြကို “မူးယစ္ေဆးဝါးနဲ႔ ပက္သက္မွုေတြကို ရပ္ပစ္ပါ၊ မရပ္ပဲဆက္လုပ္ေနမယ္ဆိုရင္ က်ဴပ္ကိုယ္တိုင္ စနိုက္ပါသမားငွားၿပီး သတ္ခိုင္းရလိမ့္မယ္” လို႔ သတိေပးခဲ့ၿပီးျဖစ္ပါတယ္။

ဒူတာေတး သမၼတျဖစ္လာၿပီးေနာက္ မူးယစ္ေဆးဝါးကိစၥမ်ားကို ဦးစားေပးၿပီး တင္တင္းၾကပ္ၾကပ္ ေဆာင္ရြက္ခဲ့ရာမွာ လူေပါင္း ၄၂၀၀ ေက်ာ္ကို ရွင္းလင္းသတ္ျဖတ္ခဲ့ၿပီးျဖစ္ပါတယ္။

ဖိလစ္ပိုင္ၿမိဳ႕ေတာ္ဝန္ စပိုက္ပါနဲ႔ လုပ္ႀကံခံရ (႐ုပ္သံ)

ဖိလစိပိုင္နိုင္ငံရွိ တာနန္အူအန္ၿမိဳ႕မွ ၿမိဳ႕ေတာ္ဝန္ အန္တိုနီယိုဟာလီလီ ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔နံနက္ပိုင္းက လူျမင္ကြင္းေနရာက အခမ္းအနားတစ္ခုကို တက္ေရာက္ေနစဥ္မွာ စတိုက္ပါသမားရဲ့ လုပ္ႀကံသတ္ျဖတ္မွုကို ခံခဲ့ရၿပီး ေသနတ္ထိမွန္ ေသဆုံးခဲ့ရပါတယ္..သတင္းအျပည့္အစုံ >> https://goo.gl/yTmeZj

Posted by Popolay on Monday, August 6, 2018

 

Unicodeဖြင့်ဖတ်ရန်
ဖိလစိပိုင်နိုင်ငံရှိ တာနန်အူအန်မြို့မှ မြို့တော်ဝန် အန်တိုနီယိုဟာလီလီ ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့နံနက်ပိုင်းက လူမြင်ကွင်းနေရာက အခမ်းအနားတစ်ခုကို တက်ရောက်နေစဉ်မှာ စတိုက်ပါသမားရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပြီး သေနတ်ထိမှန် သေဆုံးခဲ့ရပါတယ်။

အဆိုပါ လုပ်ကြံမှုဟာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ လက်ချက်မကင်းဘူးလို့ စွပ်စွဲခဲ့ပါတယ်။ နောက်တစ်ရက်အကြာမှာတော့ ဒူတာတေးနဲ့ မိတ်ဖက်ဖြစ်တဲ့ ဂျန်နရယ်တီနီယို မြို့တော်ဝန် ဖာဒီနန်ဘိုတေး ကို ဆိုင်ကယ်သမားက သေနတ်နဲ့ ပစ်သတ် လုပ်ကြံခဲ့ပါတယ်။

“ရွေးကောက်ပွဲနီးလာတာကြောင့် အခုလိုကြမ်းဖက်မှုတွေ ဖြစ်လာတာပဲ” ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူ ကားလို့စ်ကွန်ဒီ က ပြောကြားခဲ့ပါတယ်။ သမ္မတဒူတာတေးအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပက်သက်ဆက်နွယ်နေတဲ့ အစိုးရအရာရှိတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်မယ်ဟု တရားဝင် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုပါတယ်။

၂၀၁၆ ခုနှစ် မေလမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ မတိုင်မီမှာလဲ ရွေးကောက်ပွဲနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒါဇင်နဲ့ချီတဲ့ လူတွေ အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒုတာတေးသမ္မတဖြစ်လာပြီးနောက်ပိုင်းမှာ မစ္စတာဟီလီလီ အပါအဝင် အနည်းဆုံး မြို့တော်ဝန် ၁၀ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ မတိုင်မီကာလနဲ့ ရွေးကောက်ပွဲပြီးငာလာတွေမှာ မသင်္ကာတဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပါတယ်လို့ ရဲမှူကြီး အော်စကာ အယ်လ်ဘာရာလေး က ပြောဆိုခဲ့ပါတယ်။ သမ္မတ ဒူတာတေးက နိုင်ငံရေးသမားတွေကို “မူးယစ်ဆေးဝါးနဲ့ ပက်သက်မှုတွေကို ရပ်ပစ်ပါ၊ မရပ်ပဲဆက်လုပ်နေမယ်ဆိုရင် ကျူပ်ကိုယ်တိုင် စနိုက်ပါသမားငှားပြီး သတ်ခိုင်းရလိမ့်မယ်” လို့ သတိပေးခဲ့ပြီးဖြစ်ပါတယ်။

ဒူတာတေး သမ္မတဖြစ်လာပြီးနောက် မူးယစ်ဆေးဝါးကိစ္စများကို ဦးစားပေးပြီး တင်တင်းကြပ်ကြပ် ဆောင်ရွက်ခဲ့ရာမှာ လူပေါင်း ၄၂၀၀ ကျော်ကို ရှင်းလင်းသတ်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။
Credit: POPOLAY