Zawgyiျဖင့္ဖတ္ရန္

အိႏိၵယႏိုင္ငံရဲ႕ေခါင္းေဆာင္ မဟတၱမဂႏၵီရဲ႕ ႏွစ္ ၁၅၀ ျပည့္ေမြးေန႔အထိမ္းအမွတ္အျဖစ္ ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းက Junction City မွာ မဟတၱမဂႏၵီရဲ႕ထင္ရွားတဲ႔မိန္႕ခြန္းေတြကို LED ဘုတ္နဲ႕ ဗြီဒီယိုေတြ ျပသေနပါတယ္။

ေအာက္တိုဘာ ၂ ရက္ေန႔က ျပသေနတဲ႔ဗြီဒီယိုေတြထဲမွာ မဟတၱမဂႏၵီရဲ႕ထင္ရွားတဲ႔မိန္႕ခြန္းေတြျဖစ္တဲ႔ “ ဆင္းရဲမြဲေတမႈသည္ အၾကမ္းဖက္မႈပံုစံတစ္မ်ိဳးျဖစ္သည္” “ ႀကိဳးပမ္းအားထုတ္မႈမ်ားသာ မပါရွိလွ်င္ မည္သည့္ယဥ္ေက်းမႈမွ်ရွင္သန္မည္မဟုတ္ “ အစရွိတဲ႔မိန္႕ခြန္းေတြပါ၀င္ပါတယ္။

ဒါ့အျပင္မွာ သူရဲ႕ထင္ရွားတဲ႔မိန္႔ခြန္းေတြထဲမွာ “အၾကမ္းဖက္၀ါဒႏွင့္ လိမ္ညာျခင္းသည္ ခြန္အားႀကီးမားသူတို႔၏လက္နက္မ်ားမဟုတ္ ခြန္အားနည္းသူတို႔၏ လက္နက္မ်ားျဖစ္သည္” “ အၾကမ္းမဖက္ျခင္းသည္ ခြန္အားႀကီးသူတို႔၏ ေကာင္းမြန္ေသာအရည္အေသြးျဖစ္သည္ “ အစရွိတဲ႔ အၾကမ္းဖက္မႈကိုအား မေပးတဲ႔ အဆိုအမိန္႔ေတြလဲပါ၀င္ပါတယ္။

၁၈၆၉ ခုႏွစ္ ေအာက္တိုဘာ ၂ ရက္ေန႔မွာေမြးဖြားခဲ႔တဲ႔ မဟတၱမဂႏၵီဟာ အိႏၵိယႏိုင္ငံရဲ႕ လြတ္လပ္ေရး တိုက္ပြဲကို အၾကမ္းမဖက္တဲ့လမ္းစဥ္နဲ႕ ေခါင္းေဆာင္ၿပီးရယူခဲ႔တဲ႔ ပုဂၢိဳလ္တစ္ေယာက္လည္းျဖစ္ပါတယ္။

၁၉၄၇ ခုႏွစ္မွာ အိႏိၵယႏိုင္ငံဟာ ၿဗိတိသွ်တို႔ဆီကေန လြတ္လပ္ေရးရရွိခဲ႔ၿပီးတဲ့ေနာက္ ၁၉၄၈ ခုႏွစ္ ဇန္န၀ါရီလ ၃၀ရက္ေန႔မွာ ဂႏၵီဟာ နယူးေဒလီၿမိဳ႕က ဆုေတာင္းပြဲတစ္ခုမွာ လုပ္ႀကံခံခဲ႔ရပါတယ္။

ဒါေၾကာင့္ အိႏၵိယႏိုင္ငံရဲ႕ လြတ္လပ္ေရးဖခင္လို႔တင္စားေခၚေ၀ၚခံရတဲ႔ မဟတၱမဂႏၵီရဲ႕ ႏွစ္ ၁၅၀ ျပည့္ေမြးေန႔ပြဲကို အိႏိၵယႏိုင္ငံမွာ အခမ္းအနားေတြျပဳလုပ္ေနပါတယ္။

အလားတူ ျမန္မာႏိုင္ငံမွာလည္း ရန္ကုန္ၿမိဳ႕က ဆူးေလရွန္ဂရီလာဟိုတယ္မွာ ေအာက္တိုဘာ ၂ ရက္ေန႔ ညေနပိုင္းမွာ အိႏိၵယသံရံုးကေန မဟတၱမဂႏၵီရဲ႕ ႏွစ္ ၁၅၀ ျပည့္ေမြးေန႔အထိမ္းအမွတ္ကို ျပဳလုပ္သြားမယ္လို႔ လည္းသိရပါတယ္။
Unicodeဖြင့်ဖတ်ရန်

အိန္ဒိယနိုင်ငံရဲ့ခေါင်းဆောင် မဟတ္တမဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းက Junction City မှာ မဟတ္တမဂန္ဒီရဲ့ထင်ရှားတဲ့မိန့်ခွန်းတွေကို LED ဘုတ်နဲ့ ဗွီဒီယိုတွေ ပြသနေပါတယ်။

အောက်တိုဘာ ၂ ရက်နေ့က ပြသနေတဲ့ဗွီဒီယိုတွေထဲမှာ မဟတ္တမဂန္ဒီရဲ့ထင်ရှားတဲ့မိန့်ခွန်းတွေဖြစ်တဲ့ “ ဆင်းရဲမွဲတေမှုသည် အကြမ်းဖက်မှုပုံစံတစ်မျိုးဖြစ်သည်” “ ကြိုးပမ်းအားထုတ်မှုများသာ မပါရှိလျှင် မည်သည့်ယဉ်ကျေးမှုမျှရှင်သန်မည်မဟုတ် “ အစရှိတဲ့မိန့်ခွန်းတွေပါဝင်ပါတယ်။

ဒါ့အပြင်မှာ သူရဲ့ထင်ရှားတဲ့မိန့်ခွန်းတွေထဲမှာ “အကြမ်းဖက်ဝါဒနှင့် လိမ်ညာခြင်းသည် ခွန်အားကြီးမားသူတို့၏လက်နက်များမဟုတ် ခွန်အားနည်းသူတို့၏ လက်နက်များဖြစ်သည်” “ အကြမ်းမဖက်ခြင်းသည် ခွန်အားကြီးသူတို့၏ ကောင်းမွန်သောအရည်အသွေးဖြစ်သည် “ အစရှိတဲ့ အကြမ်းဖက်မှုကိုအား မပေးတဲ့ အဆိုအမိန့်တွေလဲပါဝင်ပါတယ်။

၁၈၆၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှာမွေးဖွားခဲ့တဲ့ မဟတ္တမဂန္ဒီဟာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး တိုက်ပွဲကို အကြမ်းမဖက်တဲ့လမ်းစဉ်နဲ့ ခေါင်းဆောင်ပြီးရယူခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံဟာ ဗြိတိသျှတို့ဆီကနေ လွတ်လပ်ရေးရရှိခဲ့ပြီးတဲ့နောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့မှာ ဂန္ဒီဟာ နယူးဒေလီမြို့က ဆုတောင်းပွဲတစ်ခုမှာ လုပ်ကြံခံခဲ့ရပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်လို့တင်စားခေါ်ဝေါ်ခံရတဲ့ မဟတ္တမဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့ပွဲကို အိန္ဒိယနိုင်ငံမှာ အခမ်းအနားတွေပြုလုပ်နေပါတယ်။

အလားတူ မြန်မာနိုင်ငံမှာလည်း ရန်ကုန်မြို့က ဆူးလေရှန်ဂရီလာဟိုတယ်မှာ အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းမှာ အိန္ဒိယသံရုံးကနေ မဟတ္တမဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့အထိမ်းအမှတ်ကို ပြုလုပ်သွားမယ်လို့ လည်းသိရပါတယ်။
Credit:Mizzima