Zawgyiျဖင့္ဖတ္ရန္

ရည္းစားေဟာင္းကို အဓမၼက်င့္မႈနဲ႔ တရားစြဲဆုိခံထားရတဲ့ အဆုိေတာ္ အစၥဏီကို မွာ ယေန႔မွာေတာ့ ၁၁ ၾကိမ္ေျမာက္ ရံုးခ်ိန္းကို တာေမြ ၿမိဳ႕နယ္တရားရံုးမွာ ႐ံုးထုတ္စစ္ေဆးဖုိ႔ ေရာက္ရွိလာခဲ့ပါတယ္။ သူဟာ တျခားရံုးခ်ိန္းေတြမွာ လာေရာက္ခဲ့သလို ၿပံုးရႊင္မေနဘဲ ေနမေကာင္းတဲ့ ပံုေပၚေနပါတယ္။

သူဟာ အရင္ထဲက အသက္ရႈ႕ၾကပ္တဲ့ ေရာဂါရွိေနၿပီး ယခုလဲ ေနမေကာင္းျဖစ္ေနတာ ၃ ပတ္ေလာက္ရွိေနၿပီး ခုရက္ပိုင္းေတာ့ ပိုဆိုးေနတဲ့ ပံုေပါက္ေနပါတယ္။သူက ပဲနဲ႔ မတည့္တာရယ္၊ေရအခက္အခဲေတြရယ္ အစားအေသာက္ အဆင္မေျပတာေတြရယ္ေၾကာင့္ ေနမေကာင္းျဖစ္တာလို႔လဲ သိရပါတယ္။ က်န္းမာေရးမေကာင္းေပမယ့္လဲ ၁၁ၾကိမ္ေျမာက္ ရံုးခ်ိန္ကိုမပ်က္မကြက္ တက္ေရာက္ခဲ့ပါတယ္။

သို႔ေပမယ့္လဲ ႐ံုးေျပာင္းစစ္ေဆးဖို႔ ေလွ်ာက္ထားတဲ့ တရားလိုျဖစ္သူ စူးရွထက္က ဒီေန႔ ႐ံုးခ်ိန္းကို တက္ေရာက္လာျခင္းမရွိခဲ့တဲ့အျပင္ တရားလိုရဲ႕ ေရွ႕ေနျဖစ္သူလဲ တက္ေရာက္ခဲ့ျခင္း မရွိပါဘူး ။ အဆိုပါ ႐ံုးေျပာင္းစစ္ေဆးဖုိ႔ ေလွ်ာက္ထားမႈနဲ႔ ပတ္သက္ၿပီး လက္ခံမႈရွိမရွိ ကို ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ံုးမွာ ၾသဂုတ္လ ၃ ရက္ေန႔မွာ အမိန္႔ခ်မွတ္ သြားမယ္လို႔လဲ သိရပါတယ္။ အစၥဏီဟာ ရည္းစားေဟာင္းကို အဓမၼက်င့္ႏွိပ္စက္မႈနဲ႔ တရားစြဲဆုိခံထားရတာ ျဖစ္ၿပီး အဆိုပါအမႈ နဲ႔ အက်ဥ္းက်ခံထားရတာဟာ ၄ လျပည့္ေတာ့မွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ပရိသတ္ေတြကလဲ သူ႔ကို အမႈမွန္ေပၚေပါက္ေစခ်င္ၾကၿပီး အဆိုေတာ္အစၥဏီကုိ တာေမြၿမိဳ႕မရဲစခန္းကေန (ပ) ၃၆၂/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ္းမႈ၊ တံုးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ၊ ခၽြန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈတိုနဲ႔ အမႈဖြင့္အေရးယူခဲ့ၿပီး ေမလ ၁၀ ရက္ေန႔မွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။

Source – Duwun’s fb,

Unicodeဖြင့်ဖတ်ရန်

ရည်းစားဟောင်းကို အဓမ္မကျင့်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီကို မှာ ယနေ့မှာတော့ ၁၁ ကြိမ်မြောက် ရုံးချိန်းကို တာမွေ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ ရောက်ရှိလာခဲ့ပါတယ်။ သူဟာ တခြားရုံးချိန်းတွေမှာ လာရောက်ခဲ့သလို ပြုံးရွှင်မနေဘဲ နေမကောင်းတဲ့ ပုံပေါ်နေပါတယ်။

သူဟာ အရင်ထဲက အသက်ရှု့ကြပ်တဲ့ ရောဂါရှိနေပြီး ယခုလဲ နေမကောင်းဖြစ်နေတာ ၃ ပတ်လောက်ရှိနေပြီး ခုရက်ပိုင်းတော့ ပိုဆိုးနေတဲ့ ပုံပေါက်နေပါတယ်။သူက ပဲနဲ့ မတည့်တာရယ်၊ရေအခက်အခဲတွေရယ် အစားအသောက် အဆင်မပြေတာတွေရယ်ကြောင့် နေမကောင်းဖြစ်တာလို့လဲ သိရပါတယ်။ ကျန်းမာရေးမကောင်းပေမယ့်လဲ ၁၁ကြိမ်မြောက် ရုံးချိန်ကိုမပျက်မကွက် တက်ရောက်ခဲ့ပါတယ်။

သို့ပေမယ့်လဲ ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားတဲ့ တရားလိုဖြစ်သူ စူးရှထက်က ဒီနေ့ ရုံးချိန်းကို တက်ရောက်လာခြင်းမရှိခဲ့တဲ့အပြင် တရားလိုရဲ့ ရှေ့နေဖြစ်သူလဲ တက်ရောက်ခဲ့ခြင်း မရှိပါဘူး ။ အဆိုပါ ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားမှုနဲ့ ပတ်သက်ပြီး လက်ခံမှုရှိမရှိ ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ သြဂုတ်လ ၃ ရက်နေ့မှာ အမိန့်ချမှတ် သွားမယ်လို့လဲ သိရပါတယ်။ အစ္စဏီဟာ ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပြီး အဆိုပါအမှု နဲ့ အကျဉ်းကျခံထားရတာဟာ ၄ လပြည့်တော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ပရိသတ်တွေကလဲ သူ့ကို အမှုမှန်ပေါ်ပေါက်စေချင်ကြပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Source – Duwun’s fb,

Credit: mmfeed