Zawgyiျဖင့္ဖတ္ရန္

 

ထိုင္းပရီးမီးယားလိဂ္ကလပ္ Police Teroမွာအငွားသြားေရာက္ကစားေနတဲ့ျမန္မာ့လက္ေ႐ြးစင္တိူက္စစ္မွႈးေအာင္သူရဲ႕တန္ေၾကးကို ေအာင္သူရဲ႕မိခင္ကလပ္ရတနာပုံအသင္းပိုင္ရွင္ေဒါက္တာစိုင္းကေျပာင္းေ႐ႊ အေမရိကန္႔ေၾကးေဒၚလာ(၅)သိန္းအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ေဒၚလာ(၅)သိန္းဟာ ျမန္မာေငြတန္ဖိုးနဲ႔တြက္ၾကည့္ရင္သိန္း(၆၅၀၀)ဝန္းက်င္အထိရွိတာမို႔ေအာင္သူရဲ႕ေျပာင္းေ႐ႊ႕ေၾကးဟာ လက္ရွိျမန္မာကစားသမားေတြထဲမွာ အျမင့္ဆုံးျဖစ္ေနပါတယ္။ဆီးဂိမ္းအၿပီးမွာ ေအာင္သူရဲ႕ေျပာင္းေ႐ႊ႕ေၾကးဟာ ေဒၚလာ(၃)သိန္းဝန္းက်င္သာရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့သူ႔ရဲ႕တန္ေၾကးဟာ အဆမတန္ျမင့္တက္ေနခဲ့ပါၿပီ။

ေအာင္သူဟာလက္ရွိအငွားသြားကစားေနတဲ့Police Tero အသင္းမွာေျခစြမ္းျပလွ်က္ရွိၿပီး Police Tero အသင္း(၈)ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုး(၄)ဂိုးသြင္းယူထားႏိုင္ပါတယ္။ ထိုင္းပရီးမီးယားလိဂ္လိုၿပိဳင္ဆိုင္မွႈျပင္းထန္တဲ့လိဂ္တစ္ခုမွာသြင္းဂိုးေတြရယူဖို႔ဆိုတာ ေတာ္ေတာ္ခက္ခဲပါတယ္။ေအာင္သူအေနနဲ႔သြင္းဂိုးေတြသြင္းယူႏိုင္တဲ့အျပင္ Man of the Match ႏွစ္ႀကိမ္လည္းရရွိထားပါတယ္။ သူေနာက္ဆုံးရခဲ့တဲ့Thai Port အသင္းနဲ႔ပြဲမွာ ႏွစ္ဂိုးတိတိေျခစြမ္းျပဂိုးေတြ သြင္းယူၿပီးအသင္းေဖာ္တိုက္စစ္မွႈး အန္ဒရီဂိုးသြင္းယူႏိုင္ဖို႔လည္းအေကာင္းဆုံးဖန္တီးေပပို႔မွႈတစ္ႀကိမ္ျပဳလုပ္ေပးခဲ့ပါတယ္။ေအာင္သူဟာ လက္ရွိအခ်ိန္မွာ Police Tero အသင္းရဲ႕Icon ကစားသမားတစ္ေယာက္ျဖစ္ေနပါၿပီ။ေအာင္သူဟာFox Sports ကေ႐ြးခ်ယ္တဲ့တစ္ပတ္အတြင္းအေကာင္းဆုံး ကစားသမားစာရင္းမွာ ႏွစ္ပတ္တိုင္တိုင္အေ႐ြးခ်ယ္ခံထားရၿပီး Goal.com ကေ႐ြးခ်ယ္တဲ့ထိုင္းပရီးမီးယားလိဂ္တစ္ပတ္တာအေကာင္းဆုံးလူငယ္ကစားသမားဆု ကိုလည္းရရွိထားပါတယ္။ၿပီးခဲ့တဲ့အပတ္မွာလည္းေျခစြမ္းျပခဲ့တာေၾကာင့္ထိုင္းပရီးမီးယားလိဂ္အေကာင္းဆုံးကစားသမားဆုရဖို႔တစ္ေျပးေနတာကိုလည္း ေတြ႕ရပါတယ္။

အသက္(၂၂)သာရွိေသးတဲ့သူဟာလာမယ့္ပြဲစဥ္ေတြမွာဆက္လက္ေျခစြမ္းျပၿပီး သူ႔ရဲ႕တန္ေၾကးကလည္းေဒၚလာ(၅)သိန္းထက္ကိုပိုလာႏိုင္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ေဒါက္တာစိုင္းက ေအာင္သူကိုအၿပီးသတ္ေခၚယူခ်င္ရင္အနိမ့္ဆုံးေဒၚလာ(၅)သိန္းေပးရမယ္လို႔Police Tero အသင္းကို သတင္းစကားပါးခဲ့တာပဲျဖစ္ပါတယ္။

ေအာင္သူရဲ႕တန္ေၾကးဟာ အာဆီယံကစားသမားေတြထဲမွာ အနည္းငယ္ျမင့္ေနႏိုင္ေပမယ့္ေျမာင္ေတာင္၊ Thai Port၊ ဘူရီယမ္စတဲ့ထိုင္းပရီးမီးယားလိဂ္အသင္းႀကီးေတြဟာ ေအာင္သူကိုေစာင့္ၾကည့္ေနၾကပါၿပီ။ေဈးကြက္ရဲ႕ဝယ္လိုအားမ်ားလာတာနဲ႔အမွ်အဝယ္ခံရတဲ့ပစၥည္းေဈးတက္လာတာထုံးစံပါပဲ။ေျခစြမ္းေတြျပသေနတဲ့ေအာင္သူရဲ႕တန္ေၾကးဟာလည္းအနာဂတ္မွာဒီထက္တန္ေၾကးပိုျမင့္လာမယ္ဆိုတာက်ိန္းေသပါပဲ။

credit – MyanmarNote

 

Unicodeဖြင့်ဖတ်ရန်

 

အမေရိကန်ဒေါ်လာ(၅)သိန်း( မြန်မာငွေသိန်း ၆၅၀၀)ဝန်းကျင် ထက်တန်ဖိုးပိုမြင့်လာနိုင်တဲ့အောင်သူ

 

ထိုင်းပရီးမီးယားလိဂ်ကလပ် Police Teroမှာအငှားသွားရောက်ကစားနေတဲ့မြန်မာ့လက်ရွေးစင်တိူက်စစ်မှှုးအောင်သူရဲ့တန်ကြေးကို အောင်သူရဲ့မိခင်ကလပ်ရတနာပုံအသင်းပိုင်ရှင်ဒေါက်တာစိုင်းကပြောင်းရွှေ အမေရိကန့်ကြေးဒေါ်လာ(၅)သိန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ဒေါ်လာ(၅)သိန်းဟာ မြန်မာငွေတန်ဖိုးနဲ့တွက်ကြည့်ရင်သိန်း(၆၅၀၀)ဝန်းကျင်အထိရှိတာမို့အောင်သူရဲ့ပြောင်းရွှေ့ကြေးဟာ လက်ရှိမြန်မာကစားသမားတွေထဲမှာ အမြင့်ဆုံးဖြစ်နေပါတယ်။ဆီးဂိမ်းအပြီးမှာ အောင်သူရဲ့ပြောင်းရွှေ့ကြေးဟာ ဒေါ်လာ(၃)သိန်းဝန်းကျင်သာရှိခဲ့ပေမယ့် အခုအချိန်မှာတော့သူ့ရဲ့တန်ကြေးဟာ အဆမတန်မြင့်တက်နေခဲ့ပါပြီ။

အောင်သူဟာလက်ရှိအငှားသွားကစားနေတဲ့Police Tero အသင်းမှာခြေစွမ်းပြလျှက်ရှိပြီး Police Tero အသင်း(၈)ပွဲကစားပြီးချိန်မှာ သွင်းဂိုး(၄)ဂိုးသွင်းယူထားနိုင်ပါတယ်။ ထိုင်းပရီးမီးယားလိဂ်လိုပြိုင်ဆိုင်မှှုပြင်းထန်တဲ့လိဂ်တစ်ခုမှာသွင်းဂိုးတွေရယူဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။အောင်သူအနေနဲ့သွင်းဂိုးတွေသွင်းယူနိုင်တဲ့အပြင် Man of the Match နှစ်ကြိမ်လည်းရရှိထားပါတယ်။ သူနောက်ဆုံးရခဲ့တဲ့Thai Port အသင်းနဲ့ပွဲမှာ နှစ်ဂိုးတိတိခြေစွမ်းပြဂိုးတွေ သွင်းယူပြီးအသင်းဖော်တိုက်စစ်မှှုး အန်ဒရီဂိုးသွင်းယူနိုင်ဖို့လည်းအကောင်းဆုံးဖန်တီးပေပို့မှှုတစ်ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။အောင်သူဟာ လက်ရှိအချိန်မှာ Police Tero အသင်းရဲ့Icon ကစားသမားတစ်ယောက်ဖြစ်နေပါပြီ။အောင်သူဟာFox Sports ကရွေးချယ်တဲ့တစ်ပတ်အတွင်းအကောင်းဆုံး ကစားသမားစာရင်းမှာ နှစ်ပတ်တိုင်တိုင်အရွေးချယ်ခံထားရပြီး Goal.com ကရွေးချယ်တဲ့ထိုင်းပရီးမီးယားလိဂ်တစ်ပတ်တာအကောင်းဆုံးလူငယ်ကစားသမားဆု ကိုလည်းရရှိထားပါတယ်။ပြီးခဲ့တဲ့အပတ်မှာလည်းခြေစွမ်းပြခဲ့တာကြောင့်ထိုင်းပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုရဖို့တစ်ပြေးနေတာကိုလည်း တွေ့ရပါတယ်။

အသက်(၂၂)သာရှိသေးတဲ့သူဟာလာမယ့်ပွဲစဉ်တွေမှာဆက်လက်ခြေစွမ်းပြပြီး သူ့ရဲ့တန်ကြေးကလည်းဒေါ်လာ(၅)သိန်းထက်ကိုပိုလာနိုင်ပါတယ်။ ဒီအချက်တွေကြောင့်ဒေါက်တာစိုင်းက အောင်သူကိုအပြီးသတ်ခေါ်ယူချင်ရင်အနိမ့်ဆုံးဒေါ်လာ(၅)သိန်းပေးရမယ်လို့Police Tero အသင်းကို သတင်းစကားပါးခဲ့တာပဲဖြစ်ပါတယ်။

အောင်သူရဲ့တန်ကြေးဟာ အာဆီယံကစားသမားတွေထဲမှာ အနည်းငယ်မြင့်နေနိုင်ပေမယ့်မြောင်တောင်၊ Thai Port၊ ဘူရီယမ်စတဲ့ထိုင်းပရီးမီးယားလိဂ်အသင်းကြီးတွေဟာ အောင်သူကိုစောင့်ကြည့်နေကြပါပြီ။ဈေးကွက်ရဲ့ဝယ်လိုအားများလာတာနဲ့အမျှအဝယ်ခံရတဲ့ပစ္စည်းဈေးတက်လာတာထုံးစံပါပဲ။ခြေစွမ်းတွေပြသနေတဲ့အောင်သူရဲ့တန်ကြေးဟာလည်းအနာဂတ်မှာဒီထက်တန်ကြေးပိုမြင့်လာမယ်ဆိုတာကျိန်းသေပါပဲ။

credit – MyanmarNote