Zawgyiျဖင့္ဖတ္ရန္

သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္က သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္ကို လာဟက္ေနတဲ့သူကို ေမးခြန္းျပန္ထုတ္လိုက္ပါတယ္။ အခုလက္ရွိမွာ သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္ကို ခဏခဏ လာလာဟက္ေနၾကတာေတြ႕ရပါတယ္။ ဒီေန႔(ၾသဂုတ္လ၂၈ရက္)မွာလည္း သူမရဲ႕ ေဖစ့္ဘြတ္အေကာင့္ကို လာဟက္ေနတယ္ဆိုၿပီး သင္ဇာဝင့္ေက်ာ္က ပို႔စ္တစ္ခု တင္ခဲ့ပါတယ္။အေကာင့္ဟက္ခံေနရတဲ့အေၾကာင္း ပို႔စ္တင္ရင္း ဟက္ကာေတြကို ေမးခြန္းျပန္ထုတ္လိုက္ပါတယ္။

“ဟက္ျပန္ၿပီ အားေနလား” ဆိုၿပီး သင္ဇာဝင့္ေက်ာ္က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ၾသဂုတ္လ(၂၈) ရက္ေန႔က ေရးသားထားတာေတြ႕ရပါတယ္။ သူမရဲ႕ ပရိသတ္ေတြလည္း သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္ကို လာလာဟက္ေနတဲ့ ဟက္ကာေတြကို စိတ္ဆိုးေနၾကတာေတြ႕ရပါတယ္။


သင္ဇာဝင့္ေက်ာ္ဟာ လက္ရွိမွာ ေၾကာ္ျငာ႐ိုက္ကူးမႈေတြ လုပ္ေနသလို ဇာတ္ကားေတြလည္း ႐ိုက္ကူးလ်က္ရွိပါတယ္။ သင္ဇာဝင့္ေက်ာ္ဟာ ခႏၶာကိုယ္ အသားေပးတဲ့ အလွဓာတ္ပုံေတာ္ေတာ္မ်ားမ်ားကို social Media ေပၚ တင္ျဖစ္သူပါ။ လွပတဲ့ သူမရဲ႕ ခႏၶာကိုယ္ကို ေပၚလြင္ေစမယ့္ အဝတ္အစားမ်ိဳးေတြ ေရကူးဝတ္စုံမ်ိဳးေတြကို ဝတ္ၿပီး Social Media ေပၚ တင္ေလ့ရွိပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္လည္း ဇာေဘာ္လီ ေၾကာ္ျငာ႐ိုက္ကြင္းက သင္ဇာရဲ႕ ဓာတ္ပုံေလးေတြဟာလည္း ပရိသတ္ေတြၾကားထဲ ေရပန္းစားလို႔ ေနခဲ့ပါေသးတယ္။

သူမဟာ အဝတ္အစားပိုင္းနဲ႔ ပတ္သက္လာရင္ Sexy ဘက္သြားတဲ့ပုံစံမ်ိဳးကို ႀကိဳက္တာေၾကာင့္ အဲ့လိုပုံစံမ်ိဳး ပိုၿပီး ဝတ္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

“အဓိကက ကိုယ္လည္း Comfortable ျဖစ္မယ့္ဟာ..ၿပီးရင္ ဘယ္သူမွလည္း သိပ္မဝတ္ေသးတဲ့ဟာေပါ့ေနာ္။ ၿပီးရင္ ကိုယ္နည္းနည္း ႀကိဳက္မယ့္ဟာ။ကိုယ္က Sexy ဘက္သြားတာ ႀကိဳက္ေတာ့ Sexy ဘက္သြားတာေလးေတြ ပိုဝတ္ျဖစ္ပါတယ္။” ဆိုၿပီး ဇူလိုင္ (၁၄) ရက္ေန႔Balance Fitness ဆိုင္ဖြင့္ပြဲမွာ မီဒီယာေတြကို ေျဖဆိုေပးခဲ့တာ ျဖစ္ပါတယ္။

play

သင္ဇာဝင့္ေက်ာ္ဟာ ေလ့က်င့္ခန္း ပုံမွန္လုပ္သူျဖစ္တာေၾကာင့္ ခႏၶာကိုယ္အခ်ိဳးအစားလည္း လွပေတာင့္တင္းပါတယ္။ သူ႔ရဲ႕ ခႏၶာကိုယ္ ေကာက္ေၾကာင္းအလွေၾကာင့္လည္း ဆီလီကြန္ထည့္ထားတာလား ဆိုတဲ့ ေဝဖန္မႈေတြလည္း ခံခဲ့ရတယ္ဆိုတယ္လို႔လည္း သူက ေျပာပါတယ္။

” ဆီလီကြန္ထည့္တယ္ မထည့္ဘူးဆိုတာကေတာ့ မေျပာခ်င္ပါဘူး။ ျမင္တဲ့အတိုင္းပဲ ျမင္ရင္ ျမင္တယ္လိ့ုဘဲ မွတ္ပါလို႔ေျပာခ်င္တယ္။ ဝန္းရံ လာတဲ့ ပရိသတ္ေတြကလည္း သင္ဇာ အေျပာခံေနရတာေတြကို သနားစိတ္နဲ႔ ခ်စ္ေပးၾကတယ္၊ ကိုယ္ခ်င္းစာတဲ့ စိတ္နဲ႔ ႀကိဳက္ၾကတာ ေတြ ရွိ တယ္။ အဲ့ဒီအတြက္ သင္ဇာ အရမ္းကိုေက်းဇူးတင္ပါတယ္” ဆိုၿပီးေတာ့ Duwun Media ရဲ႕ သီးသန႔္အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

play

သင္ဇာဝင့္ေက်ာ္ဟာ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဓာတ္ပုံအလန္းစားေလးေတြကို အၿမဲတမ္း တင္ျဖစ္ေနသူပါ။သင္ဇာဝင့္ေက်ာ္ကေတာ့ ေနာက္ပိုင္း မွာသူမရဲ႕ခႏၶာကိုယ္အလွအပနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ ၾကားေရပန္းစားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ အႏုပညာ လႈပ္ရွား မႈေတြ ဆက္တိုက္လုပ္ကိုင္လ်က္ ရွိပါတယ္။
Unicodeဖြင့်ဖတ်ရန်
သရုပ်ဆောင် သင်ဇာဝင့်ကျော်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို လာဟက်နေတဲ့သူကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။ အခုလက်ရှိမှာ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ခဏခဏ လာလာဟက်နေကြတာတွေ့ရပါတယ်။ ဒီနေ့(သြဂုတ်လ၂၈ရက်)မှာလည်း သူမရဲ့ ဖေစ့်ဘွတ်အကောင့်ကို လာဟက်နေတယ်ဆိုပြီး သင်ဇာဝင့်ကျော်က ပို့စ်တစ်ခု တင်ခဲ့ပါတယ်။အကောင့်ဟက်ခံနေရတဲ့အကြောင်း ပို့စ်တင်ရင်း ဟက်ကာတွေကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။

“ဟက်ပြန်ပြီ အားနေလား” ဆိုပြီး သင်ဇာဝင့်ကျော်က သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ သူမရဲ့ ပရိသတ်တွေလည်း သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို လာလာဟက်နေတဲ့ ဟက်ကာတွေကို စိတ်ဆိုးနေကြတာတွေ့ရပါတယ်။

play
သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ လုပ်နေသလို ဇာတ်ကားတွေလည်း ရိုက်ကူးလျက်ရှိပါတယ်။ သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ် အသားပေးတဲ့ အလှဓာတ်ပုံတော်တော်များများကို social Media ပေါ် တင်ဖြစ်သူပါ။ လှပတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်စေမယ့် အဝတ်အစားမျိုးတွေ ရေကူးဝတ်စုံမျိုးတွေကို ဝတ်ပြီး Social Media ပေါ် တင်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်လည်း ဇာဘော်လီ ကြော်ငြာရိုက်ကွင်းက သင်ဇာရဲ့ ဓာတ်ပုံလေးတွေဟာလည်း ပရိသတ်တွေကြားထဲ ရေပန်းစားလို့ နေခဲ့ပါသေးတယ်။

သူမဟာ အဝတ်အစားပိုင်းနဲ့ ပတ်သက်လာရင် Sexy ဘက်သွားတဲ့ပုံစံမျိုးကို ကြိုက်တာကြောင့် အဲ့လိုပုံစံမျိုး ပိုပြီး ဝတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“အဓိကက ကိုယ်လည်း Comfortable ဖြစ်မယ့်ဟာ..ပြီးရင် ဘယ်သူမှလည်း သိပ်မဝတ်သေးတဲ့ဟာပေါ့နော်။ ပြီးရင် ကိုယ်နည်းနည်း ကြိုက်မယ့်ဟာ။ကိုယ်က Sexy ဘက်သွားတာ ကြိုက်တော့ Sexy ဘက်သွားတာလေးတွေ ပိုဝတ်ဖြစ်ပါတယ်။” ဆိုပြီး ဇူလိုင် (၁၄) ရက်နေ့Balance Fitness ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

play

သင်ဇာဝင့်ကျော်ဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်သူဖြစ်တာကြောင့် ခန္ဓာကိုယ်အချိုးအစားလည်း လှပတောင့်တင်းပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှကြောင့်လည်း ဆီလီကွန်ထည့်ထားတာလား ဆိုတဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရတယ်ဆိုတယ်လို့လည်း သူက ပြောပါတယ်။

” ဆီလီကွန်ထည့်တယ် မထည့်ဘူးဆိုတာကတော့ မပြောချင်ပါဘူး။ မြင်တဲ့အတိုင်းပဲ မြင်ရင် မြင်တယ်လိ့ုဘဲ မှတ်ပါလို့ပြောချင်တယ်။ ဝန်းရံ လာတဲ့ ပရိသတ်တွေကလည်း သင်ဇာ အပြောခံနေရတာတွေကို သနားစိတ်နဲ့ ချစ်ပေးကြတယ်၊ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ ကြိုက်ကြတာ တွေ ရှိ တယ်။ အဲ့ဒီအတွက် သင်ဇာ အရမ်းကိုကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

play

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။
Credit :Duwun