Zawgyiျဖင့္ဖတ္ရန္

 

တ႐ုတ္ႏိုင္ငံက အမ်ိဳးသမီးတစ္ေယာက္ကေတာ့ သူမက သိပ္လွလြန္းေနလို႔ အလုပ္ရွင္ေတြက အလုပ္ခန႔္ရမွာကို မလိုလားၾကဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္ သူမဟာ အခုလို လမ္းေဘးမွာ ေတာင္းရမ္းစားေသာက္ေနရတယ္လို႔ သူမက ဆိုတာပါ။ အဆိုပါ အမ်ိဳးသမီးရဲ႕ ထုတ္ေဖာ္ခ်က္ဟာ တ႐ုတ္လူမႈကြန္ရက္ေပၚမွာ အေတာ္ေလး ေရပန္းစားေနပါတယ္။

အဆိုပါ အမ်ိဳးသမီးအမည္ကို သတင္းမီဒီယာေတြက ေဖာ္ျပထားျခင္းမရွိဘဲ အသက္ကေတာ့ (၃၀)ဝန္းက်င္ ျဖစ္ပါတယ္။ သူမရဲ႕ အေၾကာင္းျပခ်က္ဟာ အလြန္ထူးဆန္းေနၿပီး၊ ဒီကိစၥ အမွန္တကယ္ ဟုတ္မဟုတ္ဆိုတာကေတာ့ သူမဘက္က တစ္ဖက္သက္ ထုတ္ေဖာ္ေျပာဆိုထားတာျဖစ္လို႔ ျဖစ္ႏိုင္မျဖစ္ႏိုင္ ယုံၾကည္ဖို႔ ခက္ေနပါတယ္။

အဆိုပါ အမ်ိဳးသမီးဟာ လမ္းေဘးမွာ ဘုတ္ျပားေလးတစ္ခု ေထာင္ၿပီး ေတာင္းရမ္းစားေသာက္ေနတာပါ။ ဘုတ္ျပားမွာ ေရးထားတဲ့စာကေတာ့ ” ကြၽန္မက ဟူနန္ကပါ … သဘာဝအတိုင္း ေခ်ာေမာသူတစ္ေယာက္ပါ … က်န္းက်န္းမာမာ သန္သန္စြမ္းစြမ္းပါဘဲ … အလုပ္မရလို႔ ဒီမွာ ေတာင္းရမ္းစားေသာက္ေနတာရတာပါ … ရွင္တို႔ရဲ႕ ၾကင္နာတဲ့စိတ္ထားေလးေတြအတြက္ ေက်းဇူးတင္ပါတယ္ “ဆိုၿပီး ေရးသားထားပါတယ္။

သတင္းတစ္ခုမွာ ေဖာ္ျပထားတာကေတာ့ သူမဟာ ယခင္က စားပြဲထိုးဝန္ထမ္းအျဖစ္ အလုပ္လုပ္ခဲ့ဖူးၿပီး ဒီလိုေတာင္းရမ္းစားေသာက္မႈမတိုင္ခင္မွာ အလုပ္ကေန ထုတ္ပယ္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။ သူမဟာ ယူနန္ျပည္နယ္၊ Lijiang ၿမိဳ႕မွ ျဖစ္ေၾကာင္း ယင္းသတင္းမွာ ေဖာ္ျပထားၿပီး တစ္ခ်ိဳ႕ကေတာ့ သူမ်ားလို လုပ္ကိုင္စားေသာက္ႏိုင္ပါလွ်က္ ေတာင္းရမ္းစားေသာက္ေနတဲ့ အဆိုပါအမ်ိဳးသမီးကို အျပစ္ဖို႔ေနတယ္လို႔ သိရပါတယ္။

Credit:နတ္စည္ေတာ္ (Shwemom)

source : viral4real.com

Unicodeဖြင့်ဖတ်ရန်

 

သူမက သိပ်လှတော့ အလုပ်ခန့်မယ့်သူမရှိလို့ တောင်းစားနေရတယ်ဆိုတဲ့ အမျိုးသမီး

 

တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ကတော့ သူမက သိပ်လှလွန်းနေလို့ အလုပ်ရှင်တွေက အလုပ်ခန့်ရမှာကို မလိုလားကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူမဟာ အခုလို လမ်းဘေးမှာ တောင်းရမ်းစားသောက်နေရတယ်လို့ သူမက ဆိုတာပါ။ အဆိုပါ အမျိုးသမီးရဲ့ ထုတ်ဖော်ချက်ဟာ တရုတ်လူမှုကွန်ရက်ပေါ်မှာ အတော်လေး ရေပန်းစားနေပါတယ်။

အဆိုပါ အမျိုးသမီးအမည်ကို သတင်းမီဒီယာတွေက ဖော်ပြထားခြင်းမရှိဘဲ အသက်ကတော့ (၃၀)ဝန်းကျင် ဖြစ်ပါတယ်။ သူမရဲ့ အကြောင်းပြချက်ဟာ အလွန်ထူးဆန်းနေပြီး၊ ဒီကိစ္စ အမှန်တကယ် ဟုတ်မဟုတ်ဆိုတာကတော့ သူမဘက်က တစ်ဖက်သက် ထုတ်ဖော်ပြောဆိုထားတာဖြစ်လို့ ဖြစ်နိုင်မဖြစ်နိုင် ယုံကြည်ဖို့ ခက်နေပါတယ်။

အဆိုပါ အမျိုးသမီးဟာ လမ်းဘေးမှာ ဘုတ်ပြားလေးတစ်ခု ထောင်ပြီး တောင်းရမ်းစားသောက်နေတာပါ။ ဘုတ်ပြားမှာ ရေးထားတဲ့စာကတော့ ” ကျွန်မက ဟူနန်ကပါ … သဘာဝအတိုင်း ချောမောသူတစ်ယောက်ပါ … ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းပါဘဲ … အလုပ်မရလို့ ဒီမှာ တောင်းရမ်းစားသောက်နေတာရတာပါ … ရှင်တို့ရဲ့ ကြင်နာတဲ့စိတ်ထားလေးတွေအတွက် ကျေးဇူးတင်ပါတယ် “ဆိုပြီး ရေးသားထားပါတယ်။

သတင်းတစ်ခုမှာ ဖော်ပြထားတာကတော့ သူမဟာ ယခင်က စားပွဲထိုးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ဖူးပြီး ဒီလိုတောင်းရမ်းစားသောက်မှုမတိုင်ခင်မှာ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူမဟာ ယူနန်ပြည်နယ်၊ Lijiang မြို့မှ ဖြစ်ကြောင်း ယင်းသတင်းမှာ ဖော်ပြထားပြီး တစ်ချို့ကတော့ သူများလို လုပ်ကိုင်စားသောက်နိုင်ပါလျှက် တောင်းရမ်းစားသောက်နေတဲ့ အဆိုပါအမျိုးသမီးကို အပြစ်ဖို့နေတယ်လို့ သိရပါတယ်။

Credit:နတ်စည်တော် (Shwemom)

source : viral4real.com