25 C
Yangon
Friday, April 3, 2020
ႏိုင္ငံေတာ္အသုံးစရိတ္ ခ်ိဳးျခံေခၽြတာေရးအတြက္ ဇိမ္ခံကားေတြကုုိ ေလလံတင္ေရာငး္ခ်ေနတဲ့ ၀န္ျကီး

ႏိုင္ငံေတာ္အသုံးစရိတ္ ခ်ိဳးျခံေခၽြတာေရးအတြက္ ဇိမ္ခံကားေတြကုုိ ေလလံတင္ေရာငး္ခ်ေနတဲ့ ၀န္ျကီး

409
0

Zawgyiျဖင့္ဖတ္ရန္

 

ပါကစၥတန္ႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္သစ္ အီမရန္ခန္က ႏိုင္ငံေတာ္အသုံးစရိတ္ခ်ိဳး ၿခံေခၽြတာေရးအတြက္ အားတက္သေရာ လုပ္ေဆာင္ေနခဲ့ၿပီး ဝန္ႀကီးခ်ဳပ္အစိုးရ အိမ္ေတာ္မွ တန္ဖိုးျမင့္ေမာ္ေတာ္ယာဥ္ အစီးေရ ၁၀၀ ေက်ာ္ကို ေလလံတင္ ေရာင္းခ်သြားခဲ့ေၾကာင္းသိရသည္။

အစိုး ရပိုင္ေမာ္ေတာ္ယာဥ္မ်ားကို စုစည္းကာ ေလလံတင္ေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ေလလံေရာင္းခ်မႈမွ ရရွိသည့္ေငြမ်ားကို ႏိုင္ငံေတာ္ဘ႑ာေငြ တိုးျမႇင့္စုေဆာင္း ႏိုင္ေရးအတြက္ ရည္႐ြယ္ကာ က်င္း ပခဲ့ျခင္းျဖစ္ေၾကာင္း ပါကစၥတန္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ မိုဟာမက္အဆစ္ဖ္ က ေျပာၾကားခဲ့သည္။

ဝန္ႀကီးခ်ဳပ္အိမ္ ေတာ္ ဥပစာတြင္ ေမာ္ေတာ္ယာဥ္မ်ားကို စုစည္းျပသထားကာ ေလလံအေရာင္းပြဲ က်င္းပသြားခဲ့ျခင္း ျဖစ္သည္။ အစိုးရပိုင္ တန္ဖိုးျမင့္ ေမာ္ေတာ္ယာဥ္ အစီးေရ ၁၀၂ စီးကို ေလလံပြဲ၌ ျပသေရာင္းခ်ထားခဲ့ ေသာ္လည္း ၆၁ စီးသာ ေရာင္းထြက္ခဲ့ၿပီး ေလလံပြဲမွ႐ူပီး သန္း၂၀၀ နီးပါး( ေဒၚလာ ၁ ဒသမ ၆ သန္း)ရရွိခဲ့ေၾကာင္း မိုဟာ မက္အဆစ္ဖ္က ဆိုသည္။

ေလလံအ ေရာင္းပြဲတြင္ က်ည္ကာေမာ္ေတာ္ယာဥ္ ၂၇ စီးအပါအဝင္ တန္ဖိုးျမင့္ ေမာ္ေတာ္ ယာဥ္အမ်ိဳးမ်ိဳးကို ထည့္သြင္း ေရာင္းခ်ခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။
ဝန္ႀကီးခ်ဳပ္ အျဖစ္ က်မ္းသစၥာ က်ိန္ဆိုပြဲတြင္ ႏိုင္ငံ ေတာ္အသုံးစရိတ္မ်ားကို အတတ္ႏိုင္ဆုံးေလၽွာ႔ခ်သုံးစြဲသြားမည္ျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ အိမ္ေတာ္တြင္အမႈထမ္း ၅၂၄ ဦးရွိသည့္ အနက္ ႏွစ္ဦးကိုသာ ခန္႔အပ္ထားရွိမည္ ျဖစ္ကာ ဝန္ႀကီးခ်ဳပ္အတြက္ သီးသန္႔ထား ရွိသည့္ က်ည္ကာေမာ္ေတာ္ယာဥ္ ၃၁ စီးမွ ႏွစ္စီးကိုသာသုံးစြဲသြားၿပီး က်န္ရွိ သမၽွကို ေလလံတင္ေရာင္းခ်ကာ ႏိုင္ငံ ေတာ္ဘ႑ာေငြစုေဆာင္းသြားမည္ျဖစ္ ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားခဲ့ျခင္း ျဖစ္သည္။

သံသာ

Credit:Pyi Myanmar

 

Unicodeဖြင့်ဖတ်ရန်

 

နိုင်ငံတော်အသုံးစရိတ် ချိုးခြံချွေတာရေးအတွက် ဇိမ်ခံကားတွေကို လေလံတင်ရောင်းချနေတဲ့ ဝန်ကြီး

 

ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ် အီမရန်ခန်က နိုင်ငံတော်အသုံးစရိတ်ချိုး ခြံချွေတာရေးအတွက် အားတက်သရော လုပ်ဆောင်နေခဲ့ပြီး ဝန်ကြီးချုပ်အစိုးရ အိမ်တော်မှ တန်ဖိုးမြင့်မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော်ကို လေလံတင် ရောင်းချသွားခဲ့ကြောင်းသိရသည်။

အစိုး ရပိုင်မော်တော်ယာဉ်များကို စုစည်းကာ လေလံတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေလံရောင်းချမှုမှ ရရှိသည့်ငွေများကို နိုင်ငံတော်ဘဏ္ဍာငွေ တိုးမြှင့်စုဆောင်း နိုင်ရေးအတွက် ရည်ရွယ်ကာ ကျင်း ပခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အဆစ်ဖ် က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အိမ် တော် ဥပစာတွင် မော်တော်ယာဉ်များကို စုစည်းပြသထားကာ လေလံအရောင်းပွဲ ကျင်းပသွားခဲ့ခြင်း ဖြစ်သည်။ အစိုးရပိုင် တန်ဖိုးမြင့် မော်တော်ယာဉ် အစီးရေ ၁၀၂ စီးကို လေလံပွဲ၌ ပြသရောင်းချထားခဲ့ သော်လည်း ၆၁ စီးသာ ရောင်းထွက်ခဲ့ပြီး လေလံပွဲမှရူပီး သန်း၂၀၀ နီးပါး( ဒေါ်လာ ၁ ဒသမ ၆ သန်း)ရရှိခဲ့ကြောင်း မိုဟာ မက်အဆစ်ဖ်က ဆိုသည်။

လေလံအ ရောင်းပွဲတွင် ကျည်ကာမော်တော်ယာဉ် ၂၇ စီးအပါအဝင် တန်ဖိုးမြင့် မော်တော် ယာဉ်အမျိုးမျိုးကို ထည့်သွင်း ရောင်းချခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် နိုင်ငံ တော်အသုံးစရိတ်များကို အတတ်နိုင်ဆုံးလျှော့ချသုံးစွဲသွားမည်ဖြစ်ပြီး ဝန်ကြီးချုပ် အိမ်တော်တွင်အမှုထမ်း ၅၂၄ ဦးရှိသည့် အနက် နှစ်ဦးကိုသာ ခန့်အပ်ထားရှိမည် ဖြစ်ကာ ဝန်ကြီးချုပ်အတွက် သီးသန့်ထား ရှိသည့် ကျည်ကာမော်တော်ယာဉ် ၃၁ စီးမှ နှစ်စီးကိုသာသုံးစွဲသွားပြီး ကျန်ရှိ သမျှကို လေလံတင်ရောင်းချကာ နိုင်ငံ တော်ဘဏ္ဍာငွေစုဆောင်းသွားမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ခြင်း ဖြစ်သည်။

သံသာ

Credit:Pyi Myanmar