Zawgyiျဖင့္ဖတ္ရန္
ျမန္မာႏိုင္ငံရဲ႕အလွဆုံးေသာ မင္းသမီးေခ်ာေလးႏွစ္ဦးျဖစ္တဲ့ ေဖြးေဖြးနဲ႔ ဝတ္မႈန္ေ႐ႊရည္တို႔ ညီအမႏွစ္ဦးကေတာ့ တစ္ဦးနဲ႔တစ္ဦး တစ္ရက္သာကြာတဲ့ လတူ၊ ႏွစ္လည္းတူတဲ့ ညီအမေတြပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၉ရက္ေန႔ကေတာ့ ေဖြးေဖြးရဲ႕ အသက္ ၃၀ျပည့္ေမြးေန႔ေလးျဖစ္ၿပီး ၾသဂုတ္လ ၁၀ရက္ေန႔ကလည္း ဝတ္မႈန္ေ႐ႊရည္ရဲ႕ အသက္ ၃၀ျပည့္ေမြးေန႔ေလးပါ။ အရမ္းကိုခ်စ္ဖို႔ေကာင္းတဲ့ ညီအမႏွစ္ေယာက္ကေတာ့ ေမြးေန႔မွာ ကုသိုလ္ေတြကိုယ္စီျပဳလုပ္ၿပီး ဘုရားတက္ကာ ဆီမီးတစ္ေထာင္ ကပ္လႉခဲ့ၾကပါေသးတယ္။ မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ ရင့္က်က္တည္ၿငိမ္တဲ့ အသက္ ၃၀ အ႐ြယ္သို႔ေရာက္ရွိသြားၾကၿပီျဖစ္တဲ့ ေဖြးေဖြးနဲ႔ ဝတ္မႈံေ႐ႊရည္တို႔ ညီအမႏွစ္ဦးရဲ႕ပုံရိပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေဖြးေဖြးကေတာ့ သူမရဲ႕ ေမြးေန႔အလႈအျဖစ္ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ မာမီကြတ္ ခိုကိုးရာမဲ့ကိုယ္ဝန္ေဆာင္မ်ား ကူညီေရးအသင္း ကို အလႈေငြ ၁၁သိန္းလႉဒါန္းၿပီး ကေလးေတြနဲ႔အတူ ကိတ္မုန႔္ခြဲၿပီး ေပ်ာ္ေပ်ာ္ပါးပါး ျဖတ္သန္းခဲ့ပါတယ္။

ေ႐ႊကစ္ေလးကေတာ့ သူမရဲ႕ေမြးေန႔မွာ စိတ္က်န္းမာေရး ေဆး႐ုံႀကီးသို႔ အလႉေငြ ဆယ္သိန္းနဲ႔ မိဘမဲ့ကေလးေတြကို Bပိုးကာကြယ္ေဆးထိုးဖို႔အတြက္ Pann Thee Foundation ကိုလည္း အလႉေငြ ၉သိန္းတိတိ လႉဒါန္းခဲ့ပါတယ္။

အသက္တစ္ရက္သာကြာတဲ့ ေဖြးတို႔ညီအမႏွစ္ဦးကေတာ့ အကယ္ဒမီထူးခြၽန္ဆုႏွစ္ခုစီကို ပိုင္ဆိုင္ထားၿပီျဖစ္တဲ့ ျမန္မာႏိူင္ငံရဲ႕ထိပ္တန္းမင္းသမီးႏွစ္ေယာက္ဆိုရင္လည္း မမွားပါဘူးေနာ္။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း အရမ္းကိုခ်စ္ဖို႔ေကာင္းတဲ့ မမႏွစ္ဦးျဖစ္တဲ့ ေဖြးေဖြးနဲ႔ ဝတ္မႈံေ႐ႊရည္တို႔ကိုခ်စ္ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။
Unicodeဖြင့်ဖတ်ရန်
မြန်မာနိုင်ငံရဲ့အလှဆုံးသော မင်းသမီးချောလေးနှစ်ဦးဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုန်ရွှေရည်တို့ ညီအမနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး တစ်ရက်သာကွာတဲ့ လတူ၊ နှစ်လည်းတူတဲ့ ညီအမတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၉ရက်နေ့ကတော့ ဖွေးဖွေးရဲ့ အသက် ၃၀ပြည့်မွေးနေ့လေးဖြစ်ပြီး သြဂုတ်လ ၁၀ရက်နေ့ကလည်း ဝတ်မှုန်ရွှေရည်ရဲ့ အသက် ၃၀ပြည့်မွေးနေ့လေးပါ။ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ညီအမနှစ်ယောက်ကတော့ မွေးနေ့မှာ ကုသိုလ်တွေကိုယ်စီပြုလုပ်ပြီး ဘုရားတက်ကာ ဆီမီးတစ်ထောင် ကပ်လှူခဲ့ကြပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ရင့်ကျက်တည်ငြိမ်တဲ့ အသက် ၃၀ အရွယ်သို့ရောက်ရှိသွားကြပြီဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအမနှစ်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖွေးဖွေးကတော့ သူမရဲ့ မွေးနေ့အလှုအဖြစ် စမ်းချောင်းမြို့နယ်ရှိ မာမီကွတ် ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်များ ကူညီရေးအသင်း ကို အလှုငွေ ၁၁သိန်းလှူဒါန်းပြီး ကလေးတွေနဲ့အတူ ကိတ်မုန့်ခွဲပြီး ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့ပါတယ်။

ရွှေကစ်လေးကတော့ သူမရဲ့မွေးနေ့မှာ စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ အလှူငွေ ဆယ်သိန်းနဲ့ မိဘမဲ့ကလေးတွေကို Bပိုးကာကွယ်ဆေးထိုးဖို့အတွက် Pann Thee Foundation ကိုလည်း အလှူငွေ ၉သိန်းတိတိ လှူဒါန်းခဲ့ပါတယ်။

အသက်တစ်ရက်သာကွာတဲ့ ဖွေးတို့ညီအမနှစ်ဦးကတော့ အကယ်ဒမီထူးချွန်ဆုနှစ်ခုစီကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ မြန်မာနိူင်ငံရဲ့ထိပ်တန်းမင်းသမီးနှစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်ဖို့ကောင်းတဲ့ မမနှစ်ဦးဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Wutt Hmone Shwe Yi& Phway Phway’s Facebook
Credit: MOMOLAY