24 C
Yangon
Friday, January 21, 2022
ခရီးသည္တစ္ဦး တင္လုိက္တဲ့ပုံေၾကာင့္ လူမႈကြန္ရက္မွာ နာမည္ႀကီးသြားတဲ့ ေလယာဥ္မယ္ေလး

ခရီးသည္တစ္ဦး တင္လုိက္တဲ့ပုံေၾကာင့္ လူမႈကြန္ရက္မွာ နာမည္ႀကီးသြားတဲ့ ေလယာဥ္မယ္ေလး

7350
0

Zawgyiျဖင့္ဖတ္ရန္

 

မေလးရွားႏုိင္ငံသူတစ္ေယာက္ျဖစ္တဲ့ AirAsia ေလေၾကာင္းလုိင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ေလယာဥ္မယ္ေလးတစ္ဦးဟာ ခရီးသည္တစ္ဦးက တိတ္တိတ္ကေလး ႐ိုက္ယူခဲ့တဲ့ သူမရဲ႕ဓာတ္ပုံတစ္ခ်ိဳ႕ကုိ လူမႈကြန္ရက္ေပၚမွာ တင္ခဲ့ၿပီးေနာက္၊ ေန႔ခ်င္းညခ်င္း ဆယ္လီဘဝကုိ ေရာက္သြားပါေတာ့တယ္။


ေလယာဥ္မယ္ေလးဓာတ္ပုံကို တင္ခဲ့သူကေတာ့ George Wong အမည္ရအမ်ိဳးသားျဖစ္ၿပီး ၿပီးခဲ့တဲ့ ေအာက္တုိဘာလ (၁၂)ရက္ ေသာၾကာေန႔က ” စာရိတ္လည္း သက္သာ၊ မယုံႏုိင္ဖြယ္ရာ ျမင္ကြင္းေတြနဲ႔ ဘာကို အျပစ္တင္ရေတာ့မွာလဲဗ်ာ “ဆုိတဲ့ Caption နဲ႔အတူ ေလယာဥ္မယ္ေလးရဲ႕ဓာတ္ပုံေတြကို တြဲၿပီးတင္ခဲ့တာပါ။

အဆုိပါ ဓာတ္ပုံေတြဟာ လူမႈကြန္ရက္ေပၚမွာ အလြန္ေရပန္းစားသြားၿပီး ဘယ္ေလေၾကာင္းက ေလယာဥ္မယ္ေလးလဲ၊ နာမည္ဘယ္လုိ ေခၚသလဲ၊ သူမရဲ႕အေကာင့္ကို အလင္းျပပါ စသျဖင့္ မွတ္ခ်က္ေရးသူေတြ မ်ားျပားခဲ့ပါတယ္။ Wong ရဲ႕ ပို႔စ္ကို Like ျပဳလုပ္သူ (၁၇၀၀)၊ မွတ္ခ်က္ေရးသူ (၅၉၈)ေယာက္၊ ျပန္လည္မွ်ေဝသူ (၃၉၀၀)အထိ ရွိခဲ့ပါတယ္။

အဆုိပါ ေလယာဥ္မယ္ေလးရဲ႕အမည္မွာ Mabel Goo ျဖစ္ၿပီး၊ သူမရဲ႕ လူမႈကြန္ရက္ အင္စတာဂရမ္မွာေတာ့ ဒီဓာတ္ပုံေတြ ထြက္ေပၚလာၿပီးေနာက္ Follower ေပါင္း (၇၂၉၀၀)အထိ တုိးပြားလာခဲ့ၿပီး၊ Facebook မွာေတာ့ (၂၆၄၉၈)အထိ ရွိလာခဲ့ေၾကာင္း သိရပါတယ္။

Credit:နတ္စည္ေတာ္ (MyanmarNote)

source : nextshark.com

 

Unicodeဖြင့်ဖတ်ရန်

 

ခရီးသည်တစ်ဦး တင်လိုက်တဲ့ပုံကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးသွားတဲ့ လေယာဉ်မယ်လေး

 

မလေးရှားနိုင်ငံသူတစ်ယောက်ဖြစ်တဲ့ AirAsia လေကြောင်းလိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်မယ်လေးတစ်ဦးဟာ ခရီးသည်တစ်ဦးက တိတ်တိတ်ကလေး ရိုက်ယူခဲ့တဲ့ သူမရဲ့ဓာတ်ပုံတစ်ချို့ကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပြီးနောက်၊ နေ့ချင်းညချင်း ဆယ်လီဘဝကို ရောက်သွားပါတော့တယ်။
လေယာဉ်မယ်လေးဓာတ်ပုံကို တင်ခဲ့သူကတော့ George Wong အမည်ရအမျိုးသားဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၂)ရက် သောကြာနေ့က ” စာရိတ်လည်း သက်သာ၊ မယုံနိုင်ဖွယ်ရာ မြင်ကွင်းတွေနဲ့ ဘာကို အပြစ်တင်ရတော့မှာလဲဗျာ “ဆိုတဲ့ Caption နဲ့အတူ လေယာဉ်မယ်လေးရဲ့ဓာတ်ပုံတွေကို တွဲပြီးတင်ခဲ့တာပါ။

အဆိုပါ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာ အလွန်ရေပန်းစားသွားပြီး ဘယ်လေကြောင်းက လေယာဉ်မယ်လေးလဲ၊ နာမည်ဘယ်လို ခေါ်သလဲ၊ သူမရဲ့အကောင့်ကို အလင်းပြပါ စသဖြင့် မှတ်ချက်ရေးသူတွေ များပြားခဲ့ပါတယ်။ Wong ရဲ့ ပို့စ်ကို Like ပြုလုပ်သူ (၁၇၀၀)၊ မှတ်ချက်ရေးသူ (၅၉၈)ယောက်၊ ပြန်လည်မျှဝေသူ (၃၉၀၀)အထိ ရှိခဲ့ပါတယ်။

အဆိုပါ လေယာဉ်မယ်လေးရဲ့အမည်မှာ Mabel Goo ဖြစ်ပြီး၊ သူမရဲ့ လူမှုကွန်ရက် အင်စတာဂရမ်မှာတော့ ဒီဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် Follower ပေါင်း (၇၂၉၀၀)အထိ တိုးပွားလာခဲ့ပြီး၊ Facebook မှာတော့ (၂၆၄၉၈)အထိ ရှိလာခဲ့ကြောင်း သိရပါတယ်။

Credit:နတ်စည်တော် (MyanmarNote)

source : nextshark.com