22 C
Yangon
Monday, January 20, 2020
ဖခင္ဆုံးပါးသြားတဲ့ ကေလးေတြကို ႏွစ္သိမ့္ေပြ႕ဖက္ေပးေနတဲ့ ေခြးေလးရဲ႕လုပ္ရပ္

ဖခင္ဆုံးပါးသြားတဲ့ ကေလးေတြကို ႏွစ္သိမ့္ေပြ႕ဖက္ေပးေနတဲ့ ေခြးေလးရဲ႕လုပ္ရပ္

955
0

Zawgyiျဖင့္ဖတ္ရန္

 

Hazel နဲ႔ June Taphouse တို႔ဟာ အသက္(၄)ႏွစ္နဲ႔ (၂)ႏွစ္ အသီးသီးကို ေရာက္ရွိေနၾကတဲ့ ကေလးမေလးေတြဟာ ဖခင္ဆုံးရႈံးသြားတဲ့အတြက္ အလြန္စိတ္မေကာင္း ဝမ္းနည္းပူေဆြးေနၾကၿပီး၊ ဒါကို ေခြးမေလး Fern က ေကာင္းေကာင္းရိပ္မိ သိရွိခဲ့ပါတယ္။ Hazel နဲ႔ June တို႔ရဲ႕ဖခင္ဟာ (၂၀၁၆)ခုႏွစ္ ႏိုဝဘၤာလတုန္းက ကားမေတာ္တဆမႈနဲ႔ ကြယ္လြန္ခဲ့တာပါ။

ခင္ပြန္းသည္ ေသဆုံးၿပီးေနာက္ က်န္ရစ္တဲ့ ဇနီးသည္ Emily Taphouse ဟာ ကေလးေတြကို စိတ္သစ္လူသစ္ျဖစ္ေစဖို႔ မီခ်ီဂန္က Grand Rapids ဆီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး၊ ေရသစ္ေျမသစ္မွာ အထာက်ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ကေလးေတြဟာ ဖခင္ျဖစ္သူကို အလြန္စြဲလမ္းေနတာေၾကာင့္ ထိေရာက္တဲ့ နည္းလမ္းေတာ့မဟုတ္ခဲ့ပါဘူး။

မိခင္ျဖစ္သူ Emily ဟာ ေနာက္ဆုံးမွာေတာ့ ေခြးေလး Fern ကို မိသားစုဝင္အသစ္အျဖစ္ အိမ္ေခၚၿပီး ေမြးစားခဲ့ပါတယ္။ ေခြးမေလး Fern ဟာ မိသားစုဝင္ Hazel နဲ႔ June တို႔နဲ႔ ခ်က္ခ်င္း ရင္းနီးသြားခဲ့ၿပီး၊ လအနည္းငယ္ၾကာတဲ့အခါမွာ သူတို႔တစ္ေတြရဲ႕ စိတ္ခံစားခ်က္ ဘယ္လိုဆိုတာအထိပါ ရိပ္မိသိရွိလာခဲ့ပါတယ္။

ဒါေၾကာင့္ ဝမ္းနည္းေနတဲ့ Hazel နဲ႔ June တို႔ကို Fern က ေပြ႕ဖက္ႏွစ္သိမ့္ေပးရင္း သူမ တက္ႏိုင္တဲ့ဘက္က ကေလးမေလးေတြ ဘယ္လိုေပ်ာ္႐ႊင္ေအာင္လုပ္ရမလဲဆိုတာကို အခ်ိန္တိုင္း ရွာေဖြေနပါေတာ့တယ္။ ေနာက္ထပ္မၾကာမီမွာ မိခင္ Emily က ေခြးေလး Juno ကို မိသားစုထံ ထပ္မံေခၚယူလာခဲ့ျပန္ပါတယ္။

ဒီလိုနဲ႔ Emily တို႔ မိသားစုဟာ သိုက္သိုက္ဝန္းဝန္း ျဖစ္လာၿပီး အခုအခါမွာေတာ့ Hazel နဲ႔ June တို႔ဟာ ဖခင္ေသဆုံးသြားလို႔ ခံစားရတဲ့ ဝမ္းနည္းမႈကေန အနည္းငယ္သက္သာရာ ရလာၿပီလို႔ ေျပာလို႔ရေၾကာင္း Emily က ဆိုပါတယ္။ ေခြးေတြဟာ လူေတြနဲ႔ အနီးစပ္ဆုံးသတၱဝါေတြျဖစ္ၾကၿပီး လူေတြရဲ႕ စိတ္အေျခအေနကို အျမန္ဆုံး နားလည္ႏိုင္တဲ့ သတၱဝါေတြ ျဖစ္ပါတယ္။

Credit:နတ္စည္ေတာ္ (MyanmarNote)

source : unilad.co.uk

Unicodeဖြင့်ဖတ်ရန်

 

ဖခင်ဆုံးပါးသွားတဲ့ ကလေးတွေကို နှစ်သိမ့်ပွေ့ဖက်ပေးနေတဲ့ ခွေးလေးရဲ့လုပ်ရပ်

 

Hazel နဲ့ June Taphouse တို့ဟာ အသက်(၄)နှစ်နဲ့ (၂)နှစ် အသီးသီးကို ရောက်ရှိနေကြတဲ့ ကလေးမလေးတွေဟာ ဖခင်ဆုံးရှုံးသွားတဲ့အတွက် အလွန်စိတ်မကောင်း ဝမ်းနည်းပူဆွေးနေကြပြီး၊ ဒါကို ခွေးမလေး Fern က ကောင်းကောင်းရိပ်မိ သိရှိခဲ့ပါတယ်။ Hazel နဲ့ June တို့ရဲ့ဖခင်ဟာ (၂၀၁၆)ခုနှစ် နိုဝင်္ဘာလတုန်းက ကားမတော်တဆမှုနဲ့ ကွယ်လွန်ခဲ့တာပါ။

ခင်ပွန်းသည် သေဆုံးပြီးနောက် ကျန်ရစ်တဲ့ ဇနီးသည် Emily Taphouse ဟာ ကလေးတွေကို စိတ်သစ်လူသစ်ဖြစ်စေဖို့ မီချီဂန်က Grand Rapids ဆီကို ပြောင်းရွှေ့ခဲ့ပြီး၊ ရေသစ်မြေသစ်မှာ အထာကျဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေဟာ ဖခင်ဖြစ်သူကို အလွန်စွဲလမ်းနေတာကြောင့် ထိရောက်တဲ့ နည်းလမ်းတော့မဟုတ်ခဲ့ပါဘူး။

မိခင်ဖြစ်သူ Emily ဟာ နောက်ဆုံးမှာတော့ ခွေးလေး Fern ကို မိသားစုဝင်အသစ်အဖြစ် အိမ်ခေါ်ပြီး မွေးစားခဲ့ပါတယ်။ ခွေးမလေး Fern ဟာ မိသားစုဝင် Hazel နဲ့ June တို့နဲ့ ချက်ချင်း ရင်းနီးသွားခဲ့ပြီး၊ လအနည်းငယ်ကြာတဲ့အခါမှာ သူတို့တစ်တွေရဲ့ စိတ်ခံစားချက် ဘယ်လိုဆိုတာအထိပါ ရိပ်မိသိရှိလာခဲ့ပါတယ်။

ဒါကြောင့် ဝမ်းနည်းနေတဲ့ Hazel နဲ့ June တို့ကို Fern က ပွေ့ဖက်နှစ်သိမ့်ပေးရင်း သူမ တက်နိုင်တဲ့ဘက်က ကလေးမလေးတွေ ဘယ်လိုပျော်ရွှင်အောင်လုပ်ရမလဲဆိုတာကို အချိန်တိုင်း ရှာဖွေနေပါတော့တယ်။ နောက်ထပ်မကြာမီမှာ မိခင် Emily က ခွေးလေး Juno ကို မိသားစုထံ ထပ်မံခေါ်ယူလာခဲ့ပြန်ပါတယ်။

ဒီလိုနဲ့ Emily တို့ မိသားစုဟာ သိုက်သိုက်ဝန်းဝန်း ဖြစ်လာပြီး အခုအခါမှာတော့ Hazel နဲ့ June တို့ဟာ ဖခင်သေဆုံးသွားလို့ ခံစားရတဲ့ ဝမ်းနည်းမှုကနေ အနည်းငယ်သက်သာရာ ရလာပြီလို့ ပြောလို့ရကြောင်း Emily က ဆိုပါတယ်။ ခွေးတွေဟာ လူတွေနဲ့ အနီးစပ်ဆုံးသတ္တဝါတွေဖြစ်ကြပြီး လူတွေရဲ့ စိတ်အခြေအနေကို အမြန်ဆုံး နားလည်နိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။

Credit:နတ်စည်တော် (MyanmarNote)

source : unilad.co.uk