23 C
Yangon
Saturday, January 16, 2021
အျပစ္အတြက္ ဖားခုန္ခုန္ခိုင္းတာ မေမွ်ာ္လင့္ဘဲ ေသဆုံးခဲ့ရတဲ့ ေက်ာင္းသား

အျပစ္အတြက္ ဖားခုန္ခုန္ခိုင္းတာ မေမွ်ာ္လင့္ဘဲ ေသဆုံးခဲ့ရတဲ့ ေက်ာင္းသား

1391
0

Zawgyiျဖင့္ဖတ္ရန္

 

မိဘတိုင္းကေတာ့ သားသမီးေတြကို လုံၿခဳံေအးခ်မ္းတဲ့ ပတ္ဝန္းက်င္မွာ ေကာင္းမြန္တဲ့ ပညာေရးကို သင္ၾကားရရွိႏိုင္ဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေက်ာင္းကို ပို႔ၾကတာပါပဲ။

ေနာက္ၿပီး ေက်ာင္းေရာက္သြားတဲ့ ကေလးေတြ နည္းအမ်ိဳးမ်ိဳးနဲ႔ ဆိုးသြမ္းေနတာ၊ ေသာင္းက်န္းၾကတာေတြကိုလည္း ၾကားဖူးပါလိမ့္မယ္။ ဒါေပမယ့္ ထူးဆန္တဲ့ အျဖစ္အပ်က္ေတြနဲ႔ တာဝန္ရွိသူေတြရဲ႕ ၾကမ္းၾကမ္းတမ္းတမ္း အျပစ္ေပးတဲ့ အေၾကာင္းေတြကိုေတာ့ ၾကားေလ့ၾကားထ မရွိပါဘူး။

ဆရာ ဆရာမေတြနဲ႔ ေက်ာင္းရဲ႕ တျခား ဝန္းထမ္းေတြဟာ ေက်ာင္းသားေတြကို ပညာသင္ၾကားေပး႐ုံ သက္သက္မဟုတ္ဘဲ စည္းကမ္းပိုင္းေတြကို ၾကပ္မတ္ သင္ၾကားေပးရပါတယ္။ ဒါေပမယ့္ ေက်ာင္းတစ္ေက်ာင္းမွာေတာ့ (၁၆) ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ေယာက္ဟာ အျပစ္ေပးခံရၿပီး ေသဆုံးသြားခဲ့လို႔ ျပႆနာေတြ တက္ေနပါတယ္။


ေကာင္ေလးရဲ႕ နာမည္ကို သူရဲ႕ မ်ိဳး႐ိုးနာမည္အတိုင္း Zhang လို႔သာေဖာ္ျပခဲ့ၿပီး တ႐ုတ္ႏိုင္ငံ အလယ္ပိုင္းက Xinshao ေဒသမွာရွိတဲ့ အမွတ္ (၂) အလယ္တန္းေက်ာင္းမွာ တက္ေရာက္ေနတဲ့ ေက်ာင္းသားတစ္ေယာက္လို႔ သိရပါတယ္။

သူဟာ တနဂၤေႏြေန႔ ေန႔လည္ အိပ္ခ်ိန္ေပးစဥ္အတြင္း အတန္းေဖာ္နဲ႔ စကားေတြ ေျပာေနခဲ့တယ္။ ဒါေၾကာင့္နဲ႔ သူတို႔ဟာ အျပစ္ေပးတာခံရၿပီး မီတာ (၂၀) ေလွ်ာေစာက္ကို ဖားခုန္ ခုန္တက္ ခိုင္းခံရပါတယ္။ ျဖစ္စဥ္ မွတ္တမ္းေတြကို ျမင္ေတြ႕ခဲ့ၿပီးတဲ့ မိဘေတြရဲ႕ ေျပာၾကာခ်က္အရ ဆရာက သူတို႔ကို ေလွ်ာေစာက္ေပၚကို ခုန္တက္ခိုင္းခ်ိန္ လက္ေတြကို ေနာက္မွာ ပစ္ထားခိုင္းတယ္လို႔ ဆိုၾကပါတယ္။

Zhang ဟာ ျပစ္ဒဏ္ကိုခံယူဖို႔ သေဘာတူခဲ့ေပမယ့္ ဆိုး႐ြားတဲ့ ကိစၥေတြဟာ ျဖစ္လာခဲ့ပါေတာ့တယ္။ ဖားခုန္ ခုန္တာ ေအာင္ျမင္ခါနီးမွာ မေမွ်ာ္လင့္ဘဲ ေက်ာင္းသားဟာ လန္က်ခဲ့ၿပီး သိပ္မၾကာဘူး ေသဆုံးသြားခဲ့တယ္။ ေဆး႐ုံမွာလည္း ဆရာဝန္ေတြက ေကာင္ေလးရဲ႕ ပါးစပ္၊ နားနဲ႔ နားေခါင္းထဲမွာ ေသြးေတြကို ေတြ႕ခဲ့ၾကတယ္။ ေကာင္ေလးရဲ႕ မိသားစုက သူ႔ကို ႀကံခိုင္ ေတာင့္တင္းတဲ့ လူငယ္ တစ္ေယာက္လို႔ သတ္မွတ္ခဲ့ၾကတာပါ။

ဆရာက ကိုယ္ထိလက္ေရာက္ က်ဴးလြန္တာမ်ိဳး မရွိခဲ့ဘူးဆိုေပမယ့္ ေက်ာင္းအုပ္ႀကီး၊ ဆရာနဲ႔ တျခား ဝန္းထမ္းေတြကို စစ္ေဆးလ်က္ရွိတယ္လို႔ ရဲမ်ားက ေျပာပါတယ္။ ရဲကေတာ့ ဒီကိစၥကို အမူမဖြင့္ရေသးပါဘူး။ ဒါေပမယ့္ ပါတီေကာ္မတီနဲ႔ ပညာေရး ဝန္ႀကီးဌာနကေတာ့ ဆက္လက္ စုံစမ္းေနတယ္လို႔ ေကာင္တီ အစိုးရရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

Source: Daily Mirror

Credit-shwemom

 

Unicodeဖြင့်ဖတ်ရန်

 

အပြစ်အတွက် ဖားခုန်ခုန်ခိုင်းတာ မမျှော်လင့်ဘဲ သေဆုံးခဲ့ရတဲ့ ကျောင်းသား

 

မိဘတိုင်းကတော့ သားသမီးတွေကို လုံခြုံအေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ ပညာရေးကို သင်ကြားရရှိနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ကျောင်းကို ပို့ကြတာပါပဲ။

နောက်ပြီး ကျောင်းရောက်သွားတဲ့ ကလေးတွေ နည်းအမျိုးမျိုးနဲ့ ဆိုးသွမ်းနေတာ၊ သောင်းကျန်းကြတာတွေကိုလည်း ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် ထူးဆန်တဲ့ အဖြစ်အပျက်တွေနဲ့ တာဝန်ရှိသူတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း အပြစ်ပေးတဲ့ အကြောင်းတွေကိုတော့ ကြားလေ့ကြားထ မရှိပါဘူး။

ဆရာ ဆရာမတွေနဲ့ ကျောင်းရဲ့ တခြား ဝန်းထမ်းတွေဟာ ကျောင်းသားတွေကို ပညာသင်ကြားပေးရုံ သက်သက်မဟုတ်ဘဲ စည်းကမ်းပိုင်းတွေကို ကြပ်မတ် သင်ကြားပေးရပါတယ်။ ဒါပေမယ့် ကျောင်းတစ်ကျောင်းမှာတော့ (၁၆) နှစ်အရွယ် ကျောင်းသားတစ်ယောက်ဟာ အပြစ်ပေးခံရပြီး သေဆုံးသွားခဲ့လို့ ပြဿနာတွေ တက်နေပါတယ်။
ကောင်လေးရဲ့ နာမည်ကို သူရဲ့ မျိုးရိုးနာမည်အတိုင်း Zhang လို့သာဖော်ပြခဲ့ပြီး တရုတ်နိုင်ငံ အလယ်ပိုင်းက Xinshao ဒေသမှာရှိတဲ့ အမှတ် (၂) အလယ်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတစ်ယောက်လို့ သိရပါတယ်။

သူဟာ တနင်္ဂနွေနေ့ နေ့လည် အိပ်ချိန်ပေးစဉ်အတွင်း အတန်းဖော်နဲ့ စကားတွေ ပြောနေခဲ့တယ်။ ဒါကြောင့်နဲ့ သူတို့ဟာ အပြစ်ပေးတာခံရပြီး မီတာ (၂၀) လျှောစောက်ကို ဖားခုန် ခုန်တက် ခိုင်းခံရပါတယ်။ ဖြစ်စဉ် မှတ်တမ်းတွေကို မြင်တွေ့ခဲ့ပြီးတဲ့ မိဘတွေရဲ့ ပြောကြာချက်အရ ဆရာက သူတို့ကို လျှောစောက်ပေါ်ကို ခုန်တက်ခိုင်းချိန် လက်တွေကို နောက်မှာ ပစ်ထားခိုင်းတယ်လို့ ဆိုကြပါတယ်။

Zhang ဟာ ပြစ်ဒဏ်ကိုခံယူဖို့ သဘောတူခဲ့ပေမယ့် ဆိုးရွားတဲ့ ကိစ္စတွေဟာ ဖြစ်လာခဲ့ပါတော့တယ်။ ဖားခုန် ခုန်တာ အောင်မြင်ခါနီးမှာ မမျှော်လင့်ဘဲ ကျောင်းသားဟာ လန်ကျခဲ့ပြီး သိပ်မကြာဘူး သေဆုံးသွားခဲ့တယ်။ ဆေးရုံမှာလည်း ဆရာဝန်တွေက ကောင်လေးရဲ့ ပါးစပ်၊ နားနဲ့ နားခေါင်းထဲမှာ သွေးတွေကို တွေ့ခဲ့ကြတယ်။ ကောင်လေးရဲ့ မိသားစုက သူ့ကို ကြံခိုင် တောင့်တင်းတဲ့ လူငယ် တစ်ယောက်လို့ သတ်မှတ်ခဲ့ကြတာပါ။

ဆရာက ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုး မရှိခဲ့ဘူးဆိုပေမယ့် ကျောင်းအုပ်ကြီး၊ ဆရာနဲ့ တခြား ဝန်းထမ်းတွေကို စစ်ဆေးလျက်ရှိတယ်လို့ ရဲများက ပြောပါတယ်။ ရဲကတော့ ဒီကိစ္စကို အမူမဖွင့်ရသေးပါဘူး။ ဒါပေမယ့် ပါတီကော်မတီနဲ့ ပညာရေး ဝန်ကြီးဌာနကတော့ ဆက်လက် စုံစမ်းနေတယ်လို့ ကောင်တီ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Source: Daily Mirror

Credit-shwemom