Zawgyiဖြင့်ဖတ်ရန်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရိုးခွရွာထိပ်အနီး၌ သြဂုတ် ၁၈ ရက် မွန်းလွဲ ၃နာရီအချိန်က ယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေး သစ်ပင်အား ဝင်တိုက်မိပြီး ရေမြောင်းအတွင်းသို့ ထပ်မံထိုး ကျ သွားသောကြောင့် ယာဉ်မောင်းမှာ(ပြင်ပလူနာ)အခြေအနေနှင့် ၄င်းယာဉ်ပေါ်ပါ လူ (၄) ဦးတို့မှာ အခင်း ဖြစ် နေရာတွင် သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ထန်းတပင်မြို့မရဲစခန်းမှသိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ထန်းတပင် – သီတာအေးလမ်းအတိုင်း ထန်းတပင်ဘက်သို့ ယာဉ်မောင်း ဇော်မင်းထိုက် (၃၅)နှစ် မောင်းနှင်လာသော (6k/—–) HILUX SURF ခဲရောင်(ပိုင်)ယာဉ်သည် ရိုးခွရွာထိပ်အနီး အရောက်တွင် အရှိန်လွန်ကာလမ်းဘေး သစ်ပင်အား တိုက်မိ၍ ရေမြောင်းအတွင်းသို့ထပ်မံထိုးကျ သွားသဖြင့် ယာဉ်ပျက်စီးပြီး ယာဉ်မောင်းဇော်မင်းထိုက်(၃၅)နှစ် (ပြင်ပလူနာ) နှင့် ၄င်းယာဉ်ပေါ်ပါ စံကင်းကြီးကျေးရွာနေသူ ကိုနိုင်လင်း(၄၀)နှစ်နှင့် ကိုဇော်မြင့်(၄၇)နှစ်၊ အတွင်းရေကျော်ကျေးရွာနေသူ ဦးကြည်ဝင်း (၅၆) နှစ်နှင့် ကိုခင်မောင်ဝင်း (၄၇)နှစ် လေးဦးတို့တွင် ဒဏ်ရာအသီးသီးရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ ကြောင်းသိရသည်။


Unicodeဖြင့်ဖတ်ရန်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရိုးခွရွာထိပ်အနီး၌ သြဂုတ် ၁၈ ရက် မွန်းလွဲ ၃နာရီအချိန်က ယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေး သစ်ပင်အား ဝင်တိုက်မိပြီး ရေမြောင်းအတွင်းသို့ ထပ်မံထိုး ကျ သွားသောကြောင့် ယာဉ်မောင်းမှာ(ပြင်ပလူနာ)အခြေအနေနှင့် ၎င်းယာဉ်ပေါ်ပါ လူ (၄) ဦးတို့မှာ အခင်း ဖြစ် နေရာတွင် သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ထန်းတပင်မြို့မရဲစခန်းမှသိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ထန်းတပင် – သီတာအေးလမ်းအတိုင်း ထန်းတပင်ဘက်သို့ ယာဉ်မောင်း ဇော်မင်းထိုက် (၃၅)နှစ် မောင်းနှင်လာသော (6k/—–) HILUX SURF ခဲရောင်(ပိုင်)ယာဉ်သည် ရိုးခွရွာထိပ်အနီး အရောက်တွင် အရှိန်လွန်ကာလမ်းဘေး သစ်ပင်အား တိုက်မိ၍ ရေမြောင်းအတွင်းသို့ထပ်မံထိုးကျ သွားသဖြင့် ယာဉ်ပျက်စီးပြီး ယာဉ်မောင်းဇော်မင်းထိုက်(၃၅)နှစ် (ပြင်ပလူနာ) နှင့် ၎င်းယာဉ်ပေါ်ပါ စံကင်းကြီးကျေးရွာနေသူ ကိုနိုင်လင်း(၄၀)နှစ်နှင့် ကိုဇော်မြင့်(၄၇)နှစ်၊ အတွင်းရေကျော်ကျေးရွာနေသူ ဦးကြည်ဝင်း (၅၆) နှစ်နှင့် ကိုခင်မောင်ဝင်း (၄၇)နှစ် လေးဦးတို့တွင် ဒဏ်ရာအသီးသီးရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ ကြောင်းသိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဇော်မင်းထိုက်(၃၅)နှစ် အမ္မတီကျေးရွာ၊ တွံတေးမြို့နေသူကို ထန်းတပင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်စဉ်နေရာသို့ ထန်းတပင်မြို့နယ် မီးသတ်စခန်းမှ စခန်းတာဝန်ခံ ဒုတိယ မီးသတ် ဦးစီးမှူး ဦးမိုးမင်းအောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်ငါးဦးတို့မှ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ကြပြီး ဒဏ်ရာရရှိ သူတစ်ဦးကို ထန်းတပင်စေတနာ နာရေးကူညီမှု အသင်းမှ ကားဖြင့် ထန်းတပင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြပြီး အခင်းဖြစ်နေရာတွင် သေဆုံးသူ လေးဦးတို့ကို အင်းစိန်ဆေးရုံသို့ထပ်မံ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

Credit: ဇင်မင်းထိုက်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/