Zawgyiျဖင့္ဖတ္ရန္

 

ၿခိမ့္ေကကိုဟာ တစ္ႏိုင္ငံလုံးက ေစာင့္ၾကည့္ရတဲ့ Myanmar Idol မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး အခုဆိုရင္ ကြၽန္ေတာ္လြမ္းလို႔ငိုရေတာ့မယ္မမေရ ဆိုတဲ့ သီခ်င္းနဲ႔ တစ္ႏိုင္ငံလုံးက ပရိသတ္ေတြရဲ႕ ေမတၱာပို႔မႈေတြ အားေပးမႈေတြကို အလုံးအရင္းနဲ႔ရရွိေနတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ မမေရသီခ်င္းကို MTV ႐ိုက္ဖို႔ႀကိဳးစားေနဆဲျဖစ္တဲ့ ၿခိမ့္ေကကိုက လက္ရွိမွာ ညီမေလးသီခ်င္းကိုလည္း ထပ္မံထြက္ရွိထားၿပီျဖစ္ပါတယ္။ ၿခိမ့္ေကကိုက အခ်စ္အေပၚအျမင္နဲ႔ သူ႔ရဲ႕လက္ရွိအခ်စ္ေရးအေၾကာင္းကို Media ေတြနဲ႔ Interview မွာေျဖၾကားထားပါတယ္။

ၿခိမ့္ေကကိုက အႏုပညာကိုတစိုက္မတ္မတ္ႀကိဳးစားေနဆဲျဖစ္တာေၾကာင့္ ခ်စ္သူရည္းစားမရွိေသးေၾကာင္းကို “လက္ရွိကြၽန္ေတာ္ရည္းစားမထားေသးပါဘူးေနာ္။ Online ေပၚမွာေတာ့ ကြၽန္ေတာ့္ကိုခ်စ္တယ္ခ်စ္တယ္လာေျပာတဲ့ ေကာင္မေလးေတြေတာ့ရွိပါတယ္။ ကြၽန္ေတာ္ စဥ္းစားေပးပါ့မယ္လို႔ သူတို႔ကို”လို႔ေျပာထားၿပီးရည္းစားမထားရေသးတဲ့အေၾကာင္းအရင္းကိုေတာ့ “အခုေလာေလာဆယ္မွာ ရည္းစားမထားျဖစ္ေသးပါဘူးလို႔။ ကြၽန္ေတာ္အခုအႏုပညာလုပ္ေနတာျဖစ္တဲ့အတြက္ရည္းစားထားမယ္ဆိုရင္လည္း ကြၽန္ေတာ့္ရဲ႕ပရိသတ္ေတြကို ကြၽန္ေတာ္အေၾကာင္းျပန္ပါ့မယ္လို႔ေနာ္”လို႔ေျဖၾကားေပးထားပါတယ္။

ၿခိမ့္ေကကိုက သူႀကိဳက္တဲ့မိန္းကေလးပုံစံကို “အိေျႏၵသိကၡာရွိၿပီးေတာ့ မိန္းကေလးဆန္တဲ့မိန္းမမ်ိဳးေလးကို ကြၽန္ေတာ္အရမ္းႏွစ္သက္သေဘာက်ပါတယ္လို႔”ဆိုၿပီး ေျပာျပထားသလို ၿခိမ့္ေကကိုက သူခ်စ္တဲ့ေကာင္မေလးကို ရည္းစားစကားေျပာမယ့္ပုံကိုလည္း “ရည္းစားစကားေျပာမယ္ဆိုရင္ ဟိတ္ ေဘဘီ နင့္ကိုငါအရမ္းခ်စ္တယ္ဆိုၿပီး အဲ့လိုစကားေလးေတြနဲ႔ ေျပာမွာပါ ခ်စ္တဲ့အေၾကာင္းကို”လို႔ လက္ဟန္ေျခဟန္ေတြနဲ႔ေျပာျပထားပါတယ္။

ၿခိမ့္ေကကိုက သူ႔ေကာင္မေလးကို လိုေလေသးမရွိထားမယ္ဆိုတဲ့အေၾကာင္း “သူလိုခ်င္တဲ့ပစၥည္းေတြမွန္သမွ် ကြၽန္ေတာ္အကုန္ဝယ္ေပးမယ္၊အကုန္ျဖည့္ဆည္းေပးမယ္။လက္ညိဳးၫႊန္ရာေရျဖစ္ေအာင္လုပ္ေပးမယ္။ ကြၽန္ေတာ့္ခ်စ္သူကို လိုေလေသးမရွိအေကာင္းဆုံးျဖစ္ေအာင္ျဖည့္ဆည္းေပးမွာပါ”လို႔ အားတက္သေရာေျပာထားပါတယ္။

ကိုယ့္ေကာင္မေလးဆီက သစၥာရွိဖို႔တစ္ခုပဲေမွ်ာ္လင့္ေၾကာင္းကိုလည္း ၿခိမ့္ေကကိုက “သူ႔ကိုဘာေျပာခ်င္လဲဆိုရင္ေတာ့ ကြၽန္ေတာ္သူ႔ကိုခ်စ္သေလာက္သူကြၽန္ေတာ့္ကို သစၥာရွိေပးပါလို႔။ အဲဒါပဲေျပာခ်င္ပါတယ္။အခ်စ္ဆိုတာက တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြနဲ႔ တည္ေဆာက္ထားတဲ့အရာတစ္ခုေပါ့ေနာ္။ကိုယ္ကခ်စ္ၿပီးသူကမခ်စ္ရင္ အဲဒီအခ်စ္က မတည္ၿမဲပါဘူး။ ႏွစ္ေယာက္သေဘာတူညီမႈနဲ႔တည္ေဆာက္မွသာဒီအခ်စ္ကခိုင္ၿမဲတာပါလို႔။ အဲဒါေၾကာင့္ သစၥာမရွိတဲ့အခ်စ္မ်ိဳးကို ကြၽန္ေတာ္မလိုခ်င္ပါဘူး။ သူကလည္းကိုယ့္အေပၚမွာသစၥာရွိတယ္။ကိုယ္ကလည္းသူ႔အေပၚမွာ သစၥာရွိတယ္ဆိုတဲ့အခ်စ္မ်ိဳးကိုပဲကြၽန္ေတာ္ႏွစ္သက္သေဘာက်ပါတယ္လို႔” ေျပာထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ.. ၿခိမ့္ေကကိုလို မိန္းကေလးေတြကိုတန္ဖိုးထားၿပီး အခ်စ္ကို႐ိုး႐ိုးရွင္းရွင္းျမင္တတ္တဲ့ ေကာင္ေလးနဲ႔ ခ်စ္သူေတာ္ခ်င္ေနၾကၿပီမဟုတ္လား။ Online ေပၚက ရည္းစားစကားလာေျပာရင္ၿခိမ့္ေကကိုက စဥ္းစားေပးမယ္ေျပာထားတာမို႔ မေႏွးအျမန္ ရည္းစားစကားသြားေျပာလိုက္ေတာ့ေနာ္။

Credit:Can’t Wait To Say

 

Unicodeဖြင့်ဖတ်ရန်

 

ချစ်တယ်လာပြောတဲ့ ကောင်မလေးတွေကိုစဉ်းစားပေးပါ့မယ်ဆိုတဲ့ ခြိမ့်ကေကို

 

ခြိမ့်ကေကိုဟာ တစ်နိုင်ငံလုံးက စောင့်ကြည့်ရတဲ့ Myanmar Idol မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အခုဆိုရင် ကျွန်တော်လွမ်းလို့ငိုရတော့မယ်မမရေ ဆိုတဲ့ သီချင်းနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ မေတ္တာပို့မှုတွေ အားပေးမှုတွေကို အလုံးအရင်းနဲ့ရရှိနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ မမရေသီချင်းကို MTV ရိုက်ဖို့ကြိုးစားနေဆဲဖြစ်တဲ့ ခြိမ့်ကေကိုက လက်ရှိမှာ ညီမလေးသီချင်းကိုလည်း ထပ်မံထွက်ရှိထားပြီဖြစ်ပါတယ်။ ခြိမ့်ကေကိုက အချစ်အပေါ်အမြင်နဲ့ သူ့ရဲ့လက်ရှိအချစ်ရေးအကြောင်းကို Media တွေနဲ့ Interview မှာဖြေကြားထားပါတယ်။

ခြိမ့်ကေကိုက အနုပညာကိုတစိုက်မတ်မတ်ကြိုးစားနေဆဲဖြစ်တာကြောင့် ချစ်သူရည်းစားမရှိသေးကြောင်းကို “လက်ရှိကျွန်တော်ရည်းစားမထားသေးပါဘူးနော်။ Online ပေါ်မှာတော့ ကျွန်တော့်ကိုချစ်တယ်ချစ်တယ်လာပြောတဲ့ ကောင်မလေးတွေတော့ရှိပါတယ်။ ကျွန်တော် စဉ်းစားပေးပါ့မယ်လို့ သူတို့ကို”လို့ပြောထားပြီးရည်းစားမထားရသေးတဲ့အကြောင်းအရင်းကိုတော့ “အခုလောလောဆယ်မှာ ရည်းစားမထားဖြစ်သေးပါဘူးလို့။ ကျွန်တော်အခုအနုပညာလုပ်နေတာဖြစ်တဲ့အတွက်ရည်းစားထားမယ်ဆိုရင်လည်း ကျွန်တော့်ရဲ့ပရိသတ်တွေကို ကျွန်တော်အကြောင်းပြန်ပါ့မယ်လို့နော်”လို့ဖြေကြားပေးထားပါတယ်။

ခြိမ့်ကေကိုက သူကြိုက်တဲ့မိန်းကလေးပုံစံကို “အိန္ဒြေသိက္ခာရှိပြီးတော့ မိန်းကလေးဆန်တဲ့မိန်းမမျိုးလေးကို ကျွန်တော်အရမ်းနှစ်သက်သဘောကျပါတယ်လို့”ဆိုပြီး ပြောပြထားသလို ခြိမ့်ကေကိုက သူချစ်တဲ့ကောင်မလေးကို ရည်းစားစကားပြောမယ့်ပုံကိုလည်း “ရည်းစားစကားပြောမယ်ဆိုရင် ဟိတ် ဘေဘီ နင့်ကိုငါအရမ်းချစ်တယ်ဆိုပြီး အဲ့လိုစကားလေးတွေနဲ့ ပြောမှာပါ ချစ်တဲ့အကြောင်းကို”လို့ လက်ဟန်ခြေဟန်တွေနဲ့ပြောပြထားပါတယ်။

ခြိမ့်ကေကိုက သူ့ကောင်မလေးကို လိုလေသေးမရှိထားမယ်ဆိုတဲ့အကြောင်း “သူလိုချင်တဲ့ပစ္စည်းတွေမှန်သမျှ ကျွန်တော်အကုန်ဝယ်ပေးမယ်၊အကုန်ဖြည့်ဆည်းပေးမယ်။လက်ညိုးညွှန်ရာရေဖြစ်အောင်လုပ်ပေးမယ်။ ကျွန်တော့်ချစ်သူကို လိုလေသေးမရှိအကောင်းဆုံးဖြစ်အောင်ဖြည့်ဆည်းပေးမှာပါ”လို့ အားတက်သရောပြောထားပါတယ်။

ကိုယ့်ကောင်မလေးဆီက သစ္စာရှိဖို့တစ်ခုပဲမျှော်လင့်ကြောင်းကိုလည်း ခြိမ့်ကေကိုက “သူ့ကိုဘာပြောချင်လဲဆိုရင်တော့ ကျွန်တော်သူ့ကိုချစ်သလောက်သူကျွန်တော့်ကို သစ္စာရှိပေးပါလို့။ အဲဒါပဲပြောချင်ပါတယ်။အချစ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့အရာတစ်ခုပေါ့နော်။ကိုယ်ကချစ်ပြီးသူကမချစ်ရင် အဲဒီအချစ်က မတည်မြဲပါဘူး။ နှစ်ယောက်သဘောတူညီမှုနဲ့တည်ဆောက်မှသာဒီအချစ်ကခိုင်မြဲတာပါလို့။ အဲဒါကြောင့် သစ္စာမရှိတဲ့အချစ်မျိုးကို ကျွန်တော်မလိုချင်ပါဘူး။ သူကလည်းကိုယ့်အပေါ်မှာသစ္စာရှိတယ်။ကိုယ်ကလည်းသူ့အပေါ်မှာ သစ္စာရှိတယ်ဆိုတဲ့အချစ်မျိုးကိုပဲကျွန်တော်နှစ်သက်သဘောကျပါတယ်လို့” ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. ခြိမ့်ကေကိုလို မိန်းကလေးတွေကိုတန်ဖိုးထားပြီး အချစ်ကိုရိုးရိုးရှင်းရှင်းမြင်တတ်တဲ့ ကောင်လေးနဲ့ ချစ်သူတော်ချင်နေကြပြီမဟုတ်လား။ Online ပေါ်က ရည်းစားစကားလာပြောရင်ခြိမ့်ကေကိုက စဉ်းစားပေးမယ်ပြောထားတာမို့ မနှေးအမြန် ရည်းစားစကားသွားပြောလိုက်တော့နော်။

Credit:Can’t Wait To Say