Zawgyiျဖင့္ဖတ္ရန္
HIV ကူးစက္ခံကေလးမ်ား ရန္ပံုေငြအတြက္ ျမန္မာ႔လက္ေ၀ွ႔ အလြတ္တန္းခ်န္ပီယံ ေဒ၀ (Dave Leduc) က မိမိ ကိုယ္ကိုကာကြယ္ႏုိင္ရန္ဆိုသည့္ လက္ေ၀ွ႔တိုက္ကြက္မ်ားကို အခေၾကးေငြျဖင့္ ၾသဂုတ္လ ၂၁ ရက္ေန႔ ညပိုင္းက ၂ နာရီၾကာ လက္ေ၀ွ႔ေလ့က်င့္ေပးခဲ့သည္။

ရန္ကုန္ၿမိဳ႕ ျမန္မာပလာဇာရွိ Power House Fitness Club တြင္ ၾသဂုတ္လ ၂၁ ရက္ေန႔ ညေန ၆ နာရီခြဲမွ ည ၈ နာရီအထိ ၁ နာရီခြဲၾကာ ေလ႔က်င့္ေပးခဲ့ၿပီးေနာက္ အဆိုပါ လက္ေ၀ွ႔ေလ့က်င့္မႈ ရရိွလာသည့္ေငြမ်ားကို ေအ့စင္တာရိွ ကူးစက္ခံကေလးငယ္မ်ားသို႔ လွဴဒါန္းသြား ရန္ ရည္ရြယ္က်င္းပျခင္းလည္း ျဖစ္သည္။

“ပထမဆံုးသြားခဲ႔တဲ႔လွဴဒါန္းမႈက ရန္ကုန္နဲ႔နည္းနည္းေ၀းတဲ႔ေနရာက ဒီ NLD ေအ့စ္ဒ္စင္တာပါ။ ကၽြန္ေတာ့ အမ်ိဳးသမီးနဲ႔သြားခဲ႔တုန္းက အဲဒီက ကေလးေတြက အရမ္းခ်စ္စရာေကာင္းၿပီး ေမးခြန္းေတြေမးၾကပါတယ္။ ကၽြန္ေတာ္တို႔တတ္ႏုိင္တာေတြ လွဴခဲ႔ၿပီး အဲဒီကျပန္လာခဲ႔ပါတယ္။ အခု ကၽြန္ေတာ္က ေလးထပ္ကြမ္းခ်န္ပီယံ ျဖစ္ေနပါၿပီ။ ကၽြန္ေတာ္ျမန္မာႏိုင္ငံကလူေတြအတြက္ ပိုကူညီႏိုင္ပါၿပီ။ ကၽြန္ေတာ္တို႔ရရွိလာတဲ႔ပိုက္ဆံေတြ အျမတ္ေငြေတြအားလုံးကို NLD ေအ့စ္ဒ္စင္တာကိုလွဴဖို႔ ကၽြန္ေတာ္တို႔ ဆံုးျဖတ္ခဲ႔ပါတယ္။ အဲဒီက ကေလးေတြ ကို တတ္ႏုိင္သေလာက္ ကူညီခ်င္တဲ႔အတြက္ပါ။ ” ဟု ျမန္မာ႔လက္ေ၀ွ႔အလြတ္တန္းခ်န္ပီယံ ေဒ၀ က ေျပာသည္။

ေဒ၀ႏွင့္ လက္ေ၀ွ႔ေလ႔က်င့္မႈတြင္ လူ ၂၇ ဦး ပါ၀င္ခဲ႔ၿပီး Fitness Club ၏ အဖြဲ႕၀င္မဟုတ္သူမ်ားကို တစ္ဦးလွ်င္ က်ပ္ ၁၅၀၀၀ ေကာက္ခံခဲ့ၿပီး ေအ့စ္ဒ္စင္တာသို႔ ယင္းညမွာပင္ ရရွိလာသည့္ ေငြ က်ပ္ သံုးသိန္းခြဲကို လွဴဒါန္းခဲ႔သည္။

လက္ေ၀ွ႔ခ်န္ပီယံ ေဒ၀ သည္ ၂၀၁၆ ခုႏွစ္မွစ၍ ျမန္မာ႔လက္ေ၀ွ႔ခ်န္ပီယံျဖစ္လာခဲ့ၿပီး သူ႔၏ရည္မွန္းခ်က္မွာ ကမၻာေပၚတြင္ လက္ေ၀ွ႔ကိုလူသိမ်ားလာေစရန္ႏွင့္ လက္ေ၀ွ႔ ကစားႏုိင္ၾကေစရန္ ျဖစ္ေၾကာင္း သူက ေျပာသည္။

ၿပီးခဲ႔သည့္ ၾသဂုတ္လ ၁၉ ရက္ေန႔က ျမန္မာ႔လက္ေ၀ွ႔ ကမၻာ႔ခ်န္ပီယံရွစ္ၿပိဳင္ပြဲ၌ ျမန္မာႏုိင္ငံကိုယ္စားျပဳကာ ေဒ၀ (Dave) က ထိုင္းႏုိင္ငံသား ဒီစဲလက္ကို အႏိုင္ယူကာ ခ်န္ပီယံဆုကို ကာကြယ္ထားႏုိင္ခဲ့သည္။
Unicodeဖြင့်ဖတ်ရန်
HIV ကူးစက်ခံကလေးများ ရန်ပုံငွေအတွက် မြန်မာ့လက်ဝှေ့ အလွတ်တန်းချန်ပီယံ ဒေ၀ (Dave Leduc) က မိမိ ကိုယ်ကိုကာကွယ်နိုင်ရန်ဆိုသည့် လက်ဝှေ့တိုက်ကွက်များကို အခကြေးငွေဖြင့် သြဂုတ်လ ၂၁ ရက်နေ့ ညပိုင်းက ၂ နာရီကြာ လက်ဝှေ့လေ့ကျင့်ပေးခဲ့သည်။

ရန်ကုန်မြို့ မြန်မာပလာဇာရှိ Power House Fitness Club တွင် သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲမှ ည ၈ နာရီအထိ ၁ နာရီခွဲကြာ လေ့ကျင့်ပေးခဲ့ပြီးနောက် အဆိုပါ လက်ဝှေ့လေ့ကျင့်မှု ရရှိလာသည့်ငွေများကို အေ့စင်တာရှိ ကူးစက်ခံကလေးငယ်များသို့ လှူဒါန်းသွား ရန် ရည်ရွယ်ကျင်းပခြင်းလည်း ဖြစ်သည်။

“ပထမဆုံးသွားခဲ့တဲ့လှူဒါန်းမှုက ရန်ကုန်နဲ့နည်းနည်းဝေးတဲ့နေရာက ဒီ NLD အေ့စ်ဒ်စင်တာပါ။ ကျွန်တော့ အမျိုးသမီးနဲ့သွားခဲ့တုန်းက အဲဒီက ကလေးတွေက အရမ်းချစ်စရာကောင်းပြီး မေးခွန်းတွေမေးကြပါတယ်။ ကျွန်တော်တို့တတ်နိုင်တာတွေ လှူခဲ့ပြီး အဲဒီကပြန်လာခဲ့ပါတယ်။ အခု ကျွန်တော်က လေးထပ်ကွမ်းချန်ပီယံ ဖြစ်နေပါပြီ။ ကျွန်တော်မြန်မာနိုင်ငံကလူတွေအတွက် ပိုကူညီနိုင်ပါပြီ။ ကျွန်တော်တို့ရရှိလာတဲ့ပိုက်ဆံတွေ အမြတ်ငွေတွေအားလုံးကို NLD အေ့စ်ဒ်စင်တာကိုလှူဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီက ကလေးတွေ ကို တတ်နိုင်သလောက် ကူညီချင်တဲ့အတွက်ပါ။ ” ဟု မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံ ဒေ၀ က ပြောသည်။

ဒေဝနှင့် လက်ဝှေ့လေ့ကျင့်မှုတွင် လူ ၂၇ ဦး ပါဝင်ခဲ့ပြီး Fitness Club ၏ အဖွဲ့ဝင်မဟုတ်သူများကို တစ်ဦးလျှင် ကျပ် ၁၅၀၀၀ ကောက်ခံခဲ့ပြီး အေ့စ်ဒ်စင်တာသို့ ယင်းညမှာပင် ရရှိလာသည့် ငွေ ကျပ် သုံးသိန်းခွဲကို လှူဒါန်းခဲ့သည်။

လက်ဝှေ့ချန်ပီယံ ဒေ၀ သည် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့လက်ဝှေ့ချန်ပီယံဖြစ်လာခဲ့ပြီး သူ့၏ရည်မှန်းချက်မှာ ကမ္ဘာပေါ်တွင် လက်ဝှေ့ကိုလူသိများလာစေရန်နှင့် လက်ဝှေ့ ကစားနိုင်ကြစေရန် ဖြစ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုကာ ဒေ၀ (Dave) က ထိုင်းနိုင်ငံသား ဒီစဲလက်ကို အနိုင်ယူကာ ချန်ပီယံဆုကို ကာကွယ်ထားနိုင်ခဲ့သည်။
Credit: Mizzima