Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
အသက်(၁၀)လ အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မကျင့်မှု ပူတာအိုမြို့နယ် မူလာရှီးဒီကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူလို့ ယူဆတဲ့ သူကို ဖမ်းမမိသေးကြောင်း ပူတာအိုမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။
စက်တက်ဘာ (၂) နေ့လည်ပိုင်းက ကလေးငယ်၏ အမေက ဘုရားကျောင်းသွားစဉ် ကလေးငယ်အား တအိမ်ထဲနေသူ ပထွေး၏သားဖြစ်သူ မောင် မီခီရဲ့ အား ထိန်းခိုင်းထားပြီး အမေဖြစ်သူက ဘုရားကျောင်းမှ ပြန်လာပြီးနောက် ကလေးကငိုလာသည့်အတွက် စစ်ဆေးကြည့်ရာ အဓမ္မပြုကျင့်ခံထားရသည်ကို သိရှိရသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ဆိုထားခြင်းဖြစ်ကြောင်း ရဲစခန်းမှ စုံးစမ်းသိရှိရသည်။
“အခုက စစ်ဆေးနေတုန်းပဲ။ကျူးလွန်တယ်လို့ ယူဆရတဲ့ကလေးကိုလည်း မမိသေးဘူး။ ကျွန်တော်တို့ကလည်း ဒီကောင်းဖြစ်တယ်ဆိုတာ သံသယရှိတာပဲရှိသေးတယ်။” ဟု ပူတာအိုမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ကလေးငယ်၏ ကျန်းမာရေးအခြေအနေလည်း ကောင်းပြီး ကျူးလွန်သူလို့ ယူဆရသူကိုလည်း ဆက်လက်ရှာဖွယ်နေဆဲဖြစ်ကြောင်းလည်းဆိုသည်။ ကျူးလွန်းသူလို့ယူဆရသူ မောင် မီခီရဲ့သည် စိတ်မနံ့သူဖြစ်ကြောင်းလည်းဆိုသည်။
Credit: saladmm