Zawgyiျဖင့္ဖတ္ရန္

၂၀၁၈ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္ေန႔ နံနက္ ၉ နာရီ ၃၀ မိနစ္အခ်ိန္ စစ္ကိုင္းတိုင္း ေဒသႀကီး၊ ေရႊဘိုၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ အဆိပ္ေသာက္၍ ေသဆုံးသြားသည့္ အမ်ိဳးသမီးတစ္ဦး ေရာက္ရွိလာေၾကာင္း သိရသည္။

အဆုိပါ သတင္းအရ ေရႊဘိုၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ အမွတ္(၅)ရပ္ကြက္ေန မသင္းသင္းျမတ္(၁၉)ႏွစ္သည္ ၎၏ ဖခင္ျဖစ္သူ ဦးေဇာ္ မွ ဖုန္းမသုံးရန္ တားျမစ္ေျပာဆိုခဲ့သည္ကို စိတ္ဆိုးကာ ပဲပိုးသတ္ေဆးႏွင့္ အကိုက္အခဲေပ်ာက္ ေဆးျပားမ်ားအား သံပုရာရည္ျဖင့္ေရာ၍ ေသာက္ခဲ့ရာက ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အဆုိပါအမႈအား ေရႊဘိုၿမိဳ႕မရဲစခန္း ေသမႈေသခင္းအမွတ္စဥ္(၁၉/၂၀၁၈)ျဖင့္ ေရးဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

Unicodeဖြင့်ဖတ်ရန်

၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ အဆိပ်သောက်၍ သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ သတင်းအရ ရွှေဘိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အမှတ်(၅)ရပ်ကွက်နေ မသင်းသင်းမြတ်(၁၉)နှစ်သည် ၎င်း၏ ဖခင်ဖြစ်သူ ဦးဇော် မှ ဖုန်းမသုံးရန် တားမြစ်ပြောဆိုခဲ့သည်ကို စိတ်ဆိုးကာ ပဲပိုးသတ်ဆေးနှင့် အကိုက်အခဲပျောက် ဆေးပြားများအား သံပုရာရည်ဖြင့်ရော၍ သောက်ခဲ့ရာက သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအမှုအား ရွှေဘိုမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၉/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

Credit: သစ်ထူးလွင်