24 C
Yangon
Friday, February 21, 2020
အေမရိကန္ မရိန္းတပ္သားေတြကို ဗုဒၶဘုရားရွင္ရဲ႕ လမ္းၫႊန္မႈအတိုင္း တရားထိုင္ျခင္းသင္တန္းမ်ားျပဳလုပ္

အေမရိကန္ မရိန္းတပ္သားေတြကို ဗုဒၶဘုရားရွင္ရဲ႕ လမ္းၫႊန္မႈအတိုင္း တရားထိုင္ျခင္းသင္တန္းမ်ားျပဳလုပ္

307
0

Zawgyiျဖင့္ဖတ္ရန္

 

မရိန္းတပ္သားေတြဆိုတာဟာ ကမာၻ႔အမာဆုံးတပ္သားေတြျဖစ္တယ္ဆိုေပမယ့္လည္း စိတ္ဓါတ္ခြန္အားျပည့္ဝဖို႔အတြက္ တရားထိုင္ျခင္းေတြ ေယာဂေလ့က်င့္ခန္းေတြျပဳလုပ္ရပါတယ္။ တရားထိုင္ျခင္းဟာ မရိန္းတပ္သားေတြရဲ႕အာ႐ုံစူးစိုက္မႈကို ပိုမိုအားေကာင္းေစၿပီး ေလ့က်င့္မႈေတြမွာလည္း ရလဒ္ေကာင္းေတြပိုမိုထြက္ရွိလာေၾကာင္းေတြ႕ရွိပါတယ္။

တရားထိုင္ျခင္းဆိုတာကေတာ့ ဗုဒၶဘုရားရွင္ရဲ႕ လမ္းၫႊန္မႈတစ္ခုျဖစ္ၿပီး အတြင္းစိတ္ေအးခ်မ္းေစဖို႔ လုပ္ေဆာင္တဲ့ ေလ့က်င့္ခန္းတစ္ခုလည္းျဖစ္ပါတယ္။ အီရတ္ နဲ႔ အာဖဂန္မွာ တိုက္ပြဲဝင္ၿပီးျပန္လာတဲ့စစ္သားေတြဟာ စစ္ပြဲအေတြ႕အႀကဳံေတြေၾကာင့္ စိတ္မေအးခ်မ္းႏိုင္ျဖစ္ေနတဲ့အတြက္ မရိန္းေကာ္ပိုေရးရွင္းဟာ တပ္ဖြဲ႕ဝင္ေတြစိတ္ေအးခ်မ္းေစမယ့္နည္းလမ္းတစ္ခုကိုရွာေဖြခဲ့ပါတယ္။

ဒီနည္းလမ္းကိုေတာ့ “Mindfulness-Based Mind Fitness Training” လို႔ေခၚၿပီး တရားထိုင္တဲ့အေလ့အက်င့္ကို တိုက္ပြဲကျပန္လာတဲ့ တပ္သားေတြကိုက်င့္သုံးေစခဲ့ပါတယ္။တရားထိုင္ျခင္းဆိုတာဟာ အေရွ႕တိုင္းမွာ ဘာသာေရးဆန္တဲ့အျပဳအမူတစ္ခုျဖစ္ၿပီး အလြန္အစြမ္းထက္တဲ့ေလ့က်င့္ခန္းတစ္ခုပါပဲလို႔ မရိန္းေကာ္ပိုရွင္းရဲ႕ ေလ့က်င့္ေရး ဒီပ်ဴတီ Jeffery Bearor ကေျပာၾကားခဲ့ပါတယ္။

အခုဆိုရင္ေတာ့ အေနာက္ပိုင္းမရိန္းဌာနခ်ဳပ္ျဖစ္တဲ့ Pendleton မွာ မရိန္းတပ္သား ၈၀ ကို ၈ ပတ္ၾကာ တရားထိုင္နည္းသင္တန္းပို႔ခ်ေနၿပီျဖစ္ပါတယ္။ ဒီသင္တန္းကိုတက္ေရာက္ခဲ့ရတဲ့ မရိန္းတပ္သား Lance Cpl.Carlos Lozano ကလည္းအခုလိုပဲသူ႔အေတြ႕အႀကဳံကိုေျပာျပခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ကို ေျပးလႊားတိုက္ခိုက္ရတဲ့ေလ့က်င့္ခန္းေတြမလုပ္ခိုင္းပဲ ၿငိမ္ၿငိမ္ေလးထိုင္ခိုင္းထားၿပီး စစ္ဖိနပ္ကို စိုက္ၾကည့္ခိုင္းထားတယ္။ ကြၽန္ေတာ္တို႔ ဒါကိုလုံးဝမလုပ္ခ်င္ခဲ့ဘူး။ဒါေပမယ့္ ဒီေလ့က်င့္ခန္းေတြလုပ္ေနရင္းနဲ႔ ပိုၿပီး သက္ေတာင့္သက္သာရွိလာၿပီး တက္ႂကြလာသလိုခံစားရတယ္” လို႔ေျပာျပခဲ့ပါတယ္။

Mindfulness-Based Mind Fitness Training ေခၚ M-Fit ေလ့က်င့္ခန္းကိုေတာ့ အေမရိကန္စစ္တပ္ကပၸတိန္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ Gerogetown တကၠသိုလ္မွ ပေရာဖက္ဆာ Elizabeth Stanley က တီထြင္ခဲ့တာပဲျဖစ္ပါတယ္။

Elizabeth Stanley ဟာ တိုက္ပြဲမွာျပန္လာတဲ့အခါ ခံစားရတဲ့ တုန္လႈပ္မႈေတြကို ေယာဂ နဲ႔ တရားထိုင္မႈေတြ ျပဳလုပ္ရင္း ေျဖေဖ်ာက္ႏိုင္ခဲ့သူပဲျဖစ္ပါတယ္။ အခုလိုတရားထိုင္ျခင္းဟာ ရႈပ္ေထြးေနတဲ့အေျခအေနေတြ (ေသျခင္းနဲ႔ရွင္ျခင္းၾကားေ႐ြးရတဲ့အေျခအေနမ်ိဳး) မွာ ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ခ်ႏိုင္ေအာင္ ကူညီေပးႏိုင္စြမ္းရွိတဲ့အျပင္ေၾကာက္႐ြံ႕ထိတ္လန႔္မႈေတြကလည္းဖယ္ရွားေပးႏိုင္စြမ္းရွိပါတယ္လို႔လည္း Stanley ကေျပာၾကားထားပါတယ္။

စစ္သူရဲေကာင္းတစ္ေယာက္ျဖစ္ဖို႔ဆိုတာက စစ္ဘက္ဆိုင္ရာတိုက္ရည္ခိုက္ရည္ျပည့္ဝဖို႔ပဲလိုအပ္တာမဟုတ္ပါဘူး ။ စိတ္ၾကည္လင္ေအးခ်မ္းေနဖို႔နဲ႔ အေရးႀကဳံတဲ့အခါ ဆုံးျဖတ္ခ်က္ျပတ္ျပတ္သားသားခ်ႏိုင္ဖို႔အတြက္ မရိန္းတပ္သားေတြကို တရားထိုင္နည္းေလ့က်င့္ခန္းပို႔ခ်ေနတာပဲျဖစ္ပါေတာ့တယ္။

Writer – Min Thu

Credit:Daily Hot News

Unicodeဖြင့်ဖတ်ရန်

 

အမေရိကန် မရိန်းတပ်သားတွေကို ဗုဒ္ဓဘုရားရှင်ရဲ့ လမ်းညွှန်မှုအတိုင်း တရားထိုင်ခြင်းသင်တန်းများပြုလုပ်

 

မရိန်းတပ်သားတွေဆိုတာဟာ ကမ္ဘာ့အမာဆုံးတပ်သားတွေဖြစ်တယ်ဆိုပေမယ့်လည်း စိတ်ဓါတ်ခွန်အားပြည့်ဝဖို့အတွက် တရားထိုင်ခြင်းတွေ ယောဂလေ့ကျင့်ခန်းတွေပြုလုပ်ရပါတယ်။ တရားထိုင်ခြင်းဟာ မရိန်းတပ်သားတွေရဲ့အာရုံစူးစိုက်မှုကို ပိုမိုအားကောင်းစေပြီး လေ့ကျင့်မှုတွေမှာလည်း ရလဒ်ကောင်းတွေပိုမိုထွက်ရှိလာကြောင်းတွေ့ရှိပါတယ်။

တရားထိုင်ခြင်းဆိုတာကတော့ ဗုဒ္ဓဘုရားရှင်ရဲ့ လမ်းညွှန်မှုတစ်ခုဖြစ်ပြီး အတွင်းစိတ်အေးချမ်းစေဖို့ လုပ်ဆောင်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။ အီရတ် နဲ့ အာဖဂန်မှာ တိုက်ပွဲဝင်ပြီးပြန်လာတဲ့စစ်သားတွေဟာ စစ်ပွဲအတွေ့အကြုံတွေကြောင့် စိတ်မအေးချမ်းနိုင်ဖြစ်နေတဲ့အတွက် မရိန်းကော်ပိုရေးရှင်းဟာ တပ်ဖွဲ့ဝင်တွေစိတ်အေးချမ်းစေမယ့်နည်းလမ်းတစ်ခုကိုရှာဖွေခဲ့ပါတယ်။

ဒီနည်းလမ်းကိုတော့ “Mindfulness-Based Mind Fitness Training” လို့ခေါ်ပြီး တရားထိုင်တဲ့အလေ့အကျင့်ကို တိုက်ပွဲကပြန်လာတဲ့ တပ်သားတွေကိုကျင့်သုံးစေခဲ့ပါတယ်။တရားထိုင်ခြင်းဆိုတာဟာ အရှေ့တိုင်းမှာ ဘာသာရေးဆန်တဲ့အပြုအမူတစ်ခုဖြစ်ပြီး အလွန်အစွမ်းထက်တဲ့လေ့ကျင့်ခန်းတစ်ခုပါပဲလို့ မရိန်းကော်ပိုရှင်းရဲ့ လေ့ကျင့်ရေး ဒီပျူတီ Jeffery Bearor ကပြောကြားခဲ့ပါတယ်။

အခုဆိုရင်တော့ အနောက်ပိုင်းမရိန်းဌာနချုပ်ဖြစ်တဲ့ Pendleton မှာ မရိန်းတပ်သား ၈၀ ကို ၈ ပတ်ကြာ တရားထိုင်နည်းသင်တန်းပို့ချနေပြီဖြစ်ပါတယ်။ ဒီသင်တန်းကိုတက်ရောက်ခဲ့ရတဲ့ မရိန်းတပ်သား Lance Cpl.Carlos Lozano ကလည်းအခုလိုပဲသူ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ကို ပြေးလွှားတိုက်ခိုက်ရတဲ့လေ့ကျင့်ခန်းတွေမလုပ်ခိုင်းပဲ ငြိမ်ငြိမ်လေးထိုင်ခိုင်းထားပြီး စစ်ဖိနပ်ကို စိုက်ကြည့်ခိုင်းထားတယ်။ ကျွန်တော်တို့ ဒါကိုလုံးဝမလုပ်ချင်ခဲ့ဘူး။ဒါပေမယ့် ဒီလေ့ကျင့်ခန်းတွေလုပ်နေရင်းနဲ့ ပိုပြီး သက်တောင့်သက်သာရှိလာပြီး တက်ကြွလာသလိုခံစားရတယ်” လို့ပြောပြခဲ့ပါတယ်။

Mindfulness-Based Mind Fitness Training ခေါ် M-Fit လေ့ကျင့်ခန်းကိုတော့ အမေရိကန်စစ်တပ်ကပ္ပတိန်ဟောင်းတစ်ယောက်ဖြစ်တဲ့ Gerogetown တက္ကသိုလ်မှ ပရောဖက်ဆာ Elizabeth Stanley က တီထွင်ခဲ့တာပဲဖြစ်ပါတယ်။

Elizabeth Stanley ဟာ တိုက်ပွဲမှာပြန်လာတဲ့အခါ ခံစားရတဲ့ တုန်လှုပ်မှုတွေကို ယောဂ နဲ့ တရားထိုင်မှုတွေ ပြုလုပ်ရင်း ဖြေဖျောက်နိုင်ခဲ့သူပဲဖြစ်ပါတယ်။ အခုလိုတရားထိုင်ခြင်းဟာ ရှုပ်ထွေးနေတဲ့အခြေအနေတွေ (သေခြင်းနဲ့ရှင်ခြင်းကြားရွေးရတဲ့အခြေအနေမျိုး) မှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်ချနိုင်အောင် ကူညီပေးနိုင်စွမ်းရှိတဲ့အပြင်ကြောက်ရွံ့ထိတ်လန့်မှုတွေကလည်းဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်လို့လည်း Stanley ကပြောကြားထားပါတယ်။

စစ်သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာက စစ်ဘက်ဆိုင်ရာတိုက်ရည်ခိုက်ရည်ပြည့်ဝဖို့ပဲလိုအပ်တာမဟုတ်ပါဘူး ။ စိတ်ကြည်လင်အေးချမ်းနေဖို့နဲ့ အရေးကြုံတဲ့အခါ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချနိုင်ဖို့အတွက် မရိန်းတပ်သားတွေကို တရားထိုင်နည်းလေ့ကျင့်ခန်းပို့ချနေတာပဲဖြစ်ပါတော့တယ်။

Writer – Min Thu

Credit:Daily Hot News