27 C
Yangon
Sunday, November 18, 2018
လူ ၁၇ ေယာက္ကို ပုဒ္မ ၁၇ ခုနဲ႔ တရားစြဲလိုက္တဲ့ ဂ်က္ျမေသာင္း

လူ ၁၇ ေယာက္ကို ပုဒ္မ ၁၇ ခုနဲ႔ တရားစြဲလိုက္တဲ့ ဂ်က္ျမေသာင္း

760
0

 

Zawgyiျဖင့္ဖတ္ရန္

 

ယခုေနာက္ပိုင္းမွာ သီခ်င္းေတြ သိပ္မထြက္ေတာ့ေပမယ့္လည္း တခ်ိန္ကေတာ့ သူ႔သီခ်င္းေတြကို လူငယ္တိုင္းရင္မွာစြဲေနေစတဲ့ အဆိုေတာ္ တေယာက္ရွိပါတယ္။ သူကေတာ့ တကယ့္ခံစားခ်က္ေတြပါတဲ့ သီခ်င္းေတြကို ပရိသတ္ေတြကို ခ်ျပခဲ့တဲ့ အဆိုေတာ္ ဂ်က္ျမေသာင္းပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ သူ႔ကိုယ္ပိုင္ဟန္ စတိုင္လ္နဲ႔ သီဆိုတတ္တဲ့ အဆိုေတာ္ ဂ်က္ျမေသာင္းကေတာ့ လက္ရွိမွာေတာ့ သူ႔သီခ်င္းေတြကို သူ႔ဆီခြင့္မေတာင္းပဲ ယူသုံးေနတဲ့သူေတြကိုေတာ့ သူ႔အေနနဲ႔ စိတ္နဲနဲညစ္ေနပါတယ္။ သူ႔ သီခ်င္းေတြကိုေတာ့ တခ်ိဳ႕က သူ႔ဆီကို ခြင့္မေတာင္းပဲ ယူသုံးေနတာေၾကာင့္ တရားစြဲဆိုမႈေတြ ျပဳလုပ္သြားမယ္လို႔ ေျပာၾကားသြား ခဲ့တာ ျဖစ္ပါတယ္။

ဂ်က္ျမေသာင္းကေတာ့ ကမာ႐ြတ္ မီဒီယာနဲ႔ အင္တာဗ်ဴးတြင္ “ကြၽန္ေတာ့္ သီခ်င္းေတြကို ကြၽန္ေတာ့္ခြင့္ျပဳခ်က္မရပဲ သုံးထားပါတယ္။ ကြၽန္ေတာ္ခြင့္ျပဳခ်က္မရပဲ FM ေတြ တယ္လီကြန္း ကုမၸဏီေတြ ယူသုံးေနတာကို ေတြ႕ရပါတယ္”

ထို႔ေၾကာင့္ ေတးေရးေတးဆို ဂ်က္ျမေသာင္းကေတာ့ သူ႔သီခ်င္းေတြကို မူပိုင္ခြင့္မရယူပဲ ယူသုံးထားတာေၾကာင့္ ၁၇ ေယာက္ကို ပုဒ္မ ၁၇ ခုဆီျဖင့္ အသီးသီးတရားစြဲဆိုထားတာ ျဖစ္ပါတယ္။ ဂ်က္ျမေသာင္းကေတာ့ ၿပီးခဲ့တဲ့ ၁၀ ရက္ေန႔ကေတာ့ ေျမာက္ဒဂုံတရား႐ုံးကို ေရာက္လာခဲ့ပါတယ္။ လာမယ့္ေအာက္ဆိုဘာ ၂၂ ရက္ေန႔မွာေတာ့ အမႈမ်ားကို စတင္စစ္ေဆးသြားမွာ ျဖစ္ပါတယ္။ ဒီလိုတရားစြဲဆိုမႈထဲမွာေတာ့ ဂီတ အစည္းအ႐ုံးကို တရားစြဲဆိုထားတာလည္း ပါပါတယ္။

ဂ်က္ျမေသာင္းကေတာ့ “ကြၽန္ေတာ္သီခ်င္းေတြကို သီခ်င္းဆိုၿပိဳင္ပြဲေတြမွာလည္း သုံးထားပါတယ္။ ခြင့္ျပဳခ်က္မရပဲ။ ဒါေၾကာင့္သူတို႔ကို မူပိုင္ခြင့္ ခ်ိဳးေဖာက္မႈနဲ႔ တရားစြဲထားပါတယ္။ ေလာေလာဆယ္ေတာ့ မစစ္ေသးဘူးေလ။ သူတို႔ေတြ ေရွ႕ေနေတြ ငွားၾကဦးမယ္။ ေအာက္တိုဘာ ၂၂ ကေတာ့ ေသခ်ာေပါက္ စစ္ပါလိမ့္မယ္။ အားလုံးေပါင္း ၁၇ မႈနဲ႔ တရားစြဲထားတာပါ။ ဂီတ အစည္းအ႐ုံးကိုလည္း သပ္သပ္တရားစြဲထားပါတယ္။ တခ်ိဳ႕တရားစြဲဆိုထားတဲ့သူေတြက မသိေသးဘူး။ ၈ မႈေလာက္ေတာ့ ရွိပါၿပီ။ ဒီကိုေရာက္လာတာ။ ၈ မႈထဲကေတာ့ ၁ မႈကစစ္ၿပီးပါၿပီ။ တရက္ထဲလည္း မၿပီးဘူးေလ”
“ျမန္မာျပည္မွာ မူပိုင္ခြင့္ ဥပေဒက အခုေခတ္မွာ မရွိေသးဘူးေလ။ ကြၽန္ေတာ္ထင္ပါတယ္။ ဒါက ဂီတေတာ္လွန္ေရးေပါ့။ ဒီလိုမွ မလုပ္ရင္လည္း ဒါက ဒီအတိုင္းပဲ သြားေနမွာေလ။ ဂီတ အစည္းအ႐ုံးကသတ္မွတ္ထားတာ သီခ်င္းတစ္ပုဒ္ကို ဆိုရင္ ၇၅ က်ပ္ေလာက္ပဲေလ။ ဒါမျဖစ္သင့္တဲ့ ကိစၥေပါ့။ က်န္တာေတာ့ အမႈအတိုင္းဆက္သြားမယ္။ က်န္တာေတာ့ ကြၽန္ေတာ္မေျပာႏိုင္ေသးပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit:Cantwait2say

Unicodeဖြင့်ဖတ်ရန်

 

လူ ၁၇ ယောက်ကို ပုဒ်မ ၁၇ ခုနဲ့ တရားစွဲလိုက်တဲ့ ဂျက်မြသောင်း

 

ယခုနောက်ပိုင်းမှာ သီချင်းတွေ သိပ်မထွက်တော့ပေမယ့်လည်း တချိန်ကတော့ သူ့သီချင်းတွေကို လူငယ်တိုင်းရင်မှာစွဲနေစေတဲ့ အဆိုတော် တယောက်ရှိပါတယ်။ သူကတော့ တကယ့်ခံစားချက်တွေပါတဲ့ သီချင်းတွေကို ပရိသတ်တွေကို ချပြခဲ့တဲ့ အဆိုတော် ဂျက်မြသောင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သူ့ကိုယ်ပိုင်ဟန် စတိုင်လ်နဲ့ သီဆိုတတ်တဲ့ အဆိုတော် ဂျက်မြသောင်းကတော့ လက်ရှိမှာတော့ သူ့သီချင်းတွေကို သူ့ဆီခွင့်မတောင်းပဲ ယူသုံးနေတဲ့သူတွေကိုတော့ သူ့အနေနဲ့ စိတ်နဲနဲညစ်နေပါတယ်။ သူ့ သီချင်းတွေကိုတော့ တချို့က သူ့ဆီကို ခွင့်မတောင်းပဲ ယူသုံးနေတာကြောင့် တရားစွဲဆိုမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။

ဂျက်မြသောင်းကတော့ ကမာရွတ် မီဒီယာနဲ့ အင်တာဗျူးတွင် “ကျွန်တော့် သီချင်းတွေကို ကျွန်တော့်ခွင့်ပြုချက်မရပဲ သုံးထားပါတယ်။ ကျွန်တော်ခွင့်ပြုချက်မရပဲ FM တွေ တယ်လီကွန်း ကုမ္ပဏီတွေ ယူသုံးနေတာကို တွေ့ရပါတယ်”

ထို့ကြောင့် တေးရေးတေးဆို ဂျက်မြသောင်းကတော့ သူ့သီချင်းတွေကို မူပိုင်ခွင့်မရယူပဲ ယူသုံးထားတာကြောင့် ၁၇ ယောက်ကို ပုဒ်မ ၁၇ ခုဆီဖြင့် အသီးသီးတရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဂျက်မြသောင်းကတော့ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကတော့ မြောက်ဒဂုံတရားရုံးကို ရောက်လာခဲ့ပါတယ်။ လာမယ့်အောက်ဆိုဘာ ၂၂ ရက်နေ့မှာတော့ အမှုများကို စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုမှုထဲမှာတော့ ဂီတ အစည်းအရုံးကို တရားစွဲဆိုထားတာလည်း ပါပါတယ်။

ဂျက်မြသောင်းကတော့ “ကျွန်တော်သီချင်းတွေကို သီချင်းဆိုပြိုင်ပွဲတွေမှာလည်း သုံးထားပါတယ်။ ခွင့်ပြုချက်မရပဲ။ ဒါကြောင့်သူတို့ကို မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲထားပါတယ်။ လောလောဆယ်တော့ မစစ်သေးဘူးလေ။ သူတို့တွေ ရှေ့နေတွေ ငှားကြဦးမယ်။ အောက်တိုဘာ ၂၂ ကတော့ သေချာပေါက် စစ်ပါလိမ့်မယ်။ အားလုံးပေါင်း ၁၇ မှုနဲ့ တရားစွဲထားတာပါ။ ဂီတ အစည်းအရုံးကိုလည်း သပ်သပ်တရားစွဲထားပါတယ်။ တချို့တရားစွဲဆိုထားတဲ့သူတွေက မသိသေးဘူး။ ၈ မှုလောက်တော့ ရှိပါပြီ။ ဒီကိုရောက်လာတာ။ ၈ မှုထဲကတော့ ၁ မှုကစစ်ပြီးပါပြီ။ တရက်ထဲလည်း မပြီးဘူးလေ”
“မြန်မာပြည်မှာ မူပိုင်ခွင့် ဥပဒေက အခုခေတ်မှာ မရှိသေးဘူးလေ။ ကျွန်တော်ထင်ပါတယ်။ ဒါက ဂီတတော်လှန်ရေးပေါ့။ ဒီလိုမှ မလုပ်ရင်လည်း ဒါက ဒီအတိုင်းပဲ သွားနေမှာလေ။ ဂီတ အစည်းအရုံးကသတ်မှတ်ထားတာ သီချင်းတစ်ပုဒ်ကို ဆိုရင် ၇၅ ကျပ်လောက်ပဲလေ။ ဒါမဖြစ်သင့်တဲ့ ကိစ္စပေါ့။ ကျန်တာတော့ အမှုအတိုင်းဆက်သွားမယ်။ ကျန်တာတော့ ကျွန်တော်မပြောနိုင်သေးပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit:Cantwait2sa

LEAVE A REPLY