Zawgyiျဖင့္ဖတ္ရန္

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ၾကီးၿမိဳ႕ရွိ ေဝဠဳဝန္ေက်ာင္းတိုက္က အသက္(၁၂)ႏွစ္အရြယ္ ကိုရင္ေလး(၁)ပါး ဆုံဆို႔နာေရာဂါေၾကာင့္ ၾသဂုတ္လ(၈)ရက္က ပ်ံလြန္ေတာ္မူသြားခဲ့ၿပီး အဲဒီေက်ာင္းတိုက္က ကိုရင္(၁၆)ပါးမွာလည္း ဆုံဆို႔နာေရာဂါကူးစက္ခံရတာေၾကာင့္ ေတာင္ၾကီးၿမိဳ႕၊ အမ်ဳိးသမီးႏွင့္ကေလးေဆးရုံၾကီးမွာ ေဆးဝါး ကုသမႈေတြ ခံယူေနရတယ္လို႔ သိရပါတယ္။

အဲဒီကိုရင္ေလးဟာ အမ်ဳိးသမီးႏွင့္ကေလးေဆးရုံကို ေရာဂါကၽြမ္းမွ ေရာက္ရွိလာခဲ့တာ ျဖစ္တယ္။ အခုလိုျဖစ္ရတာဟာ ငယ္စဥ္က အေၾကာင္းေၾကာင္းေၾကာင့္ ကာကြယ္ေဆးမထိုးခဲ့ရတာေၾကာင့္ ျဖစ္ၿပီး ေမြးကင္းစကေလးေတြကို ထိုးေပးေနတဲ့ ကာကြယ္ေဆးေတြ ကုိ ပုံမွန္ထိုးပါက ေရာဂါကိုကာကြယ္ၿပီးသား ျဖစ္တယ္လို႔ ေတာင္ၾကီးၿမိဳ႕၊ အမ်ဳိးသမီးႏွင့္ကေလးေဆးရုံၾကီး ေမြးကင္းစႏွင့္ ကေလးၾကီးကုသေဆာင္က ပါေမာကၡဌာနမွဴးေဒါက္တာ ေဒၚတင္မိုးျဖဴက ေျပာပါတယ္။

ပ်ံလြန္ေတာ္မူသြားခဲ့တဲ့ ကုိရင္ေလးဟာ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုင္းရယ္ၿမိဳ႕နယ္၊ ကုန္းလႈိင္းရြာက ေဝဠဳဝန္ေက်ာင္းတိုက္မွာ ကိုရင္ဝတ္ေနတဲ့ ကိုရင္တစ္ပါးျဖစ္ၿပီး အခုလိုျဖစ္ရတာဟာ ငယ္စဥ္က ေရာဂါကာကြယ္ေဆးမထိုးခဲ့ရတာေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ေဝဠဳဝန္ေက်ာင္းတိုက္က အရွင္ဇိေနာဝါဒက သုံးသပ္မိန္႔ၾကားခဲ့ပါတယ္။

ဆုံဆို႔နာေရာဂါကူးစက္ခံရတဲ့ လကၡဏာေတြေတြ႕ရွိရတဲ့ ကိုရင္(၁၆)ပါးမွာလည္း အမ်ဳိးသမီးႏွင့္ကေလးေဆးရုံၾကီးမွာ လိုအပ္တဲ့ ေဆးဝါးကုသမႈေတြ ခံယူၿပီးေနာက္ အခုခ်ိန္မွာ သက္သာလာၿပီျဖစ္တဲ့အတြက္ ေဆးရုံကဆင္းဖို႔ အဆင္သင့္ျဖစ္ ေနၿပီလို႔ ေတာင္ၾကီးၿမိဳ႕၊ အမ်ဳိးသမီးႏွင့္ကေလးေဆးရုံၾကီး ေမြးကင္းစႏွင့္ကေလးၾကီးကုသေဆာင္က ပါေမာကၡဌာနမွဴး ေဒါက္တာေဒၚတင္မိုးျဖဴက ေျပာၾကားခဲ့ပါတယ္။

ဆုံဆို႔နာေရာဂါဟာ ဘက္တီးရီးယားပိုးတစ္မ်ဳိးေၾကာင့္ ျဖစ္ၿပီး ေရာဂါရွိသူရဲ႕ တံေတြး၊ႏွာရည္နဲ႔ေလထဲက တစ္ဆင့္ကူးစက္ႏိုင္ တယ္လုိ႔ သိရပါတယ္။ အမ်ားစုမွာ ကေလးအရြယ္ေတြမွာ ျဖစ္တတ္ၿပီး အသက္(၁၁)ႏွစ္ကေန (၁၈)ႏွစ္အရြယ္ေတြမွာလည္း ျဖစ္ပြားတတ္တယ္လို႔ သိရပါတယ္။

အဲဒီျဖစ္စဥ္ေၾကာင့္ ျပည္နယ္အဆင့္၊ ျမိဳ႕နယ္အဆင့္ က်န္းမာေရး ဌာနက တာဝန္ရွိသူေတြက ၾသဂုတ္လ(၁၀)ရက္မွာ ေဝဠဳဝန္ ေက်ာင္းတိုက္မွာရွိတဲ့ သံဃာေတာ္ေတြနဲ႔ ေဝယ်ာဝစၥ လုပ္ကိုင္ေပးေန ၾကတဲ့သူေတြကို ကာကြယ္ေဆးေတြလာေရာက္ထိုးေပးခဲ့တယ္လို႔ သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်က အသက်(၁၂)နှစ်အရွယ် ကိုရင်လေး(၁)ပါး ဆုံဆို့နာရောဂါကြောင့် သြဂုတ်လ(၈)ရက်က ပျံလွန်တော်မူသွားခဲ့ပြီး အဲဒီကျောင်းတိုက်က ကိုရင်(၁၆)ပါးမှာလည်း ဆုံဆို့နာရောဂါကူးစက်ခံရတာကြောင့် တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှာ ဆေးဝါး ကုသမှုတွေ ခံယူနေရတယ်လို့ သိရပါတယ်။

အဲဒီကိုရင်လေးဟာ အမျိုးသမီးနှင့်ကလေးဆေးရုံကို ရောဂါကျွမ်းမှ ရောက်ရှိလာခဲ့တာ ဖြစ်တယ်။ အခုလိုဖြစ်ရတာဟာ ငယ်စဉ်က အကြောင်းကြောင်းကြောင့် ကာကွယ်ဆေးမထိုးခဲ့ရတာကြောင့် ဖြစ်ပြီး မွေးကင်းစကလေးတွေကို ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေ ကို ပုံမှန်ထိုးပါက ရောဂါကိုကာကွယ်ပြီးသား ဖြစ်တယ်လို့ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး မွေးကင်းစနှင့် ကလေးကြီးကုသဆောင်က ပါမောက္ခဌာနမှူးဒေါက်တာ ဒေါ်တင်မိုးဖြူက ပြောပါတယ်။

ပျံလွန်တော်မူသွားခဲ့တဲ့ ကိုရင်လေးဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ ကုန်းလှိုင်းရွာက ဝေဠုဝန်ကျောင်းတိုက်မှာ ကိုရင်ဝတ်နေတဲ့ ကိုရင်တစ်ပါးဖြစ်ပြီး အခုလိုဖြစ်ရတာဟာ ငယ်စဉ်က ရောဂါကာကွယ်ဆေးမထိုးခဲ့ရတာကြောင့် ဖြစ်နိုင်ကြောင်း ဝေဠုဝန်ကျောင်းတိုက်က အရှင်ဇိနောဝါဒက သုံးသပ်မိန့်ကြားခဲ့ပါတယ်။

ဆုံဆို့နာရောဂါကူးစက်ခံရတဲ့ လက္ခဏာတွေတွေ့ရှိရတဲ့ ကိုရင်(၁၆)ပါးမှာလည်း အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူပြီးနောက် အခုချိန်မှာ သက်သာလာပြီဖြစ်တဲ့အတွက် ဆေးရုံကဆင်းဖို့ အဆင်သင့်ဖြစ် နေပြီလို့ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး မွေးကင်းစနှင့်ကလေးကြီးကုသဆောင်က ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်တင်မိုးဖြူက ပြောကြားခဲ့ပါတယ်။

ဆုံဆို့နာရောဂါဟာ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ပြီး ရောဂါရှိသူရဲ့ တံတွေး၊နှာရည်နဲ့လေထဲက တစ်ဆင့်ကူးစက်နိုင် တယ်လို့ သိရပါတယ်။ အများစုမှာ ကလေးအရွယ်တွေမှာ ဖြစ်တတ်ပြီး အသက်(၁၁)နှစ်ကနေ (၁၈)နှစ်အရွယ်တွေမှာလည်း ဖြစ်ပွားတတ်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေက သြဂုတ်လ(၁၀)ရက်မှာ ဝေဠုဝန် ကျောင်းတိုက်မှာရှိတဲ့ သံဃာတော်တွေနဲ့ ဝေယျာဝစ္စ လုပ်ကိုင်ပေးနေ ကြတဲ့သူတွေကို ကာကွယ်ဆေးတွေလာရောက်ထိုးပေးခဲ့တယ်လို့ သိရပါတယ်။
Credit: သန်းထိုက်အောင်နှင့် ဇော်မိုးဦး
One News Myanmar
https://www.facebook.com/onenewsmyan