25 C
Yangon
Saturday, August 15, 2020
ေမြးေန႔ ရက္မ်ားက ေျပာေသာ လူတေယာက္ရဲ႕ အမူအက်င့္မ်ား

ေမြးေန႔ ရက္မ်ားက ေျပာေသာ လူတေယာက္ရဲ႕ အမူအက်င့္မ်ား

4416
0

Zawgyiျဖင့္ဖတ္ရန္

 

ေမြးေန႔ အလိုက္ တိရိစာၦန္အေကာင္ေလး မ်ားနဲ႔ တင္စားထားတဲ့လူတေယာက္ရဲ႕ အမႈအက်င့္ေတြ ဘယ္လိုရွိတယ္ဆိုတာ ကိုယ့္ေမြးေန႔ရက္ေလးနဲ႔တြက္ၾကည့္ရတဲ့ ေဗဒင္ ေလးကို ျပန္လည္ကူးယူ တင္ျပေပးလိုက္ပါတယ္..

သူငယ္ခ်င္းတို႔လည္း ေဗဒင္ ဝါသနာ ပါသည္ျဖစ္ေစ ဝါသနာ မပါလည္း အေပ်ာ္ သေဘာေလးေတာ့ တြက္ၾကည့္ လိုက္ေနာ္…….. ။

(၁)ဇန္နဝါရီ

၀၁ – ၀၉ ေခြး

၁၀ – ၂၄ ႂကြက္

၂၅ – ၃၁ ျခေသၤ့

(၂)ေဖေဖာ္ဝါရီ

၀၁ – ၀၅ ေၾကာင္

၀၆ – ၁၄ ခ်ိဳးငွက္

၁၅ – ၂၁ လိပ္

၂၂ – ၂၈ က်ားသစ္နက္

(၃)မတ္

၀၁ – ၁၂ ေမ်ာက္

၁၃ – ၁၅ ျခေသၤ့

၁၆ – ၂၃ ႂကြက္

၂၄ – ၃၁ ေၾကာင္

(၄)ဧၿပီ

၀၁ – ၀၃ ေခြး

၄ – ၁၄ က်ားသစ္နက္

၁၅ – ၂၆ ႂကြက္

၂၇ – ၃၀ လိပ္

(၅)ေမ

၀၁ – ၁၃ ေမ်ာက္

၁၄ – ၂၁ ခ်ိဳးငွက္

၂၂ – ၃၁ ျခေသၤ့

(၆)ဇြန္

၀၁ – ၀၃ ႂကြက္

၄ – ၁၄ လိပ္

၁၅ – ၂၀ ေခြး

၂၁ – ၂၄ ေမ်ာက္

၂၅ – ၃၀ ေၾကာင္

(၇)ဇူလိုင္

၀၁ – ၀၉ ႂကြက္

၁၀ – ၁၅ ေခြး

၁၆ – ၂၆ ခ်ိဳးငွက္

၂၇ – ၃၁ ေၾကာင္

(၈)ၾသဂုတ္

၀၁ – ၁၅ ေမ်ာက္

၁၆ – ၂၅ ႂကြက္

၂၆ – ၃၁ လိပ္

(၉)စက္တင္ဘာ

၀၁ – ၁၄ ခ်ိဳးငွက္

၁၅ – ၂၇ ေၾကာင္

၂၈ – ၃၀ ေခြး

(၁၀)ေအာက္တိုဘာ

၀၁ – ၁၅ ေမ်ာက္

၁၆ – ၂၇ လိပ္

၂၈ – ၃၁ က်ားသစ္နက္

(၁၁)ႏိုဝင္ဘာ

၀၁ – ၁၆ ျခေသၤ့

၁၇ – ၃၀ ေၾကာင္

(၁၂)ဒီဇင္ဘာ

၀၁ – ၁၆ ေခြး

၁၇ – ၂၅ ေမ်ာက္

၂၆ – ၃၁ ခ်ိဳးငွက္

(၁)ေခြး ေမြးေန႔

၁။ အကယ္၍ သင့္ေမြးရက္သည္ ေခြး ျဖစ္ပါက အလြန္ သစၥာရွိၿပီး သေဘာေကာင္းသူျဖစ္သည္။ သင္၏ သစၥာရွိမႈကို လုံး၀ သံသယ ျဖစ္စရာ မလိုေပ။ အလုပ္ႏွင့္ပတ္သက္ၿပီး ႐ိုးသား ေျဖာင့္မတ္ကာ အလုပ္ကို ေလးစားသူ ျဖစ္ၿပီး ပင္ကိုစိတ္ရင္း အားျဖင့္ လည္း ႐ိုးသားသူတစ္ဦး ျဖစ္သည္။ အမ်ားတကာႏွင့္ဆက္ဆံရာတြင္ မိမိကိုယ္မိမိ ႐ိုက်ိဳး၊ ႏွိမ့္ခ် ဆက္ဆံ တတ္သူလည္း ျဖစ္သည္။ ထို႔ေၾကာင့္ မိတ္ေတြအေပါင္းအသင္းမ်ား အလယ္တြင္ အားလုံး၏ ခ်စ္ခင္မႈကိုရယူႏိုင္စြမ္း ရွိၿပီး ဝတ္စားဆင္ယင္မႈႏွင့္ ပတ္သက္၍ လည္း လိုက္ဖက္သည့္အဝတ္အစားမ်ားကို ေ႐ြးခ်ယ္တတ္သည္။ အသစ္အဆန္းကို မက္ေမာတတ္သူ ျဖစ္သျဖင့္ေခတ္ေပၚ အဝတ္ အစား မဝယ္ႏိုင္သည့္ အခါမ်ားတြင္ စိတ္ဓါတ္က်ေလ့ ရွိသည္။ ဘဝကို သက္သက္သာသာ ေက်ာ္ျဖတ္သူမ်ား ျဖစ္ၿပီး အေပါင္း အသင္းမ်ား အလယ္တြင္ထင္ေပၚ ေက်ာ္ၾကားသူလည္း ျဖစ္သည္။ သိကၡာရွိေသာ အေပါင္း အသင္းမ်ားႏွင့္သာ ေပါင္းသင္းေလ့ ရွိသူလည္း ျဖစ္သည္။

(၂)ႂကြက္ ေမြးေန႔

၂။ အကယ္၍ သင့္ေမြးေန႔သည္ ႂကြက္ျဖစ္ပါက သင္သည္ အေပါင္းအသင္းမ်ားအား ေနာက္ေျပာင္တတ္သူ ျဖစ္သည္။ ေပ်ာ္႐ႊင္တတ္ေသာ အေငြ႕အသက္မ်ားသင့္မ်က္ဝန္းတြင္ ေတြ႕ျမင္ေနရသည့္အတြက္ လူတိုင္းကို ဆြဲေဆာင္ႏိုင္စြမ္းရွိသည္။ ထို႔ေၾကာင့္ လူအမ်ားက သင္ႏွင့္ ေပါင္းသင္းရန္ လိုလားၾကၿပီးလူစုံသည့္ ပြဲလမ္း သဘင္မ်ားတြင္လည္း သင္ရွိေနေစရန္ လိုလား ၾကသည္။ သို႔ေသာ္သင္သည္ စိတ္ဆတ္သူ ျဖစ္သည္။ သင္ႏွင့္ စကားေျပာရန္ အေပါင္းအသင္းမ်ားက စကားလုံးကို ေ႐ြးခ်ယ္ ေျပာမွသာ ျဖစ္သည္။ စကား အမွားမခံ။ တစ္စုံတေယာက္ကစကားမွား ေျပာမိလွ်င္လည္း ခြင့္လႊတ္ႏိုင္စြမ္း မရွိသူ ျဖစ္သည္။

(၃)ျခေသၤ့ ေမြးေန႔

၃။ အကယ္၍ သင့္ေမြးေန႔သည္ ျခေသ့ၤၤ့ ျဖစ္ပါက သင္သည္ ျခေသၤ့၏ သေဘာထားႏွင့္ဆန႔္က်င္စြာ ၿငိမ္းခ်မ္းေရးကို လိုလား ႏွစ္သက္သူ ျဖစ္သည္။ ရန္ကိုေရွာင္ရွားေလ့ ရွိၿပီး တင္းမာမႈ အေျခအေန မ်ိဳးကိုပါ လက္မခံတတ္သူ ျဖစ္သည္။ အိမ္တြင္းမွာထက္ အျပင္မွာ ေပ်ာ္ေမြ႕သူ ျဖစ္ၿပီး တစ္ေနရာတည္းတြင္ ၾကာရွည္ေနရန္ မလိုလားသူလည္း ျဖစ္သည္။ ေမြးရာပါ ေခါင္းေဆာင္ ဗီဇ ရွိသူ ျဖစ္သည္။လုပ္ငန္းခြင္တြင္ အေပါင္း အသင္းမ်ားအား အလုပ္ တြင္က်ယ္ေစရန္ နည္းပရိယာယ္ႂကြယ္ဝစြာျဖင့္ စည္း႐ုံး သိမ္းသြင္း ႏိုင္ သူလည္း ျဖစ္သည္။ သူတပါး၏ခ်စ္ခင္ ျမတ္ႏိုးမႈကို လိုလားၿပီး တစုံတစ္ေယာက္က ကိုယ့္ကို ဂ႐ုစိုက္ၿပီဆိုလွ်င္ ကိုယ္က သူ ဂ႐ုစိုက္တာထက္ အဆေပါင္း မ်ားစြာ တုံ႔ျပန္မႈ ေပးသည္။ စိတ္သေဘာ ေကာင္းလြန္းျခင္းေၾကာင့္ အေပါင္း အသင္းမ်ားက ေျမႇာက္ပင့္ခိုင္းေစတတ္သည္ကို အထူး သတိျပဳပါ။

(၄)ေၾကာင္ ေမြးေန႔

၄။ အကယ္၍ သင့္ေမြးေန႔သည္ ေၾကာင္ ျဖစ္ပါက သင္သည္ အလြန္အမင္း ခ်စ္ခင္ဖြယ္ေကာင္းသူ ျဖစ္သည္။ တခါတရံတြင္ လိုအပ္သည္ထက္ ပိုၿပီး ရွက္ေနတတ္သည္။ျဖတ္ထိုးဉာဏ္ ရွိသည္။ တစ္ေယာက္တည္း ၿငိမ္ၿငိမ္ သက္သက္ ေနရသည္မ်ားကို ပိုၿပီးလိုလားသည္။ အရာရာကို ေစ့ေစ့စပ္စပ္ သိလိုစိတ္ ျပင္းျပၿပီး တစ္စုံတစ္ခုကိုေလ့လာၿပီ ဆိုလွ်င္ ေရဆုံးေရဖ်ားလိုက္တတ္ သည္။ ပုံမွန္အေနအထားျဖင့္ သင္သည္ေအးေဆးတည္ၿငိမ္သူ ျဖစ္သည္။ သို႔ေသာ္ အေျခအေနအရ လိုအပ္လာပါက မီးေတာင္ တစ္ခု ေပါက္ကြဲသလို ေပါက္ကြဲႏိုင္စြမ္း ရွိသူ လည္းျဖစ္သည္။ ေခတ္မီ အဝတ္အစားမ်ားကို ႏွစ္သက္သည္။ ပတ္ဝန္းက်င္မွ မိတ္ေဆြမ်ား က သင့္အားေခတ္မီသူ တစ္ဦး အျဖစ္ သတ္မွတ္ထားၾကသည္။ ပတ္ဝန္းက်င္ႏွင့္ေရာေထြးေနတတ္ေသာ္လည္း သူစိမ္းမ်ား ႏွင့္ စကားေျပာဆိုရန္ ဝန္ေလးတတ္သည္။အေပါင္းအသင္း ေပါင္းရာတြင္ လူေ႐ြး ေပါင္းတတ္သူ တစ္ဦးလည္း ျဖစ္သည္။

(၅)လိပ္ ေမြးေန႔

၅။ အကယ္၍ သင္၏ ေမြးရက္သည္ လိပ္ ျဖစ္ပါက သင္သည္ အရာရာကို အေကာင္းျမင္တတ္သူတစ္ဦး ျဖစ္ၿပီး စိတ္ႏွလုံးေကာင္း ရွိသူ ျဖစ္သည္။ သင္၏ ၾကင္နာမႈမ်ားကိုသင့္ပတ္ဝန္းက်င္က အၿမဲတေစ ဂ႐ုျပဳမိၾကၿပီး ကိုယ္တိုင္က ၿငိမ္းခ်မ္းေရးကို ျမတ္ႏိုးသူ ျဖစ္သည္။ တစုံတစ္ေယာက္ မွားေနသည္ကို ျမင္ဦးေတာ့ ျပဳျပင္ေပးရန္ဝန္ေလးသူ ျဖစ္သည္။ မည္သူႏွင့္မွ် ထိပ္တိုက္ ရင္ဆိုင္မႈ မျပဳလို။ထို႔ေၾကာင့္ ပတ္ဝန္းက်င္မွ မိတ္ေဆြမ်ားက သင့္အား ခ်စ္ခင္ၾကသည္။ လူတစ္ဦးတစ္ေယာက္ အေၾကာင္းကိုမွေနာက္ကြယ္ မွာ အတင္းမေျပာတတ္။ မည္သူ႔ေပၚမဆို ခ်စ္ခင္မႈေတြ ေပးအပ္ေသာ္လည္း ကိုယ့္အေပၚမွာ မည္သူကမွ် တုံ႔ျပန္မႈမရွိ။ အရာရာမွာ ရက္ေရာသူ တစ္ဦး ျဖစ္သည္။

(၆)ခ်ိဳးဌက္ ေမြးေန႔

၆။ အကယ္၍ သင့္ေမြးေန႔သည္ ခ်ိဳးငွက္ ျဖစ္ပါက သင္သည္ ေပ်ာ္႐ႊင္စြာေနထိုင္ေလ့ ရွိၿပီး ဘဝမွာ ကံေကာင္းသူ တစ္ဦးလည္း ျဖစ္သည္။ ပတ္ဝန္းက်င္အေျခအေနက မည္သို႔ပင္ ျဖစ္ေစကာမူ ေပ်ာ္႐ႊင္ေနေလ့ ရွိၿပီး ပတ္ဝန္းက်င္၏ဂယက္႐ိုက္မႈႏွင့္ကင္းကြာ ေနတတ္သည္။ ေရာက္ေလရာတိုင္းမွာ ကိုယ့္ေပ်ာ္႐ႊင္မႈေတြကို မွ်ေဝတတ္သူ ျဖစ္သည္။ အေပါင္းအသင္းမ်ား ၾကားတြင္ ကိုယ္က ေခါင္းေဆာင္ ျဖစ္သည္။ မိတ္ေဆြမ်ား အေရး ႀကဳံတိုင္း ႏွစ္သိမ့္ အားေပးတတ္သူလည္း ျဖစ္သည္။ အေပၚစီး ဆက္ဆံမႈကို မလို လား။ ဤသို႔ ဆက္ဆံတတ္သူ မ်ားႏွင့္ေဝးေအာင္ ေနတတ္သည္။ လုပ္ငန္းခြင္တြင္ စံနစ္တက် လုပ္ကိုင္ေဆာင္႐ြက္တတ္သည္။ အထူး သတိျပဳရန္မွာ သင္သည္ ခ်စ္လြယ္တတ္သူ တစ္ဦးျဖစ္သည္။

(၇)က်ားသစ္နက္ ေမြးေန႔

၇။ အကယ္၍ သင္သည္ က်ားသစ္နက္ တစ္ဦး ျဖစ္ပါက လွ်ိဳ႕ဝွက္တတ္သူ တစ္ဦးျဖစ္သည္။ ပတ္ဝန္းက်င္ ဖိအားေတြ မည္မွ်ပင္ မ်ားျပားေစကာမူ အလြယ္တကူေျဖရွင္းႏိုင္စြမ္း ရွိသည္။ တခါတရံတြင္ အေပါင္းအသင္း မ်ားႏွင့္အတင္းေျပာရ သည္ကို ဝါသနာ ပါသည္။ ဆႏၵရွိသည့္အတိုင္း ျဖစ္ေအာင္ႀကိဳးစားတတ္ေသာ္လည္း သင့္ ဆႏၵမွာ ရံဖန္ရံခါတြင္ လက္ေတြ႕ ျဖစ္ႏိုင္စြမ္းမရွိ။ ယင္းကဲ့သို႔ေသာ အေျခအေနတြင္ မိတ္ေဆြ အခ်ိဳ႕နဲ႔ ဆက္ဆံေရးပ်က္ျပားတတ္သည္။ အခက္အခဲ ႀကဳံေတြ႕ေနရေသာ မိတ္ေဆြမ်ား ကို ကူညီတတ္သူျဖစ္သည္။

(၈)ေမ်ာက္ ေမြးေန႔

၈။ အကယ္၍ သင့္ေမြးေန႔သည္ ေမ်ာက္ ျဖစ္ပါက စိတ္မရွည္၊ တက္ႂကြမႈ လြန္ကဲသူျဖစ္သည္။ အရာရာကို အျမန္ဆုံး ၿပီးေျမာက္ လိုသူ ျဖစ္သည္။ ႐ိုးသားေသာႏွလုံးသားပိုင္ရွင္ ျဖစ္ၿပီး အမ်ား၏ အာ႐ုံ စိုက္မႈကို ခံယူလိုသူ လည္းျဖစ္သည္။ မိမိ လုံၿခဳံမႈကို အထူး ဂ႐ုစိုက္တတ္သူ တစ္ဦးျဖစ္ၿပီးကိုယ့္ဂုဏ္သတင္းႏွင့္ ပတ္သက္၍ အၿငိ အစြန္း ရွိလာၿပီ ဆိုလွ်င္ လူတိုင္းကိုလိုက္ၿပီး ေျဖရွင္းတတ္ သူ ျဖစ္သည္။ ထို႔ေၾကာင့္ မည္သည့္အလုပ္ ကိုမဆိုစမလုပ္ခင္ ကတည္းက သတိႀကီးစြာ ထားတတ္သူမ်ား ျဖစ္သည္။ ဆဌမ အာ႐ုံ ၏ ႏႈိးေဆာ္မႈေၾကာင့္ အႏၲရာယ္ က်ေရာက္ျခင္းမွ ကင္းေဝးတတ္သည္။ ေငြေၾကးကိုတန္ဖိုးထားတတ္သူ မ်ားလည္းျဖစ္တတ္သည္။

အေကာင္းအဆိုးေတြနဲ႔ တြဲေနတတ္တဲ့ သူငယ္ခ်င္းတို႔ရဲ႕ ေမြးေန႔ ေဗဒင္ေလးမွာ အေကာင္းေလးေတြဆိုယင္ေတာ့ ဝမ္းသာမိမွာေပါ့..အဆိုးအညံံ့ေလးေတြ ဆိုယင္လည္း ကိုယ့္ရဲ႕ အက်င့္ စိတ္ဓါတ္ ခံယူခ်က္ေလးေတြကိုျပဳျပင္ၿပီး မိမိဘဝရဲ႕ ေအာင္ျမင္မႈကို ကိုယ္တိုင္ပဲ့ကိုင္ၾကရေအာင္ေနာ္။

Credit: ကိုဝင္းကိုကို

 

Unicodeဖြင့်ဖတ်ရန်

 

မွေးနေ့ ရက်များက ပြောသော လူတယောက်ရဲ့ အမူအကျင့်များ

 

မွေးနေ့ အလိုက် တိရိစ္ဆာန်အကောင်လေး များနဲ့ တင်စားထားတဲ့လူတယောက်ရဲ့ အမှုအကျင့်တွေ ဘယ်လိုရှိတယ်ဆိုတာ ကိုယ့်မွေးနေ့ရက်လေးနဲ့တွက်ကြည့်ရတဲ့ ဗေဒင် လေးကို ပြန်လည်ကူးယူ တင်ပြပေးလိုက်ပါတယ်..

သူငယ်ချင်းတို့လည်း ဗေဒင် ဝါသနာ ပါသည်ဖြစ်စေ ဝါသနာ မပါလည်း အပျော် သဘောလေးတော့ တွက်ကြည့် လိုက်နော်…….. ။

(၁)ဇန်နဝါရီ

၀၁ – ၀၉ ခွေး

၁၀ – ၂၄ ကြွက်

၂၅ – ၃၁ ခြင်္သေ့

(၂)ဖေဖော်ဝါရီ

၀၁ – ၀၅ ကြောင်

၀၆ – ၁၄ ချိုးငှက်

၁၅ – ၂၁ လိပ်

၂၂ – ၂၈ ကျားသစ်နက်

(၃)မတ်

၀၁ – ၁၂ မျောက်

၁၃ – ၁၅ ခြင်္သေ့

၁၆ – ၂၃ ကြွက်

၂၄ – ၃၁ ကြောင်

(၄)ဧပြီ

၀၁ – ၀၃ ခွေး

၄ – ၁၄ ကျားသစ်နက်

၁၅ – ၂၆ ကြွက်

၂၇ – ၃၀ လိပ်

(၅)မေ

၀၁ – ၁၃ မျောက်

၁၄ – ၂၁ ချိုးငှက်

၂၂ – ၃၁ ခြင်္သေ့

(၆)ဇွန်

၀၁ – ၀၃ ကြွက်

၄ – ၁၄ လိပ်

၁၅ – ၂၀ ခွေး

၂၁ – ၂၄ မျောက်

၂၅ – ၃၀ ကြောင်

(၇)ဇူလိုင်

၀၁ – ၀၉ ကြွက်

၁၀ – ၁၅ ခွေး

၁၆ – ၂၆ ချိုးငှက်

၂၇ – ၃၁ ကြောင်

(၈)သြဂုတ်

၀၁ – ၁၅ မျောက်

၁၆ – ၂၅ ကြွက်

၂၆ – ၃၁ လိပ်

(၉)စက်တင်ဘာ

၀၁ – ၁၄ ချိုးငှက်

၁၅ – ၂၇ ကြောင်

၂၈ – ၃၀ ခွေး

(၁၀)အောက်တိုဘာ

၀၁ – ၁၅ မျောက်

၁၆ – ၂၇ လိပ်

၂၈ – ၃၁ ကျားသစ်နက်

(၁၁)နိုဝင်ဘာ

၀၁ – ၁၆ ခြင်္သေ့

၁၇ – ၃၀ ကြောင်

(၁၂)ဒီဇင်ဘာ

၀၁ – ၁၆ ခွေး

၁၇ – ၂၅ မျောက်

၂၆ – ၃၁ ချိုးငှက်

(၁)ခွေး မွေးနေ့

၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံး၀ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကိုစိတ်ရင်း အားဖြင့် လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့်ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံ တတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကိုရယူနိုင်စွမ်း ရှိပြီး ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လည်း လိုက်ဖက်သည့်အဝတ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့်ခေတ်ပေါ် အဝတ် အစား မဝယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘဝကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်း အသင်းများ အလယ်တွင်ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

(၂)ကြွက် မွေးနေ့

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလား ကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ် ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်ကစကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

(၃)ခြင်္သေ့ မွေးနေ့

၃။ အကယ်၍ သင့်မွေးနေ့သည် ခြသေ့ၤၤ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်း နိုင် သူလည်း ဖြစ်သည်။ သူတပါး၏ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့်ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။

(၄)ကြောင် မွေးနေ့

၄။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ဖြတ်ထိုးဉာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်များကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကိုလေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျားလိုက်တတ် သည်။ ပုံမှန်အနေအထားဖြင့် သင်သည်အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အဝတ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများ က သင့်အားခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ဝန်လေးတတ်သည်။အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

(၅)လိပ် မွေးနေ့

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ် ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကိုသင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူ ဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန်ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှနောက်ကွယ် မှာ အတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

(၆)ချိုးဌက် မွေးနေ့

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာနေထိုင်လေ့ ရှိပြီး ဘဝမှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ဂယက်ရိုက်မှုနှင့်ကင်းကွာ နေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလို လား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦးဖြစ်သည်။

(၇)ကျားသစ်နက် မွေးနေ့

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့်အတင်းပြောရ သည်ကို ဝါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေးပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများ ကို ကူညီတတ်သူဖြစ်သည်။

(၈)မျောက် မွေးနေ့

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက် လိုသူ ဖြစ်သည်။ ရိုးသားသောနှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်းဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီးကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ် သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ် ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကိုတန်ဖိုးထားတတ်သူ များလည်းဖြစ်တတ်သည်။

အကောင်းအဆိုးတွေနဲ့ တွဲနေတတ်တဲ့ သူငယ်ချင်းတို့ရဲ့ မွေးနေ့ ဗေဒင်လေးမှာ အကောင်းလေးတွေဆိုယင်တော့ ဝမ်းသာမိမှာပေါ့..အဆိုးအညံံ့လေးတွေ ဆိုယင်လည်း ကိုယ့်ရဲ့ အကျင့် စိတ်ဓါတ် ခံယူချက်လေးတွေကိုပြုပြင်ပြီး မိမိဘဝရဲ့ အောင်မြင်မှုကို ကိုယ်တိုင်ပဲ့ကိုင်ကြရအောင်နော်။

Credit: ကိုဝင်းကိုကို