Zawgyiျဖင့္ဖတ္ရန္

အြန္လုိင္းမွာ ျဖစ္ေပၚေနတဲ့ သရုပ္ေဆာင္ ေရႊမႈန္ရတီနဲ႔ အဆုိေတာ္ ေရႊထူးတုိ႔ တြဲေနၾကၿပီ ဆုိတဲ့ သတင္းေတြအေပၚ ေဇရဲထက္ က ဖြင့္ေျပာ လာပါၿပီ။ ေဝဖန္တုိက္ခုိက္မႈေတြ ႀကဳံေတြ႔ေနရတာေၾကာင့္လည္း နစ္နာစရာေတြရွိတယ္လုိ႔ ေဇရဲထက္က ေျပာပါ တယ္။

အြန္လုိင္းမွာ ျဖစ္ေပၚေနတဲ့ သရုပ္ေဆာင္ ေရႊမႈန္ရတီနဲ႔ အဆုိေတာ္ ေရႊထူးတုိ႔ တြဲေနၾကၿပီ ဆုိတဲ့ သတင္းေတြအေပၚ ေဇရဲထက္က ဖြင့္ ေျပာ လာပါၿပီ။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ကာယကံရွင္ႏွစ္ဦးအတြက္လည္း စိတ္မေကာင္းဘူးလုိ႔ ဆိုပါတယ္။ ပရိသတ္ေတြ ထင္ေယာင္ ထင္မွား ျဖစ္ေနတာပါလုိ႔လည္း Duwun Media ကေန ေျပာျပခဲ့ပါတယ္။

” လတ္တေလာ ေဟာ့ ျဖစ္ေနတဲ့ သတင္းေတြက တကယ္မဟုတ္ဘူးဆုိတာကုိေတာ့ ကၽြန္ေတာ္ေျပာခ်င္ပါတယ္။ အဲ့ဒါကလည္း MTV သြား ရုိက္တာပါ ႏုိင္ငံျခားမွာဆုိေတာ့ေလ ခုိးရုိက္ရတာေပါ့။ အဲ့ဒီကုိ တခ်ဳိ႕က ထင္ေယာင္ထင္မွား ျဖစ္တာမ်ဳိးေတြရွိတယ္။ ေရႊမႈံ နဲ႔ ကုိေရႊထူးတုိ႔ အေပၚမွာလည္း Comment ကေန ပုိးစုိးပက္စက္ေျပာထားတာေတြရွိတယ္ အဲ့ဒီအတြက္လည္း စိတ္မေကာင္းျဖစ္မိတယ္” လုိ႔ ဆုိပါတယ္။

ေရႊထူးနဲ႔ ေရႊမႈန္ရတီတုိ႔က အခုလက္ရွိမွာ ေဝဖန္တုိက္ခုိက္မႈေတြ ႀကဳံေတြ႔ေနရတာေၾကာင့္လည္း နစ္နာစရာေတြရွိတယ္လုိ႔ ေဇရဲထက္က ေျပာပါတယ္။ ေဇရဲထက္နဲ႔ ေရႊမႈန္ရတီတုိ႔ရဲ႕ ဆက္ဆံေရးဟာ အသက္အရြယ္ကြာျခားေပမယ့္ ေမာင္ႏွမ အရင္းတစ္ေယာက္လုိ ခ်စ္ခ်စ္ခင္ခင္ ရွိလွတဲ့ အႏုပညာရွင္ႏွစ္ဦးျဖစ္ပါတယ္။

” သူတုိ႔ ႏွစ္ေယာက္က တကယ့္ေမာင္ႏွမအရင္းေတြလုိ ေတြ႔ရတယ္၊ သူတုိ႔ MTV သြားရုိက္တာကုိ တစ္မ်ဳိးထင္သြားတဲ့အတြက္ ႏွစ္ဦး ႏွစ္ဖက္ စလုံးက နစ္နာရတာေပါ့ေနာ္။ ကၽြန္ေတာ္ျဖစ္ေစခ်င္တာက အားလုံးသည္ ကာယကံရွင္ႏွစ္ေယာက္ကုိယ္တိုင္ ဝန္ခံမွသာ လက္ခံေပးၾကပါ။ ကုိယ္ခ်စ္တဲ့ မင္းသမီးေရာ၊ ကုိယ္အားေပးတဲ့ အဆုိေတာ္ေရာ ႏွစ္ဦးစလုံး နစ္နာရတာေတြရွိပါတယ္” လုိ႔ Duwun media ရဲ႕ သီးသန္႔ အင္တာ ဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

ေဇရဲထက္ ေျပာျပခဲ့တဲ့ အေၾကာင္းအရာေတြ အျပင္ ကာယကံရွင္ျဖစ္တဲ့ ေရႊမႈန္ရတီကလည္း အြန္လုိင္းေပၚမွာ ပ်ံ႔ေနတဲ့ သတင္းေတြနဲ႔ ပတ္ သက္ၿပီး ေျပာျပခဲ့ပါတယ္။ ပရိသတ္ကုိလည္း အခ်ိန္တစ္ခု ေစာင့္ၾကည့္ေပးဖုိ႔ ေျပာလာၿပီး တျခား တုံ႔ျပန္စကားေတြကုိေတာ့ ေျပာၾကားခဲ့ျခင္း မရွိပါဘူး။

” သဲ အေနနဲ႔ကေတာ့ ဘာမွ မေျပာခ်င္ပါဘူး။ အခ်ိန္တစ္ခုၾကည့္ၿပီး ေစာင့္ၾကည့္ပါ ဆုိတဲ့ စကားေလးဘဲ ေျပာခ်င္ပါတယ္။ သူလည္း ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ဘာမွ မသိဘူး၊ သူထင္တာ သူေျပာေနတာ ဆုိေတာ့ အဓိက သည္ ကာယကံရွင္ေတြပဲ သိမွာ ဝန္မခံသ၍ကေတာ့ ဘာမွ ေျပာလုိ႔ မရဘူး။ သူလည္း သဲကုိ စိတ္ပူေနတာပဲ သူ႔ကုိလည္း သဲ ဘာမွ မေျပာထားဘူး၊ အခ်ိန္တစ္ခုပဲ ေစာင့္ေပးပါ” လုိ႔ ဆိုပါတယ္။

ေဇရဲထက္နဲ႔ ေရႊမႈန္ရတီတုိ႔ အတူတြဲၿပီး သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြက အမ်ားႀကီးပါပဲ။ သိပ္မၾကာခင္မွာလည္း သူတုိ႔ ႏွစ္ဦး ပါဝင္ထားတဲ့ ” အဆုိေတာ္ေတြ ေနတဲ့ရြာ ” ဇာတ္ကားႀကီးကုိ ၾသဂုတ္လ ၂၄ ရက္ေန႔က စၿပီး ရုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ေဇရဲထက္က Rap ဂီတကုိ ရူးသြပ္သူျဖစ္ၿပီး ေရႊမႈန္ရတီကေတာ့ Punk Style ကုိ ရူးသြပ္သူ တစ္ဦးအျဖစ္ ပါဝင္ထားပါတယ္။
Unicodeဖြင့်ဖတ်ရန်

အွန်လိုင်းမှာ ဖြစ်ပေါ်နေတဲ့ သရုပ်ဆောင် ရွှေမှုန်ရတီနဲ့ အဆိုတော် ရွှေထူးတို့ တွဲနေကြပြီ ဆိုတဲ့ သတင်းတွေအပေါ် ဇေရဲထက် က ဖွင့်ပြော လာပါပြီ။ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတာကြောင့်လည်း နစ်နာစရာတွေရှိတယ်လို့ ဇေရဲထက်က ပြောပါ တယ်။

အွန်လိုင်းမှာ ဖြစ်ပေါ်နေတဲ့ သရုပ်ဆောင် ရွှေမှုန်ရတီနဲ့ အဆိုတော် ရွှေထူးတို့ တွဲနေကြပြီ ဆိုတဲ့ သတင်းတွေအပေါ် ဇေရဲထက်က ဖွင့် ပြော လာပါပြီ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကာယကံရှင်နှစ်ဦးအတွက်လည်း စိတ်မကောင်းဘူးလို့ ဆိုပါတယ်။ ပရိသတ်တွေ ထင်ယောင် ထင်မှား ဖြစ်နေတာပါလို့လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

” လတ်တလော ဟော့ ဖြစ်နေတဲ့ သတင်းတွေက တကယ်မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်ပြောချင်ပါတယ်။ အဲ့ဒါကလည်း MTV သွား ရိုက်တာပါ နိုင်ငံခြားမှာဆိုတော့လေ ခိုးရိုက်ရတာပေါ့။ အဲ့ဒီကို တချို့က ထင်ယောင်ထင်မှား ဖြစ်တာမျိုးတွေရှိတယ်။ ရွှေမှုံ နဲ့ ကိုရွှေထူးတို့ အပေါ်မှာလည်း Comment ကနေ ပိုးစိုးပက်စက်ပြောထားတာတွေရှိတယ် အဲ့ဒီအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်” လို့ ဆိုပါတယ်။

ရွှေထူးနဲ့ ရွှေမှုန်ရတီတို့က အခုလက်ရှိမှာ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတာကြောင့်လည်း နစ်နာစရာတွေရှိတယ်လို့ ဇေရဲထက်က ပြောပါတယ်။ ဇေရဲထက်နဲ့ ရွှေမှုန်ရတီတို့ရဲ့ ဆက်ဆံရေးဟာ အသက်အရွယ်ကွာခြားပေမယ့် မောင်နှမ အရင်းတစ်ယောက်လို ချစ်ချစ်ခင်ခင် ရှိလှတဲ့ အနုပညာရှင်နှစ်ဦးဖြစ်ပါတယ်။

” သူတို့ နှစ်ယောက်က တကယ့်မောင်နှမအရင်းတွေလို တွေ့ရတယ်၊ သူတို့ MTV သွားရိုက်တာကို တစ်မျိုးထင်သွားတဲ့အတွက် နှစ်ဦး နှစ်ဖက် စလုံးက နစ်နာရတာပေါ့နော်။ ကျွန်တော်ဖြစ်စေချင်တာက အားလုံးသည် ကာယကံရှင်နှစ်ယောက်ကိုယ်တိုင် ဝန်ခံမှသာ လက်ခံပေးကြပါ။ ကိုယ်ချစ်တဲ့ မင်းသမီးရော၊ ကိုယ်အားပေးတဲ့ အဆိုတော်ရော နှစ်ဦးစလုံး နစ်နာရတာတွေရှိပါတယ်” လို့ Duwun media ရဲ့ သီးသန့် အင်တာ ဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

ဇေရဲထက် ပြောပြခဲ့တဲ့ အကြောင်းအရာတွေ အပြင် ကာယကံရှင်ဖြစ်တဲ့ ရွှေမှုန်ရတီကလည်း အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ သတင်းတွေနဲ့ ပတ် သက်ပြီး ပြောပြခဲ့ပါတယ်။ ပရိသတ်ကိုလည်း အချိန်တစ်ခု စောင့်ကြည့်ပေးဖို့ ပြောလာပြီး တခြား တုံ့ပြန်စကားတွေကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

” သဲ အနေနဲ့ကတော့ ဘာမှ မပြောချင်ပါဘူး။ အချိန်တစ်ခုကြည့်ပြီး စောင့်ကြည့်ပါ ဆိုတဲ့ စကားလေးဘဲ ပြောချင်ပါတယ်။ သူလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ မသိဘူး၊ သူထင်တာ သူပြောနေတာ ဆိုတော့ အဓိက သည် ကာယကံရှင်တွေပဲ သိမှာ ဝန်မခံသ၍ကတော့ ဘာမှ ပြောလို့ မရဘူး။ သူလည်း သဲကို စိတ်ပူနေတာပဲ သူ့ကိုလည်း သဲ ဘာမှ မပြောထားဘူး၊ အချိန်တစ်ခုပဲ စောင့်ပေးပါ” လို့ ဆိုပါတယ်။

ဇေရဲထက်နဲ့ ရွှေမှုန်ရတီတို့ အတူတွဲပြီး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက အများကြီးပါပဲ။ သိပ်မကြာခင်မှာလည်း သူတို့ နှစ်ဦး ပါဝင်ထားတဲ့ ” အဆိုတော်တွေ နေတဲ့ရွာ ” ဇာတ်ကားကြီးကို သြဂုတ်လ ၂၄ ရက်နေ့က စပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဇေရဲထက်က Rap ဂီတကို ရူးသွပ်သူဖြစ်ပြီး ရွှေမှုန်ရတီကတော့ Punk Style ကို ရူးသွပ်သူ တစ်ဦးအဖြစ် ပါဝင်ထားပါတယ်။

Credit:Duwun