23 C
Yangon
Monday, February 24, 2020
ပစၥည္းခိုးခဲ့တဲ့ သမီးအရင္းကို မိခင္ကိုယ္တိုင္ လူျမင္ကြင္းမွာ ႐ိုက္ႏွက္ဆုံးမ

ပစၥည္းခိုးခဲ့တဲ့ သမီးအရင္းကို မိခင္ကိုယ္တိုင္ လူျမင္ကြင္းမွာ ႐ိုက္ႏွက္ဆုံးမ

6360
0

Zawgyiျဖင့္ဖတ္ရန္

 

ေဈးထဲကဆိုင္တစ္ခုမွာ ပစၥည္းခိုးယူခဲ့တယ္လို႔ စြပ္စြဲခံရတဲ့ သမီးအရင္းျဖစ္သူကို မိခင္ျဖစ္သူက လူတစ္ရာေလာက္ရဲ႕ေရွ႕မွာ တုတ္နဲ႔ (၁၅)ခ်က္အထိ ႐ိုက္ႏွက္ၿပီး အျပစ္ေပးခဲ့တယ္လို႔ သိရပါတယ္။ မိခင္ျဖစ္သူဟာ သမီးကို စိတ္ရွိလက္ရွိ ႐ိုက္ႏွက္ၿပီးေနာက္ ႏွစ္ဦးသား ဖက္ၿပီးငိုခဲ့ၾကတယ္လို႔ ဆိုပါတယ္။

သမီးျဖစ္သူဟာ ဆိုင္တစ္ခုကေန အဝတ္အထည္အခ်ိဳ႕ ခိုးယူခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရၿပီး၊ လက္ပူးလက္ၾကပ္ ဖမ္းမိခဲ့တယ္လို႔ ဆိုပါတယ္။ ဒီအျဖစ္အပ်က္ဟာ ဂြါတီမာလာ အေရွ႕ပိုင္းမွာ ျဖစ္ခဲ့တာပါ။ ခိုးမႈက်ဴးလြန္ခဲ့တဲ့ အမ်ိဳးသမီးရဲ႕နာမည္ကေတာ့ Tomasa Tzoc Tipaz လို႔ သိရၿပီး၊ မိခင္ရဲ႕ျပင္းထန္တဲ့ ႐ိုက္ႏွက္မႈေအာက္မွာ ေဝဒနာႀကီးစြာ ခံစားခဲ့ရပါတယ္။

အခင္းျဖစ္ခဲ့ရာ ေက်း႐ြာကေတာ့ San Antonio Ilotenango လို႔ သိရၿပီး ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ခိုးမႈက်ဴးလြန္တဲ့ Tzoc ကို မိခင္ကိုယ္တိုင္ လူျမင္ကြင္းမွာ ႐ိုက္ႏွက္အျပစ္ေပးဖို႔ စီရင္ခ်က္ခ်မွတ္ခဲ့တာလို႔ သိရပါတယ္။ မိခင္႐ိုက္ႏွက္ၿပီးေနာက္မွာေတာ့ အမ်ိဳးသမီး အုပ္ခ်ဳပ္ေရးမႉး (ၿမိဳ႕ေတာ္ဝန္ဟုလည္း ေဖာ္ျပ) Maria Lucas ကိုယ္တိုင္ ႐ိုက္ႏွက္ဆုံးမခဲ့ေသးတယ္လို႔ သိရပါတယ္။

Tzoc ကို သစ္ကိုင္း ခပ္ႀကီးႀကီးနဲ႔ ႐ိုက္ႏွက္ဆုံးမခဲ့တာျဖစ္ၿပီး သူမတို႔ သားအမိႏွစ္ေယာက္ဟာ အျပစ္ေပးမႈ ၿပီးဆုံးတဲ့အခါမွာေတာ့ အခ်င္းခ်င္းဖက္ၿပီး ငိုေႂကြးခဲ့တယ္လို႔ သိရပါတယ္။ သက္ဆိုင္ရာရဲ႕ ထုတ္ျပန္ခ်က္မွာ အျခားခိုးမႈနဲ႔ သံသယရွိသူႏွစ္ဦးကိုလည္း ဖမ္းဆီးထားေသးတယ္လို႔ သိရပါတယ္။

Credit:လင္းသူရိန္ (MyanmarNote)

source : dailymail.co.uk

Unicodeဖြင့်ဖတ်ရန်

 

ပစ္စည်းခိုးခဲ့တဲ့ သမီးအရင်းကို မိခင်ကိုယ်တိုင် လူမြင်ကွင်းမှာ ရိုက်နှက်ဆုံးမ

 

ဈေးထဲကဆိုင်တစ်ခုမှာ ပစ္စည်းခိုးယူခဲ့တယ်လို့ စွပ်စွဲခံရတဲ့ သမီးအရင်းဖြစ်သူကို မိခင်ဖြစ်သူက လူတစ်ရာလောက်ရဲ့ရှေ့မှာ တုတ်နဲ့ (၁၅)ချက်အထိ ရိုက်နှက်ပြီး အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူဟာ သမီးကို စိတ်ရှိလက်ရှိ ရိုက်နှက်ပြီးနောက် နှစ်ဦးသား ဖက်ပြီးငိုခဲ့ကြတယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူဟာ ဆိုင်တစ်ခုကနေ အဝတ်အထည်အချို့ ခိုးယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး၊ လက်ပူးလက်ကြပ် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ဂွါတီမာလာ အရှေ့ပိုင်းမှာ ဖြစ်ခဲ့တာပါ။ ခိုးမှုကျူးလွန်ခဲ့တဲ့ အမျိုးသမီးရဲ့နာမည်ကတော့ Tomasa Tzoc Tipaz လို့ သိရပြီး၊ မိခင်ရဲ့ပြင်းထန်တဲ့ ရိုက်နှက်မှုအောက်မှာ ဝေဒနာကြီးစွာ ခံစားခဲ့ရပါတယ်။

အခင်းဖြစ်ခဲ့ရာ ကျေးရွာကတော့ San Antonio Ilotenango လို့ သိရပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ခိုးမှုကျူးလွန်တဲ့ Tzoc ကို မိခင်ကိုယ်တိုင် လူမြင်ကွင်းမှာ ရိုက်နှက်အပြစ်ပေးဖို့ စီရင်ချက်ချမှတ်ခဲ့တာလို့ သိရပါတယ်။ မိခင်ရိုက်နှက်ပြီးနောက်မှာတော့ အမျိုးသမီး အုပ်ချုပ်ရေးမှူး (မြို့တော်ဝန်ဟုလည်း ဖော်ပြ) Maria Lucas ကိုယ်တိုင် ရိုက်နှက်ဆုံးမခဲ့သေးတယ်လို့ သိရပါတယ်။

Tzoc ကို သစ်ကိုင်း ခပ်ကြီးကြီးနဲ့ ရိုက်နှက်ဆုံးမခဲ့တာဖြစ်ပြီး သူမတို့ သားအမိနှစ်ယောက်ဟာ အပြစ်ပေးမှု ပြီးဆုံးတဲ့အခါမှာတော့ အချင်းချင်းဖက်ပြီး ငိုကြွေးခဲ့တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်မှာ အခြားခိုးမှုနဲ့ သံသယရှိသူနှစ်ဦးကိုလည်း ဖမ်းဆီးထားသေးတယ်လို့ သိရပါတယ်။

Credit:လင်းသူရိန် (MyanmarNote)

source : dailymail.co.uk