33 C
Yangon
Tuesday, October 15, 2019
၂၄ နာရီအတြင္း မုန္တိုင္းငယ္အျဖစ္ေရာက္ရွိလာႏိုင္ သတိျပဳသင္႔ ဟု မိုး / ဇလ ၫႊန္ခ်ဳပ္ေျပာ

၂၄ နာရီအတြင္း မုန္တိုင္းငယ္အျဖစ္ေရာက္ရွိလာႏိုင္ သတိျပဳသင္႔ ဟု မိုး / ဇလ ၫႊန္ခ်ဳပ္ေျပာ

670
0

 

Zawgyiျဖင့္ဖတ္ရန္

 

ကပၸလီပင္လယ္ျပင္ ေျမာက္ပိုင္း၌ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚေနၿပီး ယင္းေလဖိအားနည္းရပ္ဝန္းသည္ ၂၄ နာရီအတြင္း ပိုမိုအားေကာင္းကာ မုန္တိုင္းငယ္အျဖစ္ေရာက္ရွိမည္ျဖစ္၍ ဧရာဝတီျမစ္ဝကြၽန္းေပၚေဒသႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ သတိျပဳေနထိုင္သင့္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ေအာက္တိုဘာ ၂၁ ရက္၌ ေျပာသည္။

” ၂၄ နာရီမွာ ပိုမိုအားေကာင္းၿပီး မုန္တိုင္းငယ္အျဖစ္ေရာက္ႏိုင္တယ္ေပါ့ေနာ္ ။ လက္ရွိမွာ ေတာ့ အေနာက္ေျမာက္ဘက္ကို ေ႐ြ႕ေနတယ္ေပါ့ေနာ္ ။ သခ်ၤာပုံစံျပဳ ေမာ္ဒယ္ေတြရဲ႕ခန္႔မွန္းခ်က္အရ ဧရာဝတီျမစ္ဝကြၽန္းေပၚနဲ႔ ရခိုင္ကမ္း႐ိုးတန္းကို ဖ်က္ေက်ာ္ဝင္ေရာက္ႏိုင္တယ္။ ဧရာဝတီေရာ ၊ရခိုင္ေရာ သတိျပဳဖို႔လိုတယ္။” ဟု ၎က ေျပာသည္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္း၏ အရွိန္ေၾကာင့္ ၂၄ နာရီအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးႏိုင္ေၾကာင္း ၊ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ တြင္ (၉)ေပမွ (၁၂)ေပခန္႔ ရွိႏိုင္ေၾကာင္း မိုး / ဇလက ထုတ္ျပန္ထားသည္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္ ႀကိဳတင္သတိျပဳသြားလာၾကရန္လည္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

Credit-footballegend.com

 

Unicodeဖြင့်ဖတ်ရန်

 

၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင် သတိပြုသင့် ဟု မိုး / ဇလ ညွှန်ချုပ်ပြော

 

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ယင်းလေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိမည်ဖြစ်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အောက်တိုဘာ ၂၁ ရက်၌ ပြောသည်။

” ၂၄ နာရီမှာ ပိုမိုအားကောင်းပြီး မုန်တိုင်းငယ်အဖြစ်ရောက်နိုင်တယ်ပေါ့နော် ။ လက်ရှိမှာ တော့ အနောက်မြောက်ဘက်ကို ရွေ့နေတယ်ပေါ့နော် ။ သင်္ချာပုံစံပြု မော်ဒယ်တွေရဲ့ခန့်မှန်းချက်အရ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းကို ဖျက်ကျော်ဝင်ရောက်နိုင်တယ်။ ဧရာဝတီရော ၊ရခိုင်ရော သတိပြုဖို့လိုတယ်။” ဟု ၎င်းက ပြောသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ၂၄ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း မိုး / ဇလက ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုသွားလာကြရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

Credit-footballegend.com