Zawgyiဖြင့်ဖတ်ရန်

စူးရှထက် တရားစွဲတယ်တဲ့လား ဟုတ်တာကိုပြောပါ

Posted by Zar Chi on Tuesday, August 14, 2018

 





Unicodeဖြင့်ဖတ်ရန်

အဆိုတော်အစ္စဏီကို တရားစွဲဆိုထားတဲ့ မော်ဒယ်စူးရှထက်တစ်ယောက် အဆိုတော် ယုန်လေးကိုလည်း ထပ်မံတရားစွဲဆိုခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပါတယ်။ (စူရှထက် ကြမ်းထားတဲ့ live ကိုအောက်တွင်တွဲတင်ပေးထားသည်)

ဒီကိစ္စကို ယုန်လေးကိုယ်တိုင် သေချာမ သိသေးပေမယ့် စူးရှထက်ကတော့ သူမရဲ့လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် ယုန်လေးကို တရားစွဲဆိုထားကြောင်း ပရိသတ်တွေကို အတည်ပြုပြောကြားခဲ့ပါတယ် ။

ဒီအဖြစ်ပျက်နဲ့ပတ်သတ်ပြီး အမှုကိစ္စကို နှစ်ဦးနှစ်ဖက် ပြေလည်မှု ရသွားအောင် ကြားထဲကကူညီပြီး ဖျန်ဖြေပေးခဲ့တယ်လို့ဆိုပါတယ် ။ ဘာ့ကြောင့် သူ့ကိုတရားစွဲဆိုလည်း ဆိုတာကိုတော့ ယုန်လေး တစ်ယောက် ခုချိန်ထိ မသိသေးပါဘူး ။

ဒါပေမယ့် အဆိုတော် ယုန်လေးဟာ လူချစ်ခင်ပေါပြီး အနုပညာ အပေါင်းသင်းများတဲ့ သူတစ်ယောက် ဖြစ်တဲ့ အလျောက် အနုပညာရှင်တော်တော်များများက သူ့အတွက် စိတ်ပူပေးနေကြပါတယ် ။

ပိုင်ဇေရဲထွန်း ၊ ဆုပန်ထွာ ၊ တိုင်ရွန် နဲ့ဇော်ဇော် အပါဝင် တခြားအနုပညာရှင် တော် တော်များများက စိတ်ပူပီးမေးမြန်းနေကြတာ ကိုတွေ့ရပါတယ် ။

ဘာတွေဆက်ဖြစ်မလဲ ဆိုတာတော့ ပရိသတ်ကြီးလည်း အရမ်းကို စိတ်ဝင်စားနေကြမယ် ထင်ပါတယ် ။ ယုန်လေးအတွက် စိတ်ပူပေးနေကြတဲ့ အနုပညာရှင်တွေလည်းမ ကြာခင် အချိန်အတွင်းမှာ အကြောင်းရင်းအမှန်ကို သိရတော့မယ်လို့ထင်ပါတယ် ။
Credit: Shwe Myanmartoday