Zawgyiျဖင့္ဖတ္ရန္

အေမရိကန္နုိင္ငံ အုိဟုိင္းအုိးျပည္နယ္က တ၀င္းပတ္ျမိဳ႕မွာ အမႊာခ်င္းအမႊာ လက္ထပ္ၾကတယ္လုိ့ ေဒးလီေမးလ္၀က္ပ္ဆုိက္သတင္းဌာနကၾသဂုတ္လ ၅ ရက္ေန႕ကေဖာ္ျပထားပါတယ္။

ဘရစ္နီးနဲ့ ဘရီယာနာ အသက္ ၃၂ နွစ္အမႊာမိန္းခေလးနဲ့ ေဂ်ာ့ခ်္ နဲ့ ေဂ်ေရမီ အသက္ ၃၄ နွစ္အမ ၃၄ နွစ္ အမႊာအမ်ဳိးသား ၂ ဦးတုိ့ ရုံးတက္လက္မွတ္ေရးထုိးခဲ့ၾကတာျဖစ္ပါတယ္။ အမ်ဳိးသား အမႊာညီအကုိဟာ – မိန္းခေလး အမႊာညီအမ ၂ ဦးနဲ့မေတြ႕မခ်င္း အိမ္ေထာင္ျပဳမွာမဟုတ္ဘူး- လုိ့ ငယ္ရြယ္စဥ္ကတည္းက ဆုံးျဖတ္ခ်က္ခ်ထားခဲ့ေၾကာင္း ေျပာဆုိခဲ့ၾကပါတယ္။

သူတုိ့ေတြဟာ မနွစ္တုန္းကမွ ေတြ႕ဆုံၾကျပီး ဒါဟာ သူတုိ့ရဲ့ဖူးစာရွင္ေတြဘဲ လုိ့ ခ်က္ခ်င္းခံစားမိေၾကာင္း သတင္းေထာက္ေတြကုိေျပာဆုိပါတယ္။ မဂၤလာပြဲကုိအမ်ဳိးသမီးအမႊာညီအမကဘဲစီစဥ္လုိက္တာျဖစ္ျပီး သူတုိ့ အမႊာ ညီအကုိ ညီအမစုံတြဲဟာ တအိမ္တည္းမွာ အတူေန ထုိင္သြားၾကမွာျဖစ္ေၾကာင္း ကေလးေတြရွိ လာရင္လည္း အတူတူၾကည့္ရွဳေစာင့္ေရွာက္ပ်ဳိးေထာင္သြားၾကမွာျဖစ္ေၾကာင္းေျပာဆုိလုိက္ပါတယ္။

ဒီလုိမ်ဳိးအမႊာခ်င္းအမႊာ အိမ္ေထာင္ျပဳၾကတာဟာ ကမၻာမွာ ၾကံဳေတာင့္ၾကံဳခဲ အင္မတန္ ထူးျခားတဲ့ျဖစ္စဥ္တခုျဖစ္ေၾကာင္း လူေတြကသုံးသပ္ေျပာဆုိေနၾကပါတယ္။
Unicodeဖြင့်ဖတ်ရန်
အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်က တဝင်းပတ်မြို့မှာ အမွှာချင်းအမွှာ လက်ထပ်ကြတယ်လို့ ဒေးလီမေးလ်ဝက်ပ်ဆိုက်သတင်းဌာနကသြဂုတ်လ ၅ ရက်နေ့ကဖော်ပြထားပါတယ်။

ဘရစ်နီးနဲ့ ဘရီယာနာ အသက် ၃၂ နှစ်အမွှာမိန်းခလေးနဲ့ ဂျော့ချ် နဲ့ ဂျေရေမီ အသက် ၃၄ နှစ်အမ ၃၄ နှစ် အမွှာအမျိုးသား ၂ ဦးတို့ ရုံးတက်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အမျိုးသား အမွှာညီအကိုဟာ – မိန်းခလေး အမွှာညီအမ ၂ ဦးနဲ့မတွေ့မချင်း အိမ်ထောင်ပြုမှာမဟုတ်ဘူး- လို့ ငယ်ရွယ်စဉ်ကတည်းက ဆုံးဖြတ်ချက်ချထားခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်။

သူတို့တွေဟာ မနှစ်တုန်းကမှ တွေ့ဆုံကြပြီး ဒါဟာ သူတို့ရဲ့ဖူးစာရှင်တွေဘဲ လို့ ချက်ချင်းခံစားမိကြောင်း သတင်းထောက်တွေကိုပြောဆိုပါတယ်။ မင်္ဂလာပွဲကိုအမျိုးသမီးအမွှာညီအမကဘဲစီစဉ်လိုက်တာဖြစ်ပြီး သူတို့ အမွှာ ညီအကို ညီအမစုံတွဲဟာ တအိမ်တည်းမှာ အတူနေ ထိုင်သွားကြမှာဖြစ်ကြောင်း ကလေးတွေရှိ လာရင်လည်း အတူတူကြည့်ရှုစောင့်ရှောက်ပျိုးထောင်သွားကြမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။

ဒီလိုမျိုးအမွှာချင်းအမွှာ အိမ်ထောင်ပြုကြတာဟာ ကမ္ဘာမှာ ကြုံတောင့်ကြုံခဲ အင်မတန် ထူးခြားတဲ့ဖြစ်စဉ်တခုဖြစ်ကြောင်း လူတွေကသုံးသပ်ပြောဆိုနေကြပါတယ်။
By Ezu Ezi
Source : Khao Sod
Credit:POPOLAY