34 C
Yangon
Wednesday, November 20, 2019
Facebook မသံုးေတာ႔ဘူး ဆိုတဲ႔ မင္းသား ေနမင္း

Facebook မသံုးေတာ႔ဘူး ဆိုတဲ႔ မင္းသား ေနမင္း

1130
0

Zawgyiျဖင့္ဖတ္ရန္

 

ဗီဒီယုိေစ်းကြက္ေကာင္းခဲ့ ပရိသတ္အားေပးမႈ အမ်ားအျပားရ႐ွိခဲ့တဲ့ ႏုိင္ငံေက်ာ္မင္းသား ေနမင္းဟာ Facebookမွာ ေဝဖန္ခံရမႈေတြမ်ားခဲ့တဲ့အတြက္ေၾကာင့္ အႏုပညာအလုပ္ကုိ သိပ္မလုပ္ျဖစ္ေတာ့ဘဲ စီးပြားေရးလုပ္ငန္းေတြကုိပဲ အာ႐ုံစုိက္ၿပီး လုပ္ကုိင္ေနတယ္လုိ႔ Sunday journalရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။ ေနမင္းဟာ လက္႐ွိအခ်ိန္မွာ ကုိယ္ပုိင္႐ုပ္႐ွင္ထုတ္လုပ္ေရးကုိတည္ေထာင္ထားပါတယ္။

႐ုပ္႐ွင္ထုတ္လုပ္ေရး လုပ္ငန္းကုိ စတင္လုပ္ကုိင္ရတဲ့ အေၾကာင္းကုိေမးျမန္းခဲ့ရာ” တကယ္ေတာ့အကုိတုိ႔ ဒီ႐ုပ္႐ွင္ထုတ္လုပ္ေရးကုိ စလုပ္ျဖစ္တယ္ဆုိတာ မီးရတာဝန္ႀကီး လက္ထပ္တုန္းက သူ႔ကြၽန္မခံမီ ေနာက္ပုိင္းမွာ ဒီလုိမ်ိဳး ထုတ္လုပ္ေရးလုပ္ဖုိ႔ ရာထားခဲ့ပါတယ္ အဲ့ဒီေနာက္ပုိင္းမွာ အကုိတုိ႔အရြယ္ေရာက္လာတဲ့အခါ အကုိ႔အကုိႀကီးက ဦးေဆာင္ၿပီး ဒီအလုပ္ကုိ ဆက္ၿပီးေတာ့ လုပ္ျဖစ္တာပါ ဟုိဘက္က ေဆာက္လုပ္ေရးနဲ႔ စီးပြားေရးက အရင္တုန္းထဲက ႐ွိၿပီးသားပါ အဲ့လုိေတြ႐ွိတာေၾကာင့္ ႐ွိတဲ့ အလုပ္အေပၚမွာေတာ့ လူကေတာ့ အခ်ိန္ျဖဳန္းေနရမွာပဲေလ ဘာလုိ႔လဲဆုိေတာ့ အခ်ိန္ဆုိတာ အလကားရတာမဟုတ္ဘူးေလ အဲ့လုိဆုိေတာ့ ကုိယ္ဒီဘက္မွာ အခ်ိန္ေပးခြင့္႐ွိတယ္ အခ်ိန္ေပးသင့္တယ္ဆုိရင္ ဒီဘက္မွာ အခ်ိန္ေပးတာေပါ့။

တကယ္ေတာ့ ဒီဘက္မွ သက္သက္အခ်ိန္ကုန္မယ့္အတူတူဟုိဘက္လုပ္ငန္းမွာ ကုိယ့္ဘဝစိတ္မေလမလႊင့္ေအာင္ ဒီအသက္အရြယ္လဲေရာက္လာၿပီ အသိတရားလဲ ရလာၿပီဆုိေတာ့ ဟုိဘက္မွာ ျမႇပ္ႏွံတဲ့ သေဘာပါ။ ဘာလုိ႔လဲဆုိေတာ့ ၾကားထဲမွာ စိတ္ကုိ လြတ္လြတ္လပ္လပ္နဲ႔ေပးၿပီးေတာ့ ျဖတ္သန္းခဲ့တယ္ လမ္းမွားေတြ သြားခဲ့တာေတြ႐ွိမယ္ အစုံေပါ့ေနာ္ အဲ့တာေၾကာင့္ အခုအသက္အရြယ္ အခုအခ်ိန္ေလးမွာေတာ့ အသိတရားနဲ႔ အခ်ိန္ေတြကုိ အလာကားမျဖစ္ေအာင္ ဒီဘက္ပုိင္းမွာ အခ်ိန္ေတြ ေပးျဖစ္ေနတာပါ။”လုိ႔ ေနမင္းက ေျဖဆုိသြားခဲ့ပါတယ္။

လက္႐ွိ အခ်ိန္မွာ ဇာတ္ကား႐ုိက္ဖုိ႔အတြက္ ကမ္းလွမ္းခံရတာေတြ ႐ွိလားဆုိတဲ့ ေမးခြန္းကုိေတာ့”လက္႐ွိက အကုိတုိ႔ ျပင္ဆင္ေနတုန္းပဲ အိမ္က ႐ုိက္ဖုိ႔အတြက္ ျပင္ဆင္ေနတာ ႐ွိတယ္ အကုိဝင္မ႐ုိက္ရင္ေတာင္မွ ဒီလထဲမွာ ကုိေနတုိးနဲ႔ ကားႀကီးတစ္ကားတည္ဖုိ႔႐ွိတယ္။ က်န္တာက ဘာ႐ွိလဲဆုိေတာ့ ဇာတ္လမ္းတြဲတစ္ခု လုပ္ထားတာ႐ွိမယ္ေပါ့ေနာ္ စစ္ကားဇာတ္လမ္းတြဲ႐ွိမယ္ေပါ့ေနာ္။ ဆုိလုိတာက အကုိတုိ႔ဆီက လုပ္ေနတာေတြ႐ွိတယ္ အကုိပါတာနဲ႔မပါတာပဲ႐ွိမယ္။

အကုိပါသင့္တဲ့ဟာဆုိရင္ေတာ့ ပါလုိက္တာေပါ့ မပါသင့္တာဆုိရင္ေတာ့ စီစဥ္ေပးတယ္ေပါ့ ဟုိဘက္က စီးပြားေရးကလည္း အကုိပါသင့္တာမပါသင့္တာထက္ အခ်ိန္တစ္ခုကုိ အလကားမျဖစ္တဲ့အတြက္ၾကဳိးစားၿပီး ဘဝအေတြ႔အၾကဳံတစ္ခုအေနနဲ႔ ႐ွင္သန္ေနတာေပါ့။ ကာ႐ုိက္တာတစ္ခုအတြက္ သြားသင္ၾကားေနတဲ့ သေဘာမ်ိဳးကုိလည္း သက္ေရာက္တာေပါ့။”လုိ႔ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ေဝဖန္မႈေတြအေပၚကုိ ဘယ္လုိခံစားရလဲဆုိတဲ့ ေမးခြန္းကုိ”အဲ့တာကေလ အကုိအခုလုိမ်ိဴး စီးပြားေရးဘက္ထဲကုိ၁၀၀ရာခုိင္ႏႈန္းဝင္လုပ္ျဖစ္ေအာင္ တြန္းအားေပးခဲ့တာလည္း အဲ့လုိေဝဖန္ျခင္းေတြပါပဲ ဘာလုိ႔လဲဆုိေတာ့ အကုိတုိ႔ေ႐ွ႕မွာ ၾကဳံေတြ႔ခဲ့ရတဲ့ ကာလတစ္ခု႐ွိခဲ့ၿပီးသြားၿပီ အကုိFacebookအေကာင့္ဆုိရင္ ဆက္မသုံးျဖစ္ေတာ့ဘူး သုံးလဲမသုံးေတာ့ဘူးေပါ့ေနာ္ အခုသုံးတဲ့ဟာဆုိရင္လည္း ကုိယ့္လူမႈေရးအရ အလုပ္ကိစၥအတြက္ေလာက္ပဲ သုံးျဖစ္ေတာ့တယ္ အရင္လုိမ်ိဴး မင္းသားတစ္ေယာက္အေနနဲ႔ အႏုပညာေတြကုိ တင္ဆက္တာေတြ အဲ့တာမ်ိဳးေတြေတာ့ မသုံးျဖစ္ေတာ့ဘူး။

အဲ့တာကေတာ့ ခုနေျပာတဲ့ဟာရဲ႕ အေျဖပါပဲ ဆုိလုိတာကေတာ့ အလုပ္ေတြ႐ွိလာမယ္ ပုံမွန္အႏုပညာ႐ွင္ေတြကလည္း မအားတမ္းလည္ပတ္ေနၾကမယ္ ပရိသတ္ေတြကလည္း သူတုိ႔ရဲ႕လုပ္ငန္းလည္ပတ္မႈေတြ ဘဝ႐ွင္သန္ဖုိ႔အတြက္ ျဖစ္တည္ေနၾကမယ္ဆုိရင္ ခုနေျပာတဲ့ဟာေတြအလုိလုိေပ်ာက္ကြယ္သြားမွာပါ။ အဲ့ေတာ့ ဒီအေပၚမွာေတာ့ ေထြေထြထူးထူး ေျပာေနစရာေတာ့မလုိပါဘူး ဘာလုိ႔လဲဆုိေတာ့ ဘယ္ဟာက အတုယူသင့္တယ္ ဘယ္ဟာက အတုမယူသင့္ဘူး ဆုိတဲ့အတုိင္းအတာ လူေတြရဲ႕ စိတ္ေတြအေပၚမွာပဲ မူတည္တယ္ေလ ဘာလုိ႔လဲဆုိေတာ့ ပတ္ဝန္းက်င္ေျပာခ်င္ဆုိခ်င္ဆုိတာ ကုိယ့္ရဲ႕ လုပ္ရပ္ေပၚမွာပဲ မူတည္တာေပါ့ အရာရာက ကုိယ္ဦးေႏွာက္နဲ႔ပဲ ေတြးတာအဲ့ေတာ့ ကုိယ္နဲ႔သာဆုိင္ပါတယ္ေပါ့။”လုိ႔ ေျဖဆုိသြားခဲ့ပါတယ္။

အခုအခ်ိန္ဟာသီတင္းကြၽတ္နဲ႔လဲ နီးလာၿပီ ျဖစ္တာေၾကာင့္ ေနမင္းကုိ တူေလးတူမေလးမ်ားက လာကန္ေတာ့ၾကၿပီး ေနမင္းကေတာ့ သူ႔အေဖနဲ႔အေမကုိသြားကန္ေတာ့ရမယ္လုိ႔ ေျပာခဲ့ကာ မဂၤလာသတင္းၾကားရဖုိ႔အတြက္ လုိေသးေၾကာင္း သီတင္းကြၽတ္နဲ႔ ပတ္သက္ၿပီး ေျပာဆုိသြားခဲ့ပါတယ္။

Credit:Can’t Wait To Say

 

Unicodeဖြင့်ဖတ်ရန်

 

Facebook မသုံးတော့ဘူး ဆိုတဲ့ မင်းသား နေမင်း

 

ဗီဒီယိုဈေးကွက်ကောင်းခဲ့ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့တဲ့ နိုင်ငံကျော်မင်းသား နေမင်းဟာ Facebookမှာ ဝေဖန်ခံရမှုတွေများခဲ့တဲ့အတွက်ကြောင့် အနုပညာအလုပ်ကို သိပ်မလုပ်ဖြစ်တော့ဘဲ စီးပွားရေးလုပ်ငန်းတွေကိုပဲ အာရုံစိုက်ပြီး လုပ်ကိုင်နေတယ်လို့ Sunday journalရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ နေမင်းဟာ လက်ရှိအချိန်မှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကိုတည်ထောင်ထားပါတယ်။

ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကို စတင်လုပ်ကိုင်ရတဲ့ အကြောင်းကိုမေးမြန်းခဲ့ရာ” တကယ်တော့အကိုတို့ ဒီရုပ်ရှင်ထုတ်လုပ်ရေးကို စလုပ်ဖြစ်တယ်ဆိုတာ မီးရတာဝန်ကြီး လက်ထပ်တုန်းက သူ့ကျွန်မခံမီ နောက်ပိုင်းမှာ ဒီလိုမျိုး ထုတ်လုပ်ရေးလုပ်ဖို့ ရာထားခဲ့ပါတယ် အဲ့ဒီနောက်ပိုင်းမှာ အကိုတို့အရွယ်ရောက်လာတဲ့အခါ အကို့အကိုကြီးက ဦးဆောင်ပြီး ဒီအလုပ်ကို ဆက်ပြီးတော့ လုပ်ဖြစ်တာပါ ဟိုဘက်က ဆောက်လုပ်ရေးနဲ့ စီးပွားရေးက အရင်တုန်းထဲက ရှိပြီးသားပါ အဲ့လိုတွေရှိတာကြောင့် ရှိတဲ့ အလုပ်အပေါ်မှာတော့ လူကတော့ အချိန်ဖြုန်းနေရမှာပဲလေ ဘာလို့လဲဆိုတော့ အချိန်ဆိုတာ အလကားရတာမဟုတ်ဘူးလေ အဲ့လိုဆိုတော့ ကိုယ်ဒီဘက်မှာ အချိန်ပေးခွင့်ရှိတယ် အချိန်ပေးသင့်တယ်ဆိုရင် ဒီဘက်မှာ အချိန်ပေးတာပေါ့။

တကယ်တော့ ဒီဘက်မှ သက်သက်အချိန်ကုန်မယ့်အတူတူဟိုဘက်လုပ်ငန်းမှာ ကိုယ့်ဘဝစိတ်မလေမလွှင့်အောင် ဒီအသက်အရွယ်လဲရောက်လာပြီ အသိတရားလဲ ရလာပြီဆိုတော့ ဟိုဘက်မှာ မြှပ်နှံတဲ့ သဘောပါ။ ဘာလို့လဲဆိုတော့ ကြားထဲမှာ စိတ်ကို လွတ်လွတ်လပ်လပ်နဲ့ပေးပြီးတော့ ဖြတ်သန်းခဲ့တယ် လမ်းမှားတွေ သွားခဲ့တာတွေရှိမယ် အစုံပေါ့နော် အဲ့တာကြောင့် အခုအသက်အရွယ် အခုအချိန်လေးမှာတော့ အသိတရားနဲ့ အချိန်တွေကို အလာကားမဖြစ်အောင် ဒီဘက်ပိုင်းမှာ အချိန်တွေ ပေးဖြစ်နေတာပါ။”လို့ နေမင်းက ဖြေဆိုသွားခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ဇာတ်ကားရိုက်ဖို့အတွက် ကမ်းလှမ်းခံရတာတွေ ရှိလားဆိုတဲ့ မေးခွန်းကိုတော့”လက်ရှိက အကိုတို့ ပြင်ဆင်နေတုန်းပဲ အိမ်က ရိုက်ဖို့အတွက် ပြင်ဆင်နေတာ ရှိတယ် အကိုဝင်မရိုက်ရင်တောင်မှ ဒီလထဲမှာ ကိုနေတိုးနဲ့ ကားကြီးတစ်ကားတည်ဖို့ရှိတယ်။ ကျန်တာက ဘာရှိလဲဆိုတော့ ဇာတ်လမ်းတွဲတစ်ခု လုပ်ထားတာရှိမယ်ပေါ့နော် စစ်ကားဇာတ်လမ်းတွဲရှိမယ်ပေါ့နော်။ ဆိုလိုတာက အကိုတို့ဆီက လုပ်နေတာတွေရှိတယ် အကိုပါတာနဲ့မပါတာပဲရှိမယ်။

အကိုပါသင့်တဲ့ဟာဆိုရင်တော့ ပါလိုက်တာပေါ့ မပါသင့်တာဆိုရင်တော့ စီစဉ်ပေးတယ်ပေါ့ ဟိုဘက်က စီးပွားရေးကလည်း အကိုပါသင့်တာမပါသင့်တာထက် အချိန်တစ်ခုကို အလကားမဖြစ်တဲ့အတွက်ကြိုးစားပြီး ဘဝအတွေ့အကြုံတစ်ခုအနေနဲ့ ရှင်သန်နေတာပေါ့။ ကာရိုက်တာတစ်ခုအတွက် သွားသင်ကြားနေတဲ့ သဘောမျိုးကိုလည်း သက်ရောက်တာပေါ့။”လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဝေဖန်မှုတွေအပေါ်ကို ဘယ်လိုခံစားရလဲဆိုတဲ့ မေးခွန်းကို”အဲ့တာကလေ အကိုအခုလိုမျိူး စီးပွားရေးဘက်ထဲကို၁၀၀ရာခိုင်နှုန်းဝင်လုပ်ဖြစ်အောင် တွန်းအားပေးခဲ့တာလည်း အဲ့လိုဝေဖန်ခြင်းတွေပါပဲ ဘာလို့လဲဆိုတော့ အကိုတို့ရှေ့မှာ ကြုံတွေ့ခဲ့ရတဲ့ ကာလတစ်ခုရှိခဲ့ပြီးသွားပြီ အကိုFacebookအကောင့်ဆိုရင် ဆက်မသုံးဖြစ်တော့ဘူး သုံးလဲမသုံးတော့ဘူးပေါ့နော် အခုသုံးတဲ့ဟာဆိုရင်လည်း ကိုယ့်လူမှုရေးအရ အလုပ်ကိစ္စအတွက်လောက်ပဲ သုံးဖြစ်တော့တယ် အရင်လိုမျိူး မင်းသားတစ်ယောက်အနေနဲ့ အနုပညာတွေကို တင်ဆက်တာတွေ အဲ့တာမျိုးတွေတော့ မသုံးဖြစ်တော့ဘူး။

အဲ့တာကတော့ ခုနပြောတဲ့ဟာရဲ့ အဖြေပါပဲ ဆိုလိုတာကတော့ အလုပ်တွေရှိလာမယ် ပုံမှန်အနုပညာရှင်တွေကလည်း မအားတမ်းလည်ပတ်နေကြမယ် ပရိသတ်တွေကလည်း သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုတွေ ဘဝရှင်သန်ဖို့အတွက် ဖြစ်တည်နေကြမယ်ဆိုရင် ခုနပြောတဲ့ဟာတွေအလိုလိုပျောက်ကွယ်သွားမှာပါ။ အဲ့တော့ ဒီအပေါ်မှာတော့ ထွေထွေထူးထူး ပြောနေစရာတော့မလိုပါဘူး ဘာလို့လဲဆိုတော့ ဘယ်ဟာက အတုယူသင့်တယ် ဘယ်ဟာက အတုမယူသင့်ဘူး ဆိုတဲ့အတိုင်းအတာ လူတွေရဲ့ စိတ်တွေအပေါ်မှာပဲ မူတည်တယ်လေ ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင်ပြောချင်ဆိုချင်ဆိုတာ ကိုယ့်ရဲ့ လုပ်ရပ်ပေါ်မှာပဲ မူတည်တာပေါ့ အရာရာက ကိုယ်ဦးနှောက်နဲ့ပဲ တွေးတာအဲ့တော့ ကိုယ်နဲ့သာဆိုင်ပါတယ်ပေါ့။”လို့ ဖြေဆိုသွားခဲ့ပါတယ်။

အခုအချိန်ဟာသီတင်းကျွတ်နဲ့လဲ နီးလာပြီ ဖြစ်တာကြောင့် နေမင်းကို တူလေးတူမလေးများက လာကန်တော့ကြပြီး နေမင်းကတော့ သူ့အဖေနဲ့အမေကိုသွားကန်တော့ရမယ်လို့ ပြောခဲ့ကာ မင်္ဂလာသတင်းကြားရဖို့အတွက် လိုသေးကြောင်း သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ်။

Credit:Can’t Wait To Say