27 C
Yangon
Monday, December 17, 2018


1607
0

Zawgyiဖြင့်ဖတ်ရန်







Credit:Saw

Source; May Thu’s ig

Unicodeဖြင့်ဖတ်ရန်

သားလေးကို ချော့မြူနေတဲ့ ယွန်းဝတီလွင်မိုးရဲ့ ဗီဒီယို

ချစ်စရာကောင်းတဲ့ ကောင်မလေး ယွန်းဝတီလွင်မိုးက ငယ်စဉ်ကတည်းက ကြော်ငြာတွေ သီချင်း Mtv တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူလေးဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးဟာ မင်းသားကြီး လွင်မိုးရဲ့သမီးဖြစ်လို့ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံရသလို သူမရဲ့ ချောမောလှပတဲ့ မျက်နှာလေးကြောင့်လဲ ပရိသတ်တွေက ချစ်ခင်အားပေးကြပါတယ်။ ယွန်းဝတီလွင်မိုးဟာ အနေအေးပြီး တည်ငြိမ်သူလေးတစ်ဦးမို့လို့လဲ ကိုကိုတွေ မောင်မောင်တွေရဲ့ဝန်းရံအားပေးခြင်းကို ယနေ့တိုင်ခံနေရသူပါ။

ပရိသတ်ကြီးချစ်တဲ့ ယွန်းဝတီလွင်မိုးက ဇန်နဝါရီလမှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့အတူတူ သြစတေးလျမှာ ကောလိပ်တက်ဖို့ သွားရောက်နေထိုင်ခဲ့ပါတယ်။ ယွန်းဝတီလွင်မိုးက သြစတေးလျမှာ နေထိုင်ရင်း ကိုယ်ဝန်ရခဲ့တာဖြစ်ပြီး သားလေးကို သြဂုတ်လမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးက မိဘအိမ်မှာ ပျော်ပျော်နေထိုင်ပြီး မိခက်ဖြစ်သူ မေသူကလဲ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးပါတယ်။ မေသူက သမီးလေးနဲ့မြေးလေးရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို သူမရဲ့ Instagram မှာတင်ထားပါတယ်။

Liam လေးကို ချော့မြူနေတဲ့ ယွန်းဝတီလွင်မိုး

Liam လေးက တကယ့်ဖိုးကံကောင်းလေးပါပဲ။ လွင်မိုးနဲ့ မေသူတို့ရဲ့ ပထမဦးဆုံး မြေးယောကျာ်းလေးလဲဖြစ်တော့ ဖိုးဖိုးဖွားဖွားတွေက တုန်နေအောင်ချစ်နေရမှာပဲ။

ယွန်းဝတီလွင်မိုးကလဲ အသက်သာငယ်ပေမယ့် မိခင်မေတ္တာအပြည့်အဝပေးနိုင်ပြီး သားလေးကို စောင့်ရှောက်မှုအပြည့်ပေးနိုင်တဲ့ မိခင်ကောင်းတစ်ဦးပါ။ ယွန်းဝတီလွင်မိုးတို့ မိသားစုလေးကို ကြည့်ရတာ တကယ်ပျော်ဖို့ကောင်းတယ်နော်။ ပရိသတ်ကြီးလဲ ယွန်းဝတီလွင်မိုးတို့ မိသားစုလေးကို ချစ်ရင် Like & Share လုပ်သွားဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit:Saw

Source; May Thu’s ig

LEAVE A REPLY