Zawgyiျဖင့္ဖတ္ရန္
သာေကတၿမိဳ႕နယ္ရွိ ဟိုတယ္တစ္ခု၏ သုံးလႊာမွ ခုန္ခ်ရန္ျပဳလုပ္သည့္ အမ်ိဳးသားကို သာကေတၿမိဳ႕မရဲစခန္းက အမႈဖြင့္ထားေၾကာင္း ၾသဂုတ္ ၁၂ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ သိရသည္။

ျဖစ္စဥ္မွာ ၾသဂုတ္ ၁၁ ရက္ နံနက္ ၁၁ နာရီခြဲခန႔္က သာေကတၿမိဳ႕နယ္ (၄/ေတာင္) ရပ္ကြက္ ရႈခင္းသာလမ္းရွိ ဟိုတယ္တစ္ခု၏ သုံးလႊာ၊ ျပတင္းေပါက္မွတစ္ဆင့္ အမ်ိဳးသားတစ္ဦး ဆူပူေသာင္းက်န္းကာ ေအာက္သို႔ ခုန္ခ်ရန္ျပဳလုပ္ေနေၾကာင္း သိရသျဖင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ရာ အဆိုပါအမ်ိဳးသားမွာ ျပတင္းေပါက္မွ ေက်ာ္ၿပီး ေအာက္ဘက္ရွိ ေလကာ ေပါင္တန္းေပၚတြင္ မတ္တတ္ရပ္လ်က္ ေအာက္သို႔ ခုန္ခ်ရန္ျပဳလုပ္ေနသည္ကိုေတြ႕ရွိခဲ့ရသျဖင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ တားဆီးထိန္းသိမ္းခဲ့ေၾကာင္း သိရသည္။

ထိုသို႔တားဆီးထိန္းသိမ္းၿပီးေနာက္ စစ္ေဆးရာ အဆိုပါ ခုန္ခ်ရန္ျပဳလုပ္ေနသည့္ အမ်ိဳးသားမွာ ေတာင္ဒဂုံၿမိဳ႕နယ္ ၂၀ ရပ္ကြက္တြင္ ေနထိုင္သည့္ ကို….(၂၉ ႏွစ္) ဆိုသူျဖစ္ ၿပီး ၎သည္ ဇနီးျဖစ္သူႏွင့္အတူ အဆိုပါ ဟိုတယ္၌ တည္းခိုေနထိုင္ေနစဥ္ စကားမ်ား ရန္ျဖစ္ခဲ့ၿပီး မိမိကိုယ္ကိုယ္သတ္ေသရန္ျပဳလုပ္ ခဲ့ျခင္းျဖစ္သည္ဟု စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ ေပၚေပါက္ခဲ့သျဖင့္ ျပတင္းေပါက္မွ ခုန္ခ်ၿပီး မိမိကိုယ္ကိုယ္သတ္ေသ ရန္ျပဳလုပ္သူ ကို…(၂၉ ႏွစ္) အား သာေကတ ၿမိဳ႕မရဲ စခန္းက (ပ)၆၂၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
Unicodeဖြင့်ဖတ်ရန်
သာကေတမြို့နယ်ရှိ ဟိုတယ်တစ်ခု၏ သုံးလွှာမှ ခုန်ချရန်ပြုလုပ်သည့် အမျိုးသားကို သာကတေမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သြဂုတ် ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၁ ရက် နံနက် ၁၁ နာရီခွဲခန့်က သာကေတမြို့နယ် (၄/တောင်) ရပ်ကွက် ရှုခင်းသာလမ်းရှိ ဟိုတယ်တစ်ခု၏ သုံးလွှာ၊ ပြတင်းပေါက်မှတစ်ဆင့် အမျိုးသားတစ်ဦး ဆူပူသောင်းကျန်းကာ အောက်သို့ ခုန်ချရန်ပြုလုပ်နေကြောင်း သိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအမျိုးသားမှာ ပြတင်းပေါက်မှ ကျော်ပြီး အောက်ဘက်ရှိ လေကာ ပေါင်တန်းပေါ်တွင် မတ်တတ်ရပ်လျက် အောက်သို့ ခုန်ချရန်ပြုလုပ်နေသည်ကိုတွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တားဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့တားဆီးထိန်းသိမ်းပြီးနောက် စစ်ဆေးရာ အဆိုပါ ခုန်ချရန်ပြုလုပ်နေသည့် အမျိုးသားမှာ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်တွင် နေထိုင်သည့် ကို….(၂၉ နှစ်) ဆိုသူဖြစ် ပြီး ၎င်းသည် ဇနီးဖြစ်သူနှင့်အတူ အဆိုပါ ဟိုတယ်၌ တည်းခိုနေထိုင်နေစဉ် စကားများ ရန်ဖြစ်ခဲ့ပြီး မိမိကိုယ်ကိုယ်သတ်သေရန်ပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပေါ်ပေါက်ခဲ့သဖြင့် ပြတင်းပေါက်မှ ခုန်ချပြီး မိမိကိုယ်ကိုယ်သတ်သေ ရန်ပြုလုပ်သူ ကို…(၂၉ နှစ်) အား သာကေတ မြို့မရဲ စခန်းက (ပ)၆၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Writer: သန႔္ဇင္ေက်ာ္
August 12, 2018

Credit: eleven