Zawgyiျဖင့္ဖတ္ရန္

အျပာဝက္ဘ္ဆုိဒ္တစ္ခုဟာ ၎တုိ႔ဆုိဒ္မွာ ပုံမွန္ၾကည့္႐ႈေနတဲ့ အျပာဇာတ္ကားခ်စ္သူ ပရိသတ္ႀကီးကို ပုံမွန္ေငြေၾကး ေပးေခ်ဖုိ႔ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ အျပာဇာတ္ကား ၾကည့္သူတုိေတြကို ၎တုိ႔ကုမၸဏီက တီထြင္ထားတဲ့ ကုိယ္ပုိင္ေငြေၾကးပုံစံနဲ႔ ေပးေခ်သြားဖုိ႔ စီစဥ္ေနပါတယ္။

ယင္းေငြေၾကးအစီအစဥ္မွာ Vice Industry Tokens (VIT) စနစ္ျဖစ္ၿပီး ဒစ္ဂ်စ္တယ္ေငြေၾကးစနစ္တစ္ခု ျဖစ္ပါတယ္။ Tube8 အမည္ရ ကမာၻေက်ာ္ အျပာအြန္လိုင္း ဝက္ဘ္ဆုိဒ္ဟာ သူတုိ႔ဆီကုိ အၿမဲတေစ လာေရာက္အားေပးေနတဲ့ ပရိသတ္သန္းေပါင္း (၁၅၀)ကုိ လစဥ္ ထုိက္တန္တဲ့ေငြေၾကးတစ္ရပ္ ေပးသြားဖုိ႔ စီစဥ္ေနတာပါ။

ဒီလုိ လွ်ိဳ႕ဝွက္ေငြေပးေခ်မႈစနစ္ကို ယခုႏွစ္ ႏွစ္ကုန္ပုိင္းေလာက္မွာ စတင္အေကာင္အထည္ ေဖာ္ဖုိ႔ရွိၿပီး၊ ပရိသတ္ကလည္း ဒီအစီအစဥ္ေၾကာင့္ အားတက္သေရာ ရွိေနၾကတယ္လုိ႔ Tube8 တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ ဒါ့အျပင္ ဒီလုိ အျပာကားၾကည့္႐ုံနဲ႔ ေငြရနုိင္မယ့္စနစ္ဟာ အနာဂတ္ကာလမွာလည္း ေခတ္စားလာဖုိ႔ ရွိပါတယ္။

Tube8 မွ ေျပာေရးဆုိခြင့္ရွိသူ Robin Turner က ” ကၽြန္ေတာ္ မွတ္မိသေလာက္ေတာ့ … အျပာဇာတ္ကားၾကည့္႐ုံနဲ႔ ပုိက္ဆံေပးမယ္ဆုိတဲ့ ကိစၥဟာ အေတာ္ေလး စိတ္ကူးယဥ္အိပ္မက္ ဆန္ပါတယ္ … ေတာ္ေတာ္မ်ားမ်ား ဒီလုိ အိပ္မက္ မက္ခဲ့ရင္ေတာင္ ဒီလုိအျဖစ္မ်ိဳး တကယ္ရွိလာလိမ့္မယ္လုိ႔ ထင္ထားမွာ မဟုတ္ပါဘူး … “လုိ႔ ေျပာပါတယ္။

သူက ဆက္လက္ၿပီး ” ဒါေပမယ့္ VIT စနစ္ကို စတင္မိတ္ဆက္ၿပီးတာနဲ႔ က်ေနာ္တုိ႔ဆီမွာ အၿမဲတေစ အားေပးေနတဲ့ ပရိသတ္ႀကီးအတြက္ စံနမူနာထားစရာ ေျပာင္းလဲမႈတစ္ခုကို က်ေနာ္တုိ႔ စတင္ေတာ့မွာပါ … ေျပာရရင္ ပိုက္ဆံရခ်င္ရင္ ျပတာေတြ ထုိင္ၾကည့္ေန႐ုံပါဘဲ … က်ေနာ္တုိ႔ ဗြီဒီ႐ုိေတြေပၚ သူတုိ႔ ၾကည့္ေလ .. သူတုိ႔ ပုိက္ဆံပုိရေလ … ဒီလုိ ျဖစ္လာမွာပါ “လုိ႔ ေျပာခဲ့ပါတယ္။

source : metro.co.uk

Unicodeဖြင့်ဖတ်ရန်

အပြာဝက်ဘ်ဆိုဒ်တစ်ခုဟာ ၎င်းတို့ဆိုဒ်မှာ ပုံမှန်ကြည့်ရှုနေတဲ့ အပြာဇာတ်ကားချစ်သူ ပရိသတ်ကြီးကို ပုံမှန်ငွေကြေး ပေးချေဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။ အပြာဇာတ်ကား ကြည့်သူတိုတွေကို ၎င်းတို့ကုမ္ပဏီက တီထွင်ထားတဲ့ ကိုယ်ပိုင်ငွေကြေးပုံစံနဲ့ ပေးချေသွားဖို့ စီစဉ်နေပါတယ်။

ယင်းငွေကြေးအစီအစဉ်မှာ Vice Industry Tokens (VIT) စနစ်ဖြစ်ပြီး ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခု ဖြစ်ပါတယ်။ Tube8 အမည်ရ ကမ္ဘာကျော် အပြာအွန်လိုင်း ဝက်ဘ်ဆိုဒ်ဟာ သူတို့ဆီကို အမြဲတစေ လာရောက်အားပေးနေတဲ့ ပရိသတ်သန်းပေါင်း (၁၅၀)ကို လစဉ် ထိုက်တန်တဲ့ငွေကြေးတစ်ရပ် ပေးသွားဖို့ စီစဉ်နေတာပါ။

ဒီလို လျှို့ဝှက်ငွေပေးချေမှုစနစ်ကို ယခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စတင်အကောင်အထည် ဖော်ဖို့ရှိပြီး၊ ပရိသတ်ကလည်း ဒီအစီအစဉ်ကြောင့် အားတက်သရော ရှိနေကြတယ်လို့ Tube8 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဒီလို အပြာကားကြည့်ရုံနဲ့ ငွေရနိုင်မယ့်စနစ်ဟာ အနာဂတ်ကာလမှာလည်း ခေတ်စားလာဖို့ ရှိပါတယ်။

Tube8 မှ ပြောရေးဆိုခွင့်ရှိသူ Robin Turner က ” ကျွန်တော် မှတ်မိသလောက်တော့ … အပြာဇာတ်ကားကြည့်ရုံနဲ့ ပိုက်ဆံပေးမယ်ဆိုတဲ့ ကိစ္စဟာ အတော်လေး စိတ်ကူးယဉ်အိပ်မက် ဆန်ပါတယ် … တော်တော်များများ ဒီလို အိပ်မက် မက်ခဲ့ရင်တောင် ဒီလိုအဖြစ်မျိုး တကယ်ရှိလာလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ပါဘူး … “လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး ” ဒါပေမယ့် VIT စနစ်ကို စတင်မိတ်ဆက်ပြီးတာနဲ့ ကျနော်တို့ဆီမှာ အမြဲတစေ အားပေးနေတဲ့ ပရိသတ်ကြီးအတွက် စံနမူနာထားစရာ ပြောင်းလဲမှုတစ်ခုကို ကျနော်တို့ စတင်တော့မှာပါ … ပြောရရင် ပိုက်ဆံရချင်ရင် ပြတာတွေ ထိုင်ကြည့်နေရုံပါဘဲ … ကျနော်တို့ ဗွီဒီရိုတွေပေါ် သူတို့ ကြည့်လေ .. သူတို့ ပိုက်ဆံပိုရလေ … ဒီလို ဖြစ်လာမှာပါ “လို့ ပြောခဲ့ပါတယ်။

source : metro.co.uk

Credit: နတ်စည်တော် (MyanmarNote)