Zawgyiျဖင့္ဖတ္ရန္
တ႐ုတ္ျပည္အေရွ႕ပိုင္းက ဆိုင္ကယ္ေမာင္းႏွင္လာသူ အမ်ိဳးသမီးတစ္ေယာက္ဟာ ကြန္ကရစ္ေမႊတဲ့ ထရပ္ကားႀကီး ေအာက္ကို ေခါင္းေရာက္သြားေပမဲ့ ေသေဘးကေန ကပ္သီေလး လြဲခဲ့ပါတယ္။ Zhu လို႔ေခၚတဲ့ အမ်ိဳးသမီး ေမာင္းႏွင္လာတဲ့ လွ်စ္စစ္ဆိုင္ကယ္ (စကူတာ) က

အိမ္စီးကားရဲ႕ ကားတံခါးနဲ႔ တိုက္မိၿပီး ေမွာက္သြားတဲ့အခ်ိန္မွာ ေဘးကျဖတ္လာတဲ့ ထရပ္ကား ဘီးေအာက္ကို ေခါင္းေရာက္သြားတာ ျဖစ္ပါတယ္။

“ ဆိုင္ကယ္စီးဦးထုပ္ (helmet) သာ မပါခဲ့ရင္ေတာ့ ကြၽန္မေသေနေလာက္ၿပီ” လို႔ ကေလးႏွစ္ေယာက္မိခင္ Zhu ကဆိုပါတယ္။ ဒီလိုမ်ိဳး သည္းထိတ္ရင္ဖို ျဖစ္စဥ္မွာ ဖူးေရာင္ ပြန္းပဲ့ဒဏ္ရာကလြဲလို႔ ႀကီးႀကီးမားမား ဘာမွမျဖစ္ခဲ့တာ ကံေကာင္းတယ္လို႔ ဆိုရမွာပါ။

ဒီယာဥ္မေတာ္တဆျဖစ္စဥ္က က်င္းဟြာၿမိဳ႕က ဟိုဒူ႐ြာမွာ အဂၤါေန႔ မနက္ ၉ နာရီေလာက္က ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ က်င္းဟြာ ရဲတပ္ဖြဲ႕ရဲ႕ မႈခင္းမွတ္တမ္း ဗီဒီယိုမွာေတာ့ ထရပ္ကားက သူ႔လမ္းေၾကာင္းအတိုင္း ေမာင္းႏွင္လာခ်ိန္မွာ Zhu ရဲ႕ စကူတာက ေနာက္ကေန ကပ္ၿပီး ေက်ာ္တက္ဖို႔ ႀကိဳးစားေနတာကို ေတြ႕ရွိရပါတယ္။

လမ္းေဘးမွာ ရပ္ထားတဲ့ အိမ္စီးကားကေန ကားတံခါး ဖြင့္လိုက္ခ်ိန္မွာ ဆိုင္ကယ္နဲ႔ တိုက္မိၿပီး Zhu လြင့္ထြက္သြားတာ ျဖစ္ပါတယ္။ တိုက္မိတဲ့အရွိန္က ျပင္းတဲ့အတြက္ ေဘးတစ္ဖက္က ထရပ္ကားႀကီးရဲ႕ ေနာက္ဘီးေအာက္ကို ေခါင္းလည္ၿပီး ေရာက္သြားတာ ျဖစ္ပါတယ္။

ထရပ္ကားေမာင္းသမား မစၥတာ က်န္းရဲ႕ ေျပာၾကားခ်က္အရ စႏူကာေပၚက အမ်ိဳးသမီး ကားဘီးေအာက္ကို ေရာက္သြားတယ္ဆိုတာ ေနာက္ၾကည့္မွန္က ျမင္လိုက္တဲ့အတြက္ ကမန္းကတန္း ဘရိတ္အုပ္လိုက္တယ္လို႔ ဆိုပါတယ္။ ထရပ္ကားေပၚက ဆင္းၾကည့္ခ်ိန္မွာ Zhu ေခါင္းမွာ ေသြးထြက္ေနၿပီး ေဘးနားမွာ တစ္စစီ ပ်က္စီးသြားတဲ့ ဆိုင္ကယ္စီးဦးထုပ္ကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ အိမ္စီးကား ဒ႐ိုင္ဘာလည္း အေရးေပၚကားကို ေခၚၿပီး တစ္ခါတည္း ရဲစခန္းကို ဖုန္းဆက္ခဲ့ပါတယ္။

က်င္းဟြာျပည္သူတစ္ေယာက္ျဖစ္ၿပီး သားတစ္ေယာက္ ၊ သမီးတစ္ေယာက္ရဲ႕ မိခင္ျဖစ္တဲ့ အမ်ိဳးသမီး Zhu ကို ေဆး႐ုံပို႔ခဲ့တဲ့အခါ ေဆးစစ္ခ်က္ေတြအရ အတြင္းေၾက စုတ္ျပတ္ေပါက္ၿပဲ ဒဏ္ရာသာ ေတြ႕ရၿပီး ဦးေႏွာက္မွာေတာ့ ထိခိုက္မႈ တစ္စုံတစ္ရာမရွိဘူးလို႔ ဆိုပါတယ္။

က်င္းဟြာရဲေတြကေတာ့ ဒီမေတာ္တဆမႈနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနၾကပါတယ္။

ဒီျဖစ္စဥ္က လမ္းေပၚမွာ ေမာင္းႏွင္သြားလာေနသူေတြ အားလုံးအတြက္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း ရဲ႕ အေရးႀကီးပုံကို အေကာင္းဆုံး ေဖာ္က်ဴးျပသသြားတာ ျဖစ္ပါတယ္။ ဆိုင္ကယ္စီးတဲ့အခါ ဆိုင္းကယ္စီး ဦးထုပ္ေဆာင္းသင့္သလို ကားေမာင္းတဲ့အခါမွာလည္း ခါးပတ္ပတ္ထားဖို႔ လိုပါတယ္။ ေနာက္ထပ္အေရးႀကီးတာကေတာ့ ယာဥ္ေၾကာအမွန္ ေမာင္းႏွင္တတ္ဖို႔ပါ။

ဒီျဖစ္စဥ္ကို ႏွလုံးမူၿပီး စည္းကမ္းနဲ႔ သတိယွဥ္ကာ ေမာင္းႏွင္သြားလာႏိုင္ၾကပါေစလို႔ ဆႏၵျပဳရင္း…။

https://video.dailymail.co.uk/…/640x360_MP4_159300499453649…

Ref: dailymail “Motorcyclist is saved by her helmet after having her head run over by a massive truck in China”
Unicodeဖြင့်ဖတ်ရန်
တရုတ်ပြည်အရှေ့ပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ယောက်ဟာ ကွန်ကရစ်မွှေတဲ့ ထရပ်ကားကြီး အောက်ကို ခေါင်းရောက်သွားပေမဲ့ သေဘေးကနေ ကပ်သီလေး လွဲခဲ့ပါတယ်။ Zhu လို့ခေါ်တဲ့ အမျိုးသမီး မောင်းနှင်လာတဲ့ လျှစ်စစ်ဆိုင်ကယ် (စကူတာ) က

အိမ်စီးကားရဲ့ ကားတံခါးနဲ့ တိုက်မိပြီး မှောက်သွားတဲ့အချိန်မှာ ဘေးကဖြတ်လာတဲ့ ထရပ်ကား ဘီးအောက်ကို ခေါင်းရောက်သွားတာ ဖြစ်ပါတယ်။

“ ဆိုင်ကယ်စီးဦးထုပ် (helmet) သာ မပါခဲ့ရင်တော့ ကျွန်မသေနေလောက်ပြီ” လို့ ကလေးနှစ်ယောက်မိခင် Zhu ကဆိုပါတယ်။ ဒီလိုမျိုး သည်းထိတ်ရင်ဖို ဖြစ်စဉ်မှာ ဖူးရောင် ပွန်းပဲ့ဒဏ်ရာကလွဲလို့ ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့တာ ကံကောင်းတယ်လို့ ဆိုရမှာပါ။

ဒီယာဉ်မတော်တဆဖြစ်စဉ်က ကျင်းဟွာမြို့က ဟိုဒူရွာမှာ အင်္ဂါနေ့ မနက် ၉ နာရီလောက်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျင်းဟွာ ရဲတပ်ဖွဲ့ရဲ့ မှုခင်းမှတ်တမ်း ဗီဒီယိုမှာတော့ ထရပ်ကားက သူ့လမ်းကြောင်းအတိုင်း မောင်းနှင်လာချိန်မှာ Zhu ရဲ့ စကူတာက နောက်ကနေ ကပ်ပြီး ကျော်တက်ဖို့ ကြိုးစားနေတာကို တွေ့ရှိရပါတယ်။

လမ်းဘေးမှာ ရပ်ထားတဲ့ အိမ်စီးကားကနေ ကားတံခါး ဖွင့်လိုက်ချိန်မှာ ဆိုင်ကယ်နဲ့ တိုက်မိပြီး Zhu လွင့်ထွက်သွားတာ ဖြစ်ပါတယ်။ တိုက်မိတဲ့အရှိန်က ပြင်းတဲ့အတွက် ဘေးတစ်ဖက်က ထရပ်ကားကြီးရဲ့ နောက်ဘီးအောက်ကို ခေါင်းလည်ပြီး ရောက်သွားတာ ဖြစ်ပါတယ်။

ထရပ်ကားမောင်းသမား မစ္စတာ ကျန်းရဲ့ ပြောကြားချက်အရ စနူကာပေါ်က အမျိုးသမီး ကားဘီးအောက်ကို ရောက်သွားတယ်ဆိုတာ နောက်ကြည့်မှန်က မြင်လိုက်တဲ့အတွက် ကမန်းကတန်း ဘရိတ်အုပ်လိုက်တယ်လို့ ဆိုပါတယ်။ ထရပ်ကားပေါ်က ဆင်းကြည့်ချိန်မှာ Zhu ခေါင်းမှာ သွေးထွက်နေပြီး ဘေးနားမှာ တစ်စစီ ပျက်စီးသွားတဲ့ ဆိုင်ကယ်စီးဦးထုပ်ကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အိမ်စီးကား ဒရိုင်ဘာလည်း အရေးပေါ်ကားကို ခေါ်ပြီး တစ်ခါတည်း ရဲစခန်းကို ဖုန်းဆက်ခဲ့ပါတယ်။

ကျင်းဟွာပြည်သူတစ်ယောက်ဖြစ်ပြီး သားတစ်ယောက် ၊ သမီးတစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ အမျိုးသမီး Zhu ကို ဆေးရုံပို့ခဲ့တဲ့အခါ ဆေးစစ်ချက်တွေအရ အတွင်းကြေ စုတ်ပြတ်ပေါက်ပြဲ ဒဏ်ရာသာ တွေ့ရပြီး ဦးနှောက်မှာတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ ဆိုပါတယ်။

ကျင်းဟွာရဲတွေကတော့ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။

ဒီဖြစ်စဉ်က လမ်းပေါ်မှာ မောင်းနှင်သွားလာနေသူတွေ အားလုံးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ရဲ့ အရေးကြီးပုံကို အကောင်းဆုံး ဖော်ကျူးပြသသွားတာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးတဲ့အခါ ဆိုင်းကယ်စီး ဦးထုပ်ဆောင်းသင့်သလို ကားမောင်းတဲ့အခါမှာလည်း ခါးပတ်ပတ်ထားဖို့ လိုပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ ယာဉ်ကြောအမှန် မောင်းနှင်တတ်ဖို့ပါ။

ဒီဖြစ်စဉ်ကို နှလုံးမူပြီး စည်းကမ်းနဲ့ သတိယှဉ်ကာ မောင်းနှင်သွားလာနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။

Credit:Alice May (႐ိုးရာေလး)