Zawgyiျဖင့္ဖရန္

 

ႏိုင္ငံပိုင္႐ုပ္သံႏွင့္ သတင္းစာမ်ား၌ အာဇာနည္ေန႔ကဲ့သို႔ ရက္မ်ိဳးမွသာ တစ္ႏွစ္မွတစ္ႀကိမ္ ျပည္သူတို႔ျမင္ေတြ႕ရသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏သားႀကီး ဦးေအာင္ဆန္းဦးကို ၿပီးခဲ့သည့္ ရက္ပိုင္းက ေနျပည္ေတာ္သို႔ လာေရာက္သည့္ ဓာတ္ပုံမ်ားႏွင့္ ႐ုပ္သံဖိုင္မ်ား လူမႈကြန္ရက္ စာမ်က္ႏွာမ်ားေပၚတြင္ ထြက္ေပၚလာခဲ့သည္။ အေၾကာင္းမွာ ကမာၻေက်ာ္ ေနအိမ္တစ္လုံးျဖစ္သည့္ ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ေသာရန္ကုန္ၿမိဳ႕ တကၠသိုလ္ရိပ္သာလမ္း ၿခံအမွတ္ (၅၄)ႏွင့္ ပတ္သက္ၿပီးဦးေအာင္ဆန္းဦးက ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးသို႔ အထူးအယူခံတင္သြင္းရန္ ေအာက္တိုဘာ ၁၇ ရက္တြင္ ျပန္လည္ထြက္ေပၚလာျခင္းျဖစ္သည္။

ထို႔အျပင္ ၿခံအမွတ္ (၅၄) ၿခံဝင္းႏွင့္ အိမ္ကိုေလလံပစ္ကာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တစ္ေယာက္တစ္ဝက္ခြဲယူရန္ဆႏၵရွိေၾကာင္း အေမရိကန္ႏိုင္ငံသားခံယူထားေသာ ဦးေအာင္ဆန္းဦးက မီဒီယာမ်ားအား ေျပာၾကားထားသည္။ ထိုသို႔ေျပာၾကားမႈေၾကာင့္ ျပည္သူမ်ားက ဦးေအာင္ဆန္းဦးအေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္ကန႔္ကြက္ခဲ့ၾကသည္။ ၿခံအမွတ္ (၅၄) အေၾကာင္းသည္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း လူမႈကြန္ရက္ေပၚတြင္ လူေျပာအမ်ားဆုံး အေၾကာင္းအရာ ျဖစ္လာသည္။ ထို႔ေၾကာင့္ ပုဂံၿမိဳ႕ ဧရာဝတီျမစ္ကမ္းနဖူးရွိ ႏွစ္ဧကက်ယ္ဝန္းေသာေျမကြက္တြင္ သုံးေဆာင္ၿပိဳင္အိမ္ကို ခမ္းနားစြာတည္ ေဆာက္ၿပီးေနာက္ ပုဂံၿမိဳ႕၌လည္း ေ႐ႊ႕ေျပာင္းေနထိုင္ေနသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏သားႀကီး အေမရိကန္ႏိုင္ငံသားခံယူထားသူ အသက္(၇၅)ႏွစ္အ႐ြယ္ ဦးေအာင္ဆန္းဦးကို 7Day News ဂ်ာနယ္က သီးသန႔္ေတြ႕ဆုံေမးျမန္းထားသည့္အနက္ အခ်ိဳ႕ကို ေကာက္ႏုတ္ေဖာ္ျပလိုက္ ပါသည္။

ယခုအင္တာဗ်ဴးတြင္ စာဖတ္ပရိသတ္မ်ား အထူးသတိျပဳေစလိုသည္မွာ ဦးေအာင္ဆန္းဦး၏ အယူအဆႏွင့္ ၎၏အျမင္မ်ားကို စာဖတ္သူမ်ားသိရွိႏိုင္ရန္ 7Day News ဂ်ာနယ္က ေမးခြန္းမ်ားျပင္ဆင္၍ေမးျမန္းခဲ့ျခင္းျဖစ္ၿပီး အေျဖမ်ားသည္ ဦးေအာင္ဆန္းဦး၏ သေဘာထားအျမင္မ်ားသာျဖစ္ေၾကာင္း သိေစအပ္ပါသည္။

အေမရိကနဲ႔ ပုဂံေညာင္ဦးမွာ ဘယ္မွာပိုၿပီး အေနမ်ားလဲ။ ဘယ္မွာ ေနရတာ ပိုသေဘာက်လဲ။

ဒီေခတ္ႀကီးမွာ ကမာၻမွာ တစ္ေနရာတည္း ေနစရာမလိုဘူး။ ႀကိဳက္တဲ့ေနရာမွာ ပိုက္ဆံရွိရင္ ေနခ်င္သလို ေနလို႔ရတာပဲ။ အဲဒီ ေတာ့ အဲဒါႀကီးကို အေမရိကေရာ၊ ဥေရာပေရာ၊ ဗမာျပည္ေရာ သုံးေလးႏိုင္ငံမွာ ပိုက္ဆံရွိရင္ ကိုယ္ေနခ်င္သလို ေနလို႔ရတယ္။ သြားလို႔ရတယ္။

ဘဝရဲ႕ ေနာက္ဆုံးေနဝင္ခ်ိန္ ေက်ာခ်မယ္ဆိုရင္ အေမရိကမွာ ျဖစ္မလား၊ ပုဂံေညာင္ဦးက အိမ္မွာ ျဖစ္မလား။

ကြၽန္ေတာ္က အဲဒီလို ဘာမွသတ္မွတ္ထားတာ မရွိဘူး။ ဒီမွာ ေတာ့ ဗမာျပည္မွာေတာ့ ကိုယ့္လူမ်ိဳးအတြက္ ကိုယ္လုပ္စရာရွိတာ ေတြေတာ့ ျဖစ္ေအာင္လုပ္သြားမွာပဲ။

ဖခင္က ဗိုလ္ခ်ဳပ္ေအာင္ဆန္းျဖစ္တယ္။ ေနာက္ၿပီး မိခင္က အမ်ားေလးစားအားက်ရတဲ့ ေဒၚခင္ၾကည္ျဖစ္တယ္။ ဖခင္ဗိုလ္ခ်ဳပ္နဲ႔ မိခင္ ေဒၚခင္ၾကည္တို႔အတြက္ ဂုဏ္အယူရဆုံးအခ်က္ဆိုရင္ ဘာေတြျဖစ္မလဲ။

ကြၽန္ေတာ္ မစဥ္းစားထားဘူး။

မိခင္အတြက္ ဂုဏ္အယူရဆုံးဆို ရင္ေကာ ဘာျဖစ္မလဲ။

ေဒၚခင္ၾကည္က ကြၽန္ေတာ့္ အေမပဲ။ ကြၽန္ေတာ္က အေဖနဲ႔ ပိုရင္းႏွီးတယ္။ အေမနဲ႔မရင္းႏွီးဘူး။

အဲဒါဆို ဗိုလ္ခ်ဳပ္နဲ႔ ပတ္သက္ၿပီး အမွတ္တရရွိခဲ့တဲ့အရာေလး ေျပာျပပါလား။

အမွတ္ရတာက ကြၽန္ေတာ့္ အေဖယုံၾကည္တဲ့ တိုင္းျပည္နဲ႔ လူမ်ိဳးအဆင့္ေရာက္ေအာင္ပဲ။ အဲဒါပဲ အေရးႀကီးတာပဲ။ အဲဒါ လည္း ကြၽန္ေတာ္က လုပ္ေပးခ်င္လို႔ ဒီဘက္ျပန္လာေနတာ။

ဦးေအာင္ဆန္းဦးအေနနဲ႔ အေမရိ ကမွာ အင္ဂ်င္နီယာလုပ္ခဲ့တယ္။ ဗိုလ္ခ်ဳပ္နဲ႔ ေဒၚခင္ၾကည္တို႔ရဲ႕ သားႀကီးလည္း ျဖစ္တဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ ျပန္သုံးသပ္ရင္ ကိုယ္လုပ္ခဲ့တာေတြကို ေက်နပ္ လား။

ကြၽန္ေတာ္တို႔က ႏိုင္ငံျခားမွာ ေနေနတာ အသက္ရွင္ဖို႔အတြက္ေနေနတာ။ ဒီမွာက အဲဒီအခ်ိန္ တုန္းက အာဏာရွင္စနစ္နဲ႔။ ကြၽန္ေတာ္က ဗိုလ္ခ်ဳပ္ေအာင္ဆန္း သားျဖစ္တာေတာ့ မွန္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္ကို ဗိုလ္ခ်ဳပ္ ေအာင္ဆန္းသားအေနနဲ႔ ဂ႐ုစိုက္ ၿပီးေတာ့ ဆက္ဆံမွာမွ မဟုတ္ဘဲ။ အဲဒီေတာ့ ကိုယ္က ေရွာင္ေန ရသလို ျဖစ္ေနတာ အေျခအေန အရ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသား ဆိုၿပီး ဘယ္သူမွ ထမင္းလာေကြၽးတာ မဟုတ္ဘူး။ အလကား။ အဲဒီ ခ်ိန္တုန္းက ကိုယ့္ဘာသာ အသက္ရွင္ေအာင္ လုပ္ေနရတာ။ မနည္းလုပ္ေနရတာ။

ကိုယ့္ကိုယ္ကိုယ္ ဂုဏ္အယူရဆုံးကာလေတြဆိုရင္ ဘယ္အခ်ိန္ကာလေတြ ျဖစ္မလဲ။

ကြၽန္ေတာ္က ခုထက္ထိ ေသခါနီးမဟုတ္ေသးေတာ့ ေျပာလို႔မရေသးဘူး။

ဗိုလ္ခ်ဳပ္ရဲ႕ သားသမီးေတြျဖစ္တဲ့ ဦးေအာင္ဆန္းဦး၊ ဦးေအာင္ဆန္းလင္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေမာင္ႏွမသုံးဦးၾကားမွာ အမွတ္တရျဖစ္ခဲ့တဲ့ အခိုက္အတန႔္ေတြ ေျပာျပပါလား။

အဲဒါလည္း ေျပာလို႔မရဘူး။ ကြၽန္ေတာ့္ ညီမနဲ႔မွ အဆင္မေျပတာပဲ။ အေမြကိစၥမွ ရွင္းရွင္းေလးပဲ။ ႏွစ္ေယာက္ပဲရွိတာ။ တစ္ ေယာက္တစ္ဝက္ခြဲရမွာေတာင္မွ မလုပ္ႏိုင္တဲ့ဟာ။ တစ္စုံတစ္ရာကေတာ့ မွားေနလို႔ပဲ။

ဦးေအာင္ဆန္းဦးနဲ႔ ေဒၚေအာင္ ဆန္းစုၾကည္ၾကားမွာ ငယ္စဥ္ဘဝ က အမွတ္အရဆုံး အခိုက္အတန႔္ ဆိုရင္ေကာ ဘာျဖစ္မလဲ။

မရွိပါဘူး။ ဘာမွ မရွိပါဘူး။

လက္ရွိ ေမာင္ႏွမႏွစ္ေယာက္က ခံယူခ်က္ခ်င္းလည္းမတူဘူး။ ႀကီးလာေတာ့လည္း ေဝးသထက္ေဝးကြာသြားတယ္။ ဒီလိုမ်ိဳး ေဝးကြာသြားေအာင္ ဘယ္အရာေတြက တြန္းပို႔ခဲ့တာလဲ။

ေဝးကြာတယ္ဆိုတာ အမ်ိဳးမ်ိဳးရွိတာပဲ။ စိတ္နဲ႔ ေဝးကြာတာ။ ကိုယ္နဲ႔ ေဝးကြာတာ။ သူနဲ႔ ကြၽန္ ေတာ္နဲ႔က ဘာမွ Value (တန္ဖိုး) ခ်င္းမွ မတူတာ။

ကိုယ့္ညီမအတြက္ ဂုဏ္အယူရ ဆုံးအရာဆိုရင္ ဘာေတြျဖစ္မလဲ။

ဘာမွ ဂုဏ္ယူစရာမလိုဘူး။

ဗိုလ္ခ်ဳပ္က ေမာင္ႏွမသုံးေယာက္ ကို ဆုံးမေလ့ရွိတဲ့ စကားေလးရွိ ရင္ မွ်ေဝေပးပါဦး။

ဗိုလ္ခ်ဳပ္ ေအာင္ဆန္းက ကြၽန္ေတာ္ (၄)ႏွစ္မွာ ဆုံးသြားတယ္။ စုၾကည္(၂)ႏွင့္ ကြၽန္ေတာ္ က (၄)ႏွစ္ (၁)လေပါ့။ ဘာမွ ဆုံးမတာမရွိဘူး။

ေဒၚခင္ၾကည္ကေကာ ေမာင္ႏွမ သုံးေယာက္ကို ဘယ္လိုမ်ိဳး ဆုံးမ ေလ့ရွိလဲ။ ေမာင္ႏွမေတြၾကားမွာ ထားရွိရမယ့္ စိတ္သေဘာထားကို ေကာဘယ္လိုမ်ိဳးသင္ျပခဲ့လဲ။ ျပန္လည္မွ်ေဝေပးပါဦး။

သူနဲ႔ ကြၽန္ေတာ္တို႔က ဘာမွ Value ခ်င္းမတူဘူး။

ငယ္ဘဝကို ျပန္ေျပာင္းေျပာမယ္ ဆိုရင္ေကာ ဘာကို အရင္ေျပးျမင္ မိလဲ။

အေဖဆုံးသြားေတာ့ ကေလးေလးေတြနဲ႔ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အသက္ရွင္ရတာေပါ့ အေမက။ ဒါပါပဲ။ က်န္တာ မရွိပါဘူး။ ကြၽန္ ေတာ္တို႔က ခုေခတ္ ဗိုလ္ခ်ဳပ္ေတြ လို ေထာေနတာ မဟုတ္ဘူး။ အေမကေတာ့ ေနာက္ပိုင္း သံအ မတ္ျဖစ္ၿပီး ျပန္လာေတာ့ ဒီမွာ ဗမာျပည္ရဲ႕ စီးပြားေရးကလည္း စုတ္ပဲ့ေနေတာ့ ဒီၾကားထဲ ဘာမွ စားေလာက္တာ မဟုတ္ဘူး။ ခုေခတ္ စဥ္းစားပုံ စဥ္းစားနည္းနဲ႔ လူေတြက နားလည္မွာလည္း မဟုတ္ဘူး။ ေနာက္ ကြၽန္ေတာ္တို႔ အေမတို႔ကလည္း ပိုက္ဆံစားထားတာလည္း မဟုတ္ဘဲ။ အေဖက ပိုက္ဆံ ဘာမွ စားထားတာမရွိဘူး။ ဖဆပလေခတ္မွာေတာင္ ဝန္ႀကီးျဖစ္ရင္ ဘာမွ စားစရာမရွိဘူး။ ကြၽန္ေတာ္တို႔က ဘာမွ ပါဝါရွိတဲ့ အဆင့္မွမဟုတ္ဘဲ။ ကြၽန္ ေတာ္ကေတာ့ သိပ္ၿပီးေတာ့ ႀကိဳးစားၿပီးေတာ့ စာေတြ ဘာေတြက်က္ေနစရာမလိုဘူး။ ေခါင္းက မဆိုးဘူးဆိုေတာ့ ကိုယ့္ဘာသာကိုယ္ ရပ္တည္ႏိုင္တဲ့အဆင့္ ေရာက္ေအာင္ ေရာက္ေရာက္သြားတာပဲ။ ကြၽန္ေတာ္ကေတာ့ ရွင္းရွင္းေျပာရရင္ ကိုယ့္ေျခ ေထာက္ေပၚ ေထာက္ႏိုင္တဲ့ အလုပ္ေကာင္းေကာင္းရွိတယ္။

ဒီႏွစ္ပိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ႏိုင္ငံတကာက ဖိအားေတြ အမ်ားႀကီးရွိပါတယ္။ ဒီလိုအခ်ိန္မွာ အေမြကိစၥအမႈက ျပန္ေပၚလာေတာ့ ေမာင္ႏွမခ်င္း ၾကားမွာမလုပ္သင့္ဘူးလို႔ ေျပာဆို ေဝဖန္ေနၾကပါတယ္။

ဒါက သူ႔ျပႆနာ။ ကြၽန္ ေတာ္က သူနဲ႔ Value ေတြ ဘာမွမတူဘူး။ ကြၽန္ေတာ္က ေဘးက ေနၿပီးေတာ့ ဘာမွလိုက္ေႏွာင့္ယွက္ေနတယ္ဆိုတာ။ အခုက ခင္ဗ်ားတို႔သိတဲ့အတိုင္း ႏိုင္ငံေရးအရ တစ္ခုမွ သူ႔ကိုလိုက္ေႏွာင့္ယွက္တာမလုပ္ခဲ့ဘူး။

ဦးေအာင္ဆန္းဦးကို ေနာက္ကြယ္ကေန အဖြဲ႕အစည္းတခ်ိဳ႕က ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ ဦးေအာင္ဆန္းဦးကို သုံးၿပီးေတာ့ လုပ္ေနတာလို႔ ေထာက္ျပၾကပါတယ္။ အဲဒီအ ေပၚ ဘာမ်ားေျပာခ်င္ပါသလဲ။

ဘယ္တုန္းက လုပ္တာလဲ။ ေျပာစမ္းပါဦး။ ဘယ္တုန္းက လုပ္တာလဲ။ ကိုယ္ရရမွာကို အေမြကိုလုပ္တာ။ အဲဒီေလာက္ငတုံး ေတြကို ခင္ဗ်ားတို႔လည္း လူရာသြင္းေပးမေနနဲ႔။ ဒီေကာင္ေတြ မႀကိဳက္ရင္လည္း လဲေသ႐ုံပဲရွိတယ္။

အရင္နအဖ အစိုးရနဲ႔ နီးစပ္တာ၊ ဦးခင္ၫြန႔္နဲ႔နီးစပ္မႈရွိေတာ့ နအဖအေထာက္အပံ့ေတြယူၿပီး ေဒၚ ေအာင္ဆန္းစုၾကည္ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္တာလို႔ ေျပာရင္ေကာ။

ဘာမွ အေႏွာင့္အယွက္ မလုပ္ဘူး။

ၿပီးခဲ့တဲ့ရက္ပိုင္းက တရား႐ုံးကိုလာတဲ့အခါမွာ အမ်ိဳးသားေရးလႈပ္ရွားသူတစ္ဦးက ဦးေအာင္ဆန္းဦးေဘးမွာ ကပ္ပါလာတာေတြ႕ရပါတယ္။ သူက လက္ရွိအစိုးရကို ဆန႔္က်င္တဲ့ လႈပ္ရွားမႈေတြမွာ ပါဝင္တဲ့သူလည္းျဖစ္ပါတယ္။ ဦးေအာင္ဆန္းဦးရဲ႕ ရပ္တည္မႈအေပၚ လူအမ်ားက ေမးခြန္းထုတ္ေနၾကပါတယ္။

အဲဒါ မသိဘူး။ အဲဒီေန႔က ကြၽန္ေတာ္ ဒီလို ကြၽန္ေတာ္တို႔က ကန႔္ကြက္စာတင္မယ္ဆိုၿပီး မီဒီယာေတြေတာ့ ဖိတ္ထားတယ္။ ဘယ္သူဘယ္ဝါေတြလဲဆိုတာ ကြၽန္ေတာ္က တစ္ဦးတစ္ေယာက္ကို လုံးဝမသိဘူး။ သတင္းေထာက္ဆိုလည္း သူ႔အလုပ္သူလုပ္တာပဲဟာ ကြၽန္ေတာ့္ေဘးမွာရွိမွာပဲ။ မေက်နပ္လို႔ ကြၽန္ေတာ္က ျပန္ခ်တာ။ ဘာမွ ႏိုင္ငံေရးအရ သူ႔ကို ထိခိုက္ေအာင္မွ မေျပာတာခ်ည္းကိုး။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ မနာလိုဝန္တိုစိတ္ေၾကာင့္ ဒီလို လုပ္တာမဟုတ္လား။

အဲဒါေတြ ဘာလို႔ လာေမး ေနတာလဲ။ ဘာမွ မဆိုင္ဘူး။ အဲဒါေတြလာေမးေနရင္ ကြၽန္ေတာ္က မေျဖဘူး။

လက္ရွိ မဘသလို အဖြဲ႕ဝင္အခ်ိဳ႕ နဲ႔ နီးနီးကပ္ကပ္ရွိတာ ခံယူခ်က္၊ ရပ္တည္ခ်က္ခ်င္း တူေနလို႔ပါ လား။

ကြၽန္ေတာ့္ကို အဲဒီလိုဟာ ေတြ လာေမးမေနနဲ႔။

ၿခံအမွတ္ (၅၄) နဲ႔ ပတ္သက္ၿပီး သိသေလာက္ ေျပာျပေပးပါ လား။

အဲဒါက အစားထိုးေပးတာ ေလ။ ဖဆပလအစိုးရက။ ကြၽန္ ေတာ္ (၁၃)ႏွစ္ကထင္တယ္။ ၁၉၅၆၊ ၁၉၅၇ ေလာက္မွာ အဲဒီ အိမ္က ပုဂၢိဳလ္တစ္ေယာက္က ဘဏ္တိုက္က ပိုက္ဆံေခ်းၿပီး မဆပ္ႏိုင္လို႔ ဘဏ္တိုက္က သိမ္းလိုက္တာ။

သိမ္းလိုက္ၿပီးေတာ့ ဘဏ္တိုက္က ေလလံပစ္တဲ့အခါ မွာ ကြၽန္ေတာ္တို႔ အေမကလည္း ဒီအိမ္ကို လိုခ်င္တယ္ဆိုေတာ့ ဖဆပလ အစိုးရကေနၿပီးေတာ့ ဒီ ေလလံမွာ ဆြဲေပးတာ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ကို အစားထိုးေပးတာ။ အိမ္က အစကတည္းက ဘိုးဘြားေဘာင္ဆက္အိမ္မဟုတ္ ဘူး။ ကြၽန္ေတာ့္ ဘိုးဘြားေဘာင္ ဆက္အိမ္ကို အခုပဲ ပိုက္ဆံလိုခ်င္ လို႔ အတင္းေလလံပစ္ခိုင္းၿပီး ေတာ့ ခြဲေနလို႔ဆိုတဲ့ဟာက အ ကုန္မွားတယ္။ ဒါက အစကတည္း က ျပႆနာေပၚလို႔ ေလလံပစ္ ၿပီးေတာ့ ကြၽန္ေတာ့္ဆီကို ဖဆပလ အစိုးရကေန ေလလံဆြဲ ေပးလို႔ရလာတာ။ အဲဒီေတာ့ အခု ကြၽန္ေတာ္ ေတာင္းေနတာက ပစၥည္းကခြဲဖို႔က မလြယ္ဘူး။ အိမ္မႀကီးက တစ္ဝက္ခြဲမလား။ သူတို႔နဲ႔က ဘာမွ ညႇိလို႔မရဘူး။ အခုထက္ထိက ဘာမွကို ညႇိလို႔မရဘူး။ ညႇိလို႔မရတဲ့အဆင့္မွာလုပ္ေတာ့ အဲဒါေၾကာင့္လည္းတရား႐ုံးကိစၥျဖစ္ေနတာ။ ဒါကို မညႇိခ်င္ေတာ့ဘူး။ ဒါကို အကုန္လုံး ေလလံပစ္ၿပီးေတာ့ ေရာင္းခ်လိုက္ၿပီးေတာ့ တန္ဖိုးအရ ခြဲလိုက္။ ဒါ တကယ့္ဘိုးဘြားေဘာင္ပိုင္တဲ့ဟာလည္း မဟုတ္ဘူး။ ဒီအိမ္ႀကီးကို ေလလံပစ္တယ္ဆိုတာက ကြၽန္ေတာ့္အထင္ေတာ့ ဘာမွ ျပႆနာမဟုတ္ဘူး။

ၿခံအမွတ္ (၅၄) က ေဒၚေအာင္ ဆန္းစုၾကည္ေၾကာင့္ ႏိုင္ငံတကာမွာပါ ထင္ရွားတဲ့ အိမ္ႀကီးျဖစ္တယ္။ ဒီအိမ္ႀကီးကို ေလလံပစ္ ခြဲယူခ်င္တယ္ဆိုေတာ့ ဘယ္ ေလာက္တန္ဖိုးရွိမယ္ထင္လဲ။

(၅၄)မဟုတ္ဘူး။ (၅၄)၊ (၅၆)၊ (၅၆) က အိမ္မႀကီး။ (၅၄) က နာဂစ္တုန္းက ၿပိဳသြားတဲ့ ကိုစိုး ေအာင္အိမ္။ အဲဒီအိမ္ႀကီးကိုလည္း ၾကည့္မယ့္သူမရွိေတာ့ ေလေတြတိုက္၊ မိုးေတြတိုက္၊ မိုးယိုတာနဲ႔ ၿပိဳသြားၿပီ။ အဲဒါေတြ ကြၽန္ေတာ့္မွာ ဓာတ္ပုံေတြ ႐ိုက္ထားတာရွိတယ္။ ကမာၻက ဂ႐ုမစိုက္ပါဘူး။ ဗမာျပည္မွာသာ ႀကီးေနတာပါ။ ေဈးဆိုတာက ေဈးကြက္ဆိုတာ ႏွစ္ခုရွိတယ္။ သာမန္အရပ္သား ေရာင္းတဲ့ေဈးကြက္နဲ႔ ပိုက္ဆံေထာေနတဲ့သူေတြ ဝယ္တဲ့ေဈးကြက္ေပါ့။ ဒီအိမ္ႀကီးက အရပ္သားအိမ္အတြက္ မဟုတ္ပါဘူး။ ဒီအိမ္ႀကီးက အင္းလ်ားကန္ ေဘးမွာ ၿခံေကာင္းေကာင္းအလွႀကီးနဲ႔ အိမ္က တန္ဖိုးမရွိေတာင္ ေျမက တအားတန္ဖိုးရွိတယ္။ ဘယ္လိုလူေတြ ဝယ္မွာလဲဆိုရင္ ဘိန္းသူေဌးေတြလည္း ျဖစ္ႏိုင္တယ္။ ေက်ာက္စိမ္းသူေဌးေတြလည္း ျဖစ္ႏိုင္တယ္။ ပိုက္ဆံကို မတရားရထားတဲ့ေကာင္ေတြ ဘာလုပ္ရမွန္းကို မသိဘူး။ အဲဒီေဈးကြက္ႏွစ္ခုက သုံးဆေလာက္ကြာတယ္။ အင္းလ်ားကန္တို႔ ဘာတို႔ဆိုတာက ကိုယ့္ဘာသာစဥ္းစားၾကည့္ ကြၽန္ေတာ္ကေတာ့ မေျပာခ်င္ဘူး။

အိမ္ႀကီးနဲ႔ ပတ္သက္ၿပီး ဘာေျပာခ်င္တာရွိလဲ။

ဒီအိမ္က ကြၽန္ေတာ့္အတြက္က ကြၽန္ေတာ္ရရမယ့္ အေမြကို ကြၽန္ေတာ္လုပ္ေနတာ။ အဲဒီေတာ့ ဒီလိုမတရားရေအာင္ လုပ္ထားတဲ့ဟာကို ကြၽန္ေတာ္ကေတာ့ ႏိုင္ေအာင္လုပ္မွာပဲ။ ဥပေဒအရလည္း ကြၽန္ေတာ္လုပ္ေနတာ ၁၀၀ရာခိုင္ႏႈန္းမွန္တယ္။ ဘာမွမွားတာ မရွိဘူး။ အဲဒီေတာ့ ဥပေဒကိုလည္း ႏိုင္ငံေရးအာဏာခုတုံးသုံးၿပီးေတာ့ ကြၽန္ေတာ့္ဘက္က ဥပေဒအရ လိုက္လာေအာင္ လုပ္တာမဟုတ္ဘူး။ အဲဒါကိုလည္း ကြၽန္ေတာ္ မွန္မွန္ကန္ကန္ ဆုံး ျဖတ္ဖို႔ လိုလားတယ္။ ဒီပိုက္ဆံရ ၿပီးရင္ ကြၽန္ေတာ္ ဘယ္လိုစဥ္းစားထားလဲဆိုေတာ့ ကြၽန္ေတာ္တို႔ အသက္လည္းႀကီးၿပီ။ ကေလးလည္းမရွိဘူးဆိုေတာ့ ကြၽန္ေတာ္တို႔ သုံးခ်င္တာေလးေတြ ဖယ္ထားလိုက္မယ္။ က်န္တာက အကုန္လုံး ပုဂံမွာ ကြၽန္ေတာ္တို႔ ၾကည့္ထားတဲ့ ကေလးတို႔ အထူးသျဖင့္ မ်ိဳးဆက္သစ္ကေလးေတြအတြက္ လႉသြားမွာေပါ့။ မေသခင္ ကြၽန္ေတာ္တို႔ လႉခ်င္သလိုနည္းနဲ႔ လႉသြားခ်င္တယ္။

လက္ရွိမွာ ျမန္မာမွတ္ပုံတင္ရွိပါလား။

မွတ္ပုံတင္က ရွိတယ္။ ဘယ္ေရာက္ေနမွန္းကို အေမရိကမွာ ေတာ့ ရွိတယ္။ ျမန္မာႏိုင္ငံသား ျပန္ေလွ်ာက္ခ်င္လည္း ေလွ်ာက္မွာေပါ့။ ေျပာလို႔မရေသးဘူး။ ျပန္ ေလွ်ာက္လို႔ မေပးရင္လည္း ကြၽန္ ေတာ္က ျမန္မာႏိုင္ငံသားပဲဟာ။

လက္ရွိ ျမန္မာ့ႏိုင္ငံေရးအေျခအ ေနအေပၚ ဘယ္လိုျမင္ပါသလဲ။

အဲဒါက ကြၽန္ေတာ္ေျပာလိုက္ရင္ ႏိုင္ငံေတာ္ကို ေစာ္ကားပါတယ္၊ ဘာေတြ ေပါက္ကရ ဥပေဒေတြနဲ႔ ေဆာ္မွာလားဆိုတာ ေၾကာက္စရာႀကီးပဲ။ အခုက သတင္းေထာက္တို႔ ဘာတို႔ တီး ေနတာကိုး။ ကြၽန္ေတာ္ကလည္း ႏိုင္ငံျခားသား ခံယူထားတဲ့အ တြက္ ကြၽန္ေတာ့္ကို ေလယာဥ္ပ်ံ ေပၚ တင္ေပးလိုက္ရင္ အဲဒီေတာ့ ဘာလို႔ ကြၽန္ေတာ္က ဒါေတြ ေလွ်ာက္ေျပာေနရမွာလဲ။

ဗိုလ္ခ်ဳပ္ရဲ႕ သားအႀကီးဆုံးအေနနဲ႔ တိုင္းျပည္အတြက္ ဘာမ်ား ျပန္လည္ၿပီး လုပ္ေပးခ်င္တာ ဘာရွိလဲ။

တာဝန္ကေတာ့ လူတိုင္းမွာ ရွိပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသားမွ မဟုတ္ဘူး။ အခုက ကြၽန္ ေတာ္ျမင္တာက အေပၚအဆင့္ ေရာက္သြားရင္ ကိုယ့္ဘာသာကိုယ္ပဲ အိတ္ထဲကို ဘယ္လိုအ ျမန္ဆုံးေထာေအာင္ လုပ္ရမလဲ ထည့္ၿပီးေတာ့ အဲဒီေလာက္ပဲျမင္တယ္။ တိုင္းျပည္အတြက္ လုပ္ ေပးဖို႔ရွိပါတယ္။ အခုေတာ့ သတင္းအတြက္ မေျပာေသးပါဘူး။ ရွိပါတယ္။ ဒါကလည္း တိုင္း ျပည္အတြက္ဆိုတာ လုပ္ေပးခ်င္ ေပမယ့္ ငတုံးေတြ၊ လူၿပိန္းေတြကိုေတာ့ ကြၽန္ေတာ္က ဘာမွဆြဲ ေဆာင္ေနမွာ မဟုတ္ဘူး။

ႏိုင္ငံေရးေလာကထဲ ဝင္ဖို႔ရွိလား။

ႏိုင္ငံေရးဆိုတာ ဘာလဲ။ ဘာကိုဆိုလိုတာလဲ။ ပါတီေထာင္ ၿပီးေတာ့ မဲယူဖို႔ ေျပာေနတာလား။ အဲဒီလိုဆိုရင္ေတာ့ မရွိေသးဘူး။ ရွိခ်င္လည္း ရွိမယ္။ အခုေတာ့ မရွိေသးဘူး။ ႏိုင္ငံေရးဆိုတာ ကိုယ့္လူမ်ိဳးနဲ႔ ကိုယ့္တိုင္းျပည္အ တြက္ ရွိၿပီးေတာ့ လူမ်ိဳးေတြ တိုးတက္လာဖို႔၊ ေနထိုင္မႈ ေကာင္းလာဖို႔၊ က်န္းမာေရးေတြ ေကာင္းလာဖို႔၊ ပညာေရးေတြ ေကာင္း လာဖို႔ အဲဒါေတြ အကုန္လုံးလုပ္ ေပးရင္ ဒါႏိုင္ငံေရးလို႔ ယူဆရတာပဲ။ မဲျပန္ေ႐ြးမွ ႏိုင္ငံေရးမဟုတ္ ဘဲ။ ကြၽန္ေတာ္ ကေလးေတြ ၾကည့္တယ္။ က်န္းမာေရးအတြက္ ၾကည့္ေပးတယ္။ ပညာေရးအတြက္ ၾကည့္ေပးတယ္။ အာဟာရျပည့္လား၊ မျပည့္လား ၾကည့္ေပးတယ္။ ကေလးေတြ ေပ်ာ္ေအာင္ သီတင္းကြၽတ္မီးလုံး ေတြ ဘာေတြ လက္ေဆာင္ေတြ ေပးေပါ့။ တစ္လတစ္လ ကြၽန္ ေတာ္ ေဒၚလာ ၂,၀၀၀ ဖိုးေလာက္ ကုန္တယ္။ အဲဒါက ကြၽန္ေတာ္ ခ်မ္းသာလို႔မွ မဟုတ္တာ။ ကုသိုလ္လိုခ်င္လို႔လည္း မဟုတ္ဘူး။ ေနာက္ဘဝ ေကာင္းစားခ်င္လို႔လည္း မဟုတ္ဘူး။ ကိုယ့္လူမ်ိဳးအတြက္ ကိုယ္လုပ္ေပးေနတာပဲ။

ေက်းဇူးတင္ပါတယ္။

Credit – 7daydaily

 

Unicodeဖြင့်ဖတ်ရန်

 

‘‘ကြိုက်တဲ့နေရာမှာ ပိုက်ဆံရှိရင်နေချင်သလို နေလို့ရတာပဲ’’.. ဦးအောင်ဆန်းဦး

 

နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများ၌ အာဇာနည်နေ့ကဲ့သို့ ရက်မျိုးမှသာ တစ်နှစ်မှတစ်ကြိမ် ပြည်သူတို့မြင်တွေ့ရသည့် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီး ဦးအောင်ဆန်းဦးကို ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်သို့ လာရောက်သည့် ဓာတ်ပုံများနှင့် ရုပ်သံဖိုင်များ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ အကြောင်းမှာ ကမ္ဘာကျော် နေအိမ်တစ်လုံးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်သောရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄)နှင့် ပတ်သက်ပြီးဦးအောင်ဆန်းဦးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ အထူးအယူခံတင်သွင်းရန် အောက်တိုဘာ ၁၇ ရက်တွင် ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့အပြင် ခြံအမှတ် (၅၄) ခြံဝင်းနှင့် အိမ်ကိုလေလံပစ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ယောက်တစ်ဝက်ခွဲယူရန်ဆန္ဒရှိကြောင်း အမေရိကန်နိုင်ငံသားခံယူထားသော ဦးအောင်ဆန်းဦးက မီဒီယာများအား ပြောကြားထားသည်။ ထိုသို့ပြောကြားမှုကြောင့် ပြည်သူများက ဦးအောင်ဆန်းဦးအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ ခြံအမှတ် (၅၄) အကြောင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်တွင် လူပြောအများဆုံး အကြောင်းအရာ ဖြစ်လာသည်။ ထို့ကြောင့် ပုဂံမြို့ ဧရာဝတီမြစ်ကမ်းနဖူးရှိ နှစ်ဧကကျယ်ဝန်းသောမြေကွက်တွင် သုံးဆောင်ပြိုင်အိမ်ကို ခမ်းနားစွာတည် ဆောက်ပြီးနောက် ပုဂံမြို့၌လည်း ရွှေ့ပြောင်းနေထိုင်နေသည့် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီး အမေရိကန်နိုင်ငံသားခံယူထားသူ အသက်(၇၅)နှစ်အရွယ် ဦးအောင်ဆန်းဦးကို 7Day News ဂျာနယ်က သီးသန့်တွေ့ဆုံမေးမြန်းထားသည့်အနက် အချို့ကို ကောက်နုတ်ဖော်ပြလိုက် ပါသည်။

ယခုအင်တာဗျူးတွင် စာဖတ်ပရိသတ်များ အထူးသတိပြုစေလိုသည်မှာ ဦးအောင်ဆန်းဦး၏ အယူအဆနှင့် ၎င်း၏အမြင်များကို စာဖတ်သူများသိရှိနိုင်ရန် 7Day News ဂျာနယ်က မေးခွန်းများပြင်ဆင်၍မေးမြန်းခဲ့ခြင်းဖြစ်ပြီး အဖြေများသည် ဦးအောင်ဆန်းဦး၏ သဘောထားအမြင်များသာဖြစ်ကြောင်း သိစေအပ်ပါသည်။

အမေရိကနဲ့ ပုဂံညောင်ဦးမှာ ဘယ်မှာပိုပြီး အနေများလဲ။ ဘယ်မှာ နေရတာ ပိုသဘောကျလဲ။

ဒီခေတ်ကြီးမှာ ကမ္ဘာမှာ တစ်နေရာတည်း နေစရာမလိုဘူး။ ကြိုက်တဲ့နေရာမှာ ပိုက်ဆံရှိရင် နေချင်သလို နေလို့ရတာပဲ။ အဲဒီ တော့ အဲဒါကြီးကို အမေရိကရော၊ ဥရောပရော၊ ဗမာပြည်ရော သုံးလေးနိုင်ငံမှာ ပိုက်ဆံရှိရင် ကိုယ်နေချင်သလို နေလို့ရတယ်။ သွားလို့ရတယ်။

ဘဝရဲ့ နောက်ဆုံးနေဝင်ချိန် ကျောချမယ်ဆိုရင် အမေရိကမှာ ဖြစ်မလား၊ ပုဂံညောင်ဦးက အိမ်မှာ ဖြစ်မလား။

ကျွန်တော်က အဲဒီလို ဘာမှသတ်မှတ်ထားတာ မရှိဘူး။ ဒီမှာ တော့ ဗမာပြည်မှာတော့ ကိုယ့်လူမျိုးအတွက် ကိုယ်လုပ်စရာရှိတာ တွေတော့ ဖြစ်အောင်လုပ်သွားမှာပဲ။

ဖခင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်တယ်။ နောက်ပြီး မိခင်က အများလေးစားအားကျရတဲ့ ဒေါ်ခင်ကြည်ဖြစ်တယ်။ ဖခင်ဗိုလ်ချုပ်နဲ့ မိခင် ဒေါ်ခင်ကြည်တို့အတွက် ဂုဏ်အယူရဆုံးအချက်ဆိုရင် ဘာတွေဖြစ်မလဲ။

ကျွန်တော် မစဉ်းစားထားဘူး။

မိခင်အတွက် ဂုဏ်အယူရဆုံးဆို ရင်ကော ဘာဖြစ်မလဲ။

ဒေါ်ခင်ကြည်က ကျွန်တော့် အမေပဲ။ ကျွန်တော်က အဖေနဲ့ ပိုရင်းနှီးတယ်။ အမေနဲ့မရင်းနှီးဘူး။

အဲဒါဆို ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်တရရှိခဲ့တဲ့အရာလေး ပြောပြပါလား။

အမှတ်ရတာက ကျွန်တော့် အဖေယုံကြည်တဲ့ တိုင်းပြည်နဲ့ လူမျိုးအဆင့်ရောက်အောင်ပဲ။ အဲဒါပဲ အရေးကြီးတာပဲ။ အဲဒါ လည်း ကျွန်တော်က လုပ်ပေးချင်လို့ ဒီဘက်ပြန်လာနေတာ။

ဦးအောင်ဆန်းဦးအနေနဲ့ အမေရိ ကမှာ အင်ဂျင်နီယာလုပ်ခဲ့တယ်။ ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်တို့ရဲ့ သားကြီးလည်း ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရင် ကိုယ်လုပ်ခဲ့တာတွေကို ကျေနပ် လား။

ကျွန်တော်တို့က နိုင်ငံခြားမှာ နေနေတာ အသက်ရှင်ဖို့အတွက်နေနေတာ။ ဒီမှာက အဲဒီအချိန် တုန်းက အာဏာရှင်စနစ်နဲ့။ ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်း သားဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဗိုလ်ချုပ် အောင်ဆန်းသားအနေနဲ့ ဂရုစိုက် ပြီးတော့ ဆက်ဆံမှာမှ မဟုတ်ဘဲ။ အဲဒီတော့ ကိုယ်က ရှောင်နေ ရသလို ဖြစ်နေတာ အခြေအနေ အရ။ ဗိုလ်ချုပ်အောင်ဆန်းသား ဆိုပြီး ဘယ်သူမှ ထမင်းလာကျွေးတာ မဟုတ်ဘူး။ အလကား။ အဲဒီ ချိန်တုန်းက ကိုယ့်ဘာသာ အသက်ရှင်အောင် လုပ်နေရတာ။ မနည်းလုပ်နေရတာ။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်အယူရဆုံးကာလတွေဆိုရင် ဘယ်အချိန်ကာလတွေ ဖြစ်မလဲ။

ကျွန်တော်က ခုထက်ထိ သေခါနီးမဟုတ်သေးတော့ ပြောလို့မရသေးဘူး။

ဗိုလ်ချုပ်ရဲ့ သားသမီးတွေဖြစ်တဲ့ ဦးအောင်ဆန်းဦး၊ ဦးအောင်ဆန်းလင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မောင်နှမသုံးဦးကြားမှာ အမှတ်တရဖြစ်ခဲ့တဲ့ အခိုက်အတန့်တွေ ပြောပြပါလား။

အဲဒါလည်း ပြောလို့မရဘူး။ ကျွန်တော့် ညီမနဲ့မှ အဆင်မပြေတာပဲ။ အမွေကိစ္စမှ ရှင်းရှင်းလေးပဲ။ နှစ်ယောက်ပဲရှိတာ။ တစ် ယောက်တစ်ဝက်ခွဲရမှာတောင်မှ မလုပ်နိုင်တဲ့ဟာ။ တစ်စုံတစ်ရာကတော့ မှားနေလို့ပဲ။

ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင် ဆန်းစုကြည်ကြားမှာ ငယ်စဉ်ဘဝ က အမှတ်အရဆုံး အခိုက်အတန့် ဆိုရင်ကော ဘာဖြစ်မလဲ။

မရှိပါဘူး။ ဘာမှ မရှိပါဘူး။

လက်ရှိ မောင်နှမနှစ်ယောက်က ခံယူချက်ချင်းလည်းမတူဘူး။ ကြီးလာတော့လည်း ဝေးသထက်ဝေးကွာသွားတယ်။ ဒီလိုမျိုး ဝေးကွာသွားအောင် ဘယ်အရာတွေက တွန်းပို့ခဲ့တာလဲ။

ဝေးကွာတယ်ဆိုတာ အမျိုးမျိုးရှိတာပဲ။ စိတ်နဲ့ ဝေးကွာတာ။ ကိုယ်နဲ့ ဝေးကွာတာ။ သူနဲ့ ကျွန် တော်နဲ့က ဘာမှ Value (တန်ဖိုး) ချင်းမှ မတူတာ။

ကိုယ့်ညီမအတွက် ဂုဏ်အယူရ ဆုံးအရာဆိုရင် ဘာတွေဖြစ်မလဲ။

ဘာမှ ဂုဏ်ယူစရာမလိုဘူး။

ဗိုလ်ချုပ်က မောင်နှမသုံးယောက် ကို ဆုံးမလေ့ရှိတဲ့ စကားလေးရှိ ရင် မျှဝေပေးပါဦး။

ဗိုလ်ချုပ် အောင်ဆန်းက ကျွန်တော် (၄)နှစ်မှာ ဆုံးသွားတယ်။ စုကြည်(၂)နှင့် ကျွန်တော် က (၄)နှစ် (၁)လပေါ့။ ဘာမှ ဆုံးမတာမရှိဘူး။

ဒေါ်ခင်ကြည်ကကော မောင်နှမ သုံးယောက်ကို ဘယ်လိုမျိုး ဆုံးမ လေ့ရှိလဲ။ မောင်နှမတွေကြားမှာ ထားရှိရမယ့် စိတ်သဘောထားကို ကောဘယ်လိုမျိုးသင်ပြခဲ့လဲ။ ပြန်လည်မျှဝေပေးပါဦး။

သူနဲ့ ကျွန်တော်တို့က ဘာမှ Value ချင်းမတူဘူး။

ငယ်ဘဝကို ပြန်ပြောင်းပြောမယ် ဆိုရင်ကော ဘာကို အရင်ပြေးမြင် မိလဲ။

အဖေဆုံးသွားတော့ ကလေးလေးတွေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ရှင်ရတာပေါ့ အမေက။ ဒါပါပဲ။ ကျန်တာ မရှိပါဘူး။ ကျွန် တော်တို့က ခုခေတ် ဗိုလ်ချုပ်တွေ လို ထောနေတာ မဟုတ်ဘူး။ အမေကတော့ နောက်ပိုင်း သံအ မတ်ဖြစ်ပြီး ပြန်လာတော့ ဒီမှာ ဗမာပြည်ရဲ့ စီးပွားရေးကလည်း စုတ်ပဲ့နေတော့ ဒီကြားထဲ ဘာမှ စားလောက်တာ မဟုတ်ဘူး။ ခုခေတ် စဉ်းစားပုံ စဉ်းစားနည်းနဲ့ လူတွေက နားလည်မှာလည်း မဟုတ်ဘူး။ နောက် ကျွန်တော်တို့ အမေတို့ကလည်း ပိုက်ဆံစားထားတာလည်း မဟုတ်ဘဲ။ အဖေက ပိုက်ဆံ ဘာမှ စားထားတာမရှိဘူး။ ဖဆပလခေတ်မှာတောင် ဝန်ကြီးဖြစ်ရင် ဘာမှ စားစရာမရှိဘူး။ ကျွန်တော်တို့က ဘာမှ ပါဝါရှိတဲ့ အဆင့်မှမဟုတ်ဘဲ။ ကျွန် တော်ကတော့ သိပ်ပြီးတော့ ကြိုးစားပြီးတော့ စာတွေ ဘာတွေကျက်နေစရာမလိုဘူး။ ခေါင်းက မဆိုးဘူးဆိုတော့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့အဆင့် ရောက်အောင် ရောက်ရောက်သွားတာပဲ။ ကျွန်တော်ကတော့ ရှင်းရှင်းပြောရရင် ကိုယ့်ခြေ ထောက်ပေါ် ထောက်နိုင်တဲ့ အလုပ်ကောင်းကောင်းရှိတယ်။

ဒီနှစ်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာက ဖိအားတွေ အများကြီးရှိပါတယ်။ ဒီလိုအချိန်မှာ အမွေကိစ္စအမှုက ပြန်ပေါ်လာတော့ မောင်နှမချင်း ကြားမှာမလုပ်သင့်ဘူးလို့ ပြောဆို ဝေဖန်နေကြပါတယ်။

ဒါက သူ့ပြဿနာ။ ကျွန် တော်က သူနဲ့ Value တွေ ဘာမှမတူဘူး။ ကျွန်တော်က ဘေးက နေပြီးတော့ ဘာမှလိုက်နှောင့်ယှက်နေတယ်ဆိုတာ။ အခုက ခင်ဗျားတို့သိတဲ့အတိုင်း နိုင်ငံရေးအရ တစ်ခုမှ သူ့ကိုလိုက်နှောင့်ယှက်တာမလုပ်ခဲ့ဘူး။

ဦးအောင်ဆန်းဦးကို နောက်ကွယ်ကနေ အဖွဲ့အစည်းတချို့က နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဦးအောင်ဆန်းဦးကို သုံးပြီးတော့ လုပ်နေတာလို့ ထောက်ပြကြပါတယ်။ အဲဒီအ ပေါ် ဘာများပြောချင်ပါသလဲ။

ဘယ်တုန်းက လုပ်တာလဲ။ ပြောစမ်းပါဦး။ ဘယ်တုန်းက လုပ်တာလဲ။ ကိုယ်ရရမှာကို အမွေကိုလုပ်တာ။ အဲဒီလောက်ငတုံး တွေကို ခင်ဗျားတို့လည်း လူရာသွင်းပေးမနေနဲ့။ ဒီကောင်တွေ မကြိုက်ရင်လည်း လဲသေရုံပဲရှိတယ်။

အရင်နအဖ အစိုးရနဲ့ နီးစပ်တာ၊ ဦးခင်ညွန့်နဲ့နီးစပ်မှုရှိတော့ နအဖအထောက်အပံ့တွေယူပြီး ဒေါ် အောင်ဆန်းစုကြည် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာလို့ ပြောရင်ကော။

ဘာမှ အနှောင့်အယှက် မလုပ်ဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက တရားရုံးကိုလာတဲ့အခါမှာ အမျိုးသားရေးလှုပ်ရှားသူတစ်ဦးက ဦးအောင်ဆန်းဦးဘေးမှာ ကပ်ပါလာတာတွေ့ရပါတယ်။ သူက လက်ရှိအစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူလည်းဖြစ်ပါတယ်။ ဦးအောင်ဆန်းဦးရဲ့ ရပ်တည်မှုအပေါ် လူအများက မေးခွန်းထုတ်နေကြပါတယ်။

အဲဒါ မသိဘူး။ အဲဒီနေ့က ကျွန်တော် ဒီလို ကျွန်တော်တို့က ကန့်ကွက်စာတင်မယ်ဆိုပြီး မီဒီယာတွေတော့ ဖိတ်ထားတယ်။ ဘယ်သူဘယ်ဝါတွေလဲဆိုတာ ကျွန်တော်က တစ်ဦးတစ်ယောက်ကို လုံးဝမသိဘူး။ သတင်းထောက်ဆိုလည်း သူ့အလုပ်သူလုပ်တာပဲဟာ ကျွန်တော့်ဘေးမှာရှိမှာပဲ။ မကျေနပ်လို့ ကျွန်တော်က ပြန်ချတာ။ ဘာမှ နိုင်ငံရေးအရ သူ့ကို ထိခိုက်အောင်မှ မပြောတာချည်းကိုး။

ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလိုဝန်တိုစိတ်ကြောင့် ဒီလို လုပ်တာမဟုတ်လား။

အဲဒါတွေ ဘာလို့ လာမေး နေတာလဲ။ ဘာမှ မဆိုင်ဘူး။ အဲဒါတွေလာမေးနေရင် ကျွန်တော်က မဖြေဘူး။

လက်ရှိ မဘသလို အဖွဲ့ဝင်အချို့ နဲ့ နီးနီးကပ်ကပ်ရှိတာ ခံယူချက်၊ ရပ်တည်ချက်ချင်း တူနေလို့ပါ လား။

ကျွန်တော့်ကို အဲဒီလိုဟာ တွေ လာမေးမနေနဲ့။

ခြံအမှတ် (၅၄) နဲ့ ပတ်သက်ပြီး သိသလောက် ပြောပြပေးပါ လား။

အဲဒါက အစားထိုးပေးတာ လေ။ ဖဆပလအစိုးရက။ ကျွန် တော် (၁၃)နှစ်ကထင်တယ်။ ၁၉၅၆၊ ၁၉၅၇ လောက်မှာ အဲဒီ အိမ်က ပုဂ္ဂိုလ်တစ်ယောက်က ဘဏ်တိုက်က ပိုက်ဆံချေးပြီး မဆပ်နိုင်လို့ ဘဏ်တိုက်က သိမ်းလိုက်တာ။

သိမ်းလိုက်ပြီးတော့ ဘဏ်တိုက်က လေလံပစ်တဲ့အခါ မှာ ကျွန်တော်တို့ အမေကလည်း ဒီအိမ်ကို လိုချင်တယ်ဆိုတော့ ဖဆပလ အစိုးရကနေပြီးတော့ ဒီ လေလံမှာ ဆွဲပေးတာ။ ပြီးတော့ ကျွန်တော်တို့ကို အစားထိုးပေးတာ။ အိမ်က အစကတည်းက ဘိုးဘွားဘောင်ဆက်အိမ်မဟုတ် ဘူး။ ကျွန်တော့် ဘိုးဘွားဘောင် ဆက်အိမ်ကို အခုပဲ ပိုက်ဆံလိုချင် လို့ အတင်းလေလံပစ်ခိုင်းပြီး တော့ ခွဲနေလို့ဆိုတဲ့ဟာက အ ကုန်မှားတယ်။ ဒါက အစကတည်း က ပြဿနာပေါ်လို့ လေလံပစ် ပြီးတော့ ကျွန်တော့်ဆီကို ဖဆပလ အစိုးရကနေ လေလံဆွဲ ပေးလို့ရလာတာ။ အဲဒီတော့ အခု ကျွန်တော် တောင်းနေတာက ပစ္စည်းကခွဲဖို့က မလွယ်ဘူး။ အိမ်မကြီးက တစ်ဝက်ခွဲမလား။ သူတို့နဲ့က ဘာမှ ညှိလို့မရဘူး။ အခုထက်ထိက ဘာမှကို ညှိလို့မရဘူး။ ညှိလို့မရတဲ့အဆင့်မှာလုပ်တော့ အဲဒါကြောင့်လည်းတရားရုံးကိစ္စဖြစ်နေတာ။ ဒါကို မညှိချင်တော့ဘူး။ ဒါကို အကုန်လုံး လေလံပစ်ပြီးတော့ ရောင်းချလိုက်ပြီးတော့ တန်ဖိုးအရ ခွဲလိုက်။ ဒါ တကယ့်ဘိုးဘွားဘောင်ပိုင်တဲ့ဟာလည်း မဟုတ်ဘူး။ ဒီအိမ်ကြီးကို လေလံပစ်တယ်ဆိုတာက ကျွန်တော့်အထင်တော့ ဘာမှ ပြဿနာမဟုတ်ဘူး။

ခြံအမှတ် (၅၄) က ဒေါ်အောင် ဆန်းစုကြည်ကြောင့် နိုင်ငံတကာမှာပါ ထင်ရှားတဲ့ အိမ်ကြီးဖြစ်တယ်။ ဒီအိမ်ကြီးကို လေလံပစ် ခွဲယူချင်တယ်ဆိုတော့ ဘယ် လောက်တန်ဖိုးရှိမယ်ထင်လဲ။

(၅၄)မဟုတ်ဘူး။ (၅၄)၊ (၅၆)၊ (၅၆) က အိမ်မကြီး။ (၅၄) က နာဂစ်တုန်းက ပြိုသွားတဲ့ ကိုစိုး အောင်အိမ်။ အဲဒီအိမ်ကြီးကိုလည်း ကြည့်မယ့်သူမရှိတော့ လေတွေတိုက်၊ မိုးတွေတိုက်၊ မိုးယိုတာနဲ့ ပြိုသွားပြီ။ အဲဒါတွေ ကျွန်တော့်မှာ ဓာတ်ပုံတွေ ရိုက်ထားတာရှိတယ်။ ကမ္ဘာက ဂရုမစိုက်ပါဘူး။ ဗမာပြည်မှာသာ ကြီးနေတာပါ။ ဈေးဆိုတာက ဈေးကွက်ဆိုတာ နှစ်ခုရှိတယ်။ သာမန်အရပ်သား ရောင်းတဲ့ဈေးကွက်နဲ့ ပိုက်ဆံထောနေတဲ့သူတွေ ဝယ်တဲ့ဈေးကွက်ပေါ့။ ဒီအိမ်ကြီးက အရပ်သားအိမ်အတွက် မဟုတ်ပါဘူး။ ဒီအိမ်ကြီးက အင်းလျားကန် ဘေးမှာ ခြံကောင်းကောင်းအလှကြီးနဲ့ အိမ်က တန်ဖိုးမရှိတောင် မြေက တအားတန်ဖိုးရှိတယ်။ ဘယ်လိုလူတွေ ဝယ်မှာလဲဆိုရင် ဘိန်းသူဌေးတွေလည်း ဖြစ်နိုင်တယ်။ ကျောက်စိမ်းသူဌေးတွေလည်း ဖြစ်နိုင်တယ်။ ပိုက်ဆံကို မတရားရထားတဲ့ကောင်တွေ ဘာလုပ်ရမှန်းကို မသိဘူး။ အဲဒီဈေးကွက်နှစ်ခုက သုံးဆလောက်ကွာတယ်။ အင်းလျားကန်တို့ ဘာတို့ဆိုတာက ကိုယ့်ဘာသာစဉ်းစားကြည့် ကျွန်တော်ကတော့ မပြောချင်ဘူး။

အိမ်ကြီးနဲ့ ပတ်သက်ပြီး ဘာပြောချင်တာရှိလဲ။

ဒီအိမ်က ကျွန်တော့်အတွက်က ကျွန်တော်ရရမယ့် အမွေကို ကျွန်တော်လုပ်နေတာ။ အဲဒီတော့ ဒီလိုမတရားရအောင် လုပ်ထားတဲ့ဟာကို ကျွန်တော်ကတော့ နိုင်အောင်လုပ်မှာပဲ။ ဥပဒေအရလည်း ကျွန်တော်လုပ်နေတာ ၁၀၀ရာခိုင်နှုန်းမှန်တယ်။ ဘာမှမှားတာ မရှိဘူး။ အဲဒီတော့ ဥပဒေကိုလည်း နိုင်ငံရေးအာဏာခုတုံးသုံးပြီးတော့ ကျွန်တော့်ဘက်က ဥပဒေအရ လိုက်လာအောင် လုပ်တာမဟုတ်ဘူး။ အဲဒါကိုလည်း ကျွန်တော် မှန်မှန်ကန်ကန် ဆုံး ဖြတ်ဖို့ လိုလားတယ်။ ဒီပိုက်ဆံရ ပြီးရင် ကျွန်တော် ဘယ်လိုစဉ်းစားထားလဲဆိုတော့ ကျွန်တော်တို့ အသက်လည်းကြီးပြီ။ ကလေးလည်းမရှိဘူးဆိုတော့ ကျွန်တော်တို့ သုံးချင်တာလေးတွေ ဖယ်ထားလိုက်မယ်။ ကျန်တာက အကုန်လုံး ပုဂံမှာ ကျွန်တော်တို့ ကြည့်ထားတဲ့ ကလေးတို့ အထူးသဖြင့် မျိုးဆက်သစ်ကလေးတွေအတွက် လှူသွားမှာပေါ့။ မသေခင် ကျွန်တော်တို့ လှူချင်သလိုနည်းနဲ့ လှူသွားချင်တယ်။

လက်ရှိမှာ မြန်မာမှတ်ပုံတင်ရှိပါလား။

မှတ်ပုံတင်က ရှိတယ်။ ဘယ်ရောက်နေမှန်းကို အမေရိကမှာ တော့ ရှိတယ်။ မြန်မာနိုင်ငံသား ပြန်လျှောက်ချင်လည်း လျှောက်မှာပေါ့။ ပြောလို့မရသေးဘူး။ ပြန် လျှောက်လို့ မပေးရင်လည်း ကျွန် တော်က မြန်မာနိုင်ငံသားပဲဟာ။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအ နေအပေါ် ဘယ်လိုမြင်ပါသလဲ။

အဲဒါက ကျွန်တော်ပြောလိုက်ရင် နိုင်ငံတော်ကို စော်ကားပါတယ်၊ ဘာတွေ ပေါက်ကရ ဥပဒေတွေနဲ့ ဆော်မှာလားဆိုတာ ကြောက်စရာကြီးပဲ။ အခုက သတင်းထောက်တို့ ဘာတို့ တီး နေတာကိုး။ ကျွန်တော်ကလည်း နိုင်ငံခြားသား ခံယူထားတဲ့အ တွက် ကျွန်တော့်ကို လေယာဉ်ပျံ ပေါ် တင်ပေးလိုက်ရင် အဲဒီတော့ ဘာလို့ ကျွန်တော်က ဒါတွေ လျှောက်ပြောနေရမှာလဲ။

ဗိုလ်ချုပ်ရဲ့ သားအကြီးဆုံးအနေနဲ့ တိုင်းပြည်အတွက် ဘာများ ပြန်လည်ပြီး လုပ်ပေးချင်တာ ဘာရှိလဲ။

တာဝန်ကတော့ လူတိုင်းမှာ ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသားမှ မဟုတ်ဘူး။ အခုက ကျွန် တော်မြင်တာက အပေါ်အဆင့် ရောက်သွားရင် ကိုယ့်ဘာသာကိုယ်ပဲ အိတ်ထဲကို ဘယ်လိုအ မြန်ဆုံးထောအောင် လုပ်ရမလဲ ထည့်ပြီးတော့ အဲဒီလောက်ပဲမြင်တယ်။ တိုင်းပြည်အတွက် လုပ် ပေးဖို့ရှိပါတယ်။ အခုတော့ သတင်းအတွက် မပြောသေးပါဘူး။ ရှိပါတယ်။ ဒါကလည်း တိုင်း ပြည်အတွက်ဆိုတာ လုပ်ပေးချင် ပေမယ့် ငတုံးတွေ၊ လူပြိန်းတွေကိုတော့ ကျွန်တော်က ဘာမှဆွဲ ဆောင်နေမှာ မဟုတ်ဘူး။

နိုင်ငံရေးလောကထဲ ဝင်ဖို့ရှိလား။

နိုင်ငံရေးဆိုတာ ဘာလဲ။ ဘာကိုဆိုလိုတာလဲ။ ပါတီထောင် ပြီးတော့ မဲယူဖို့ ပြောနေတာလား။ အဲဒီလိုဆိုရင်တော့ မရှိသေးဘူး။ ရှိချင်လည်း ရှိမယ်။ အခုတော့ မရှိသေးဘူး။ နိုင်ငံရေးဆိုတာ ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်အ တွက် ရှိပြီးတော့ လူမျိုးတွေ တိုးတက်လာဖို့၊ နေထိုင်မှု ကောင်းလာဖို့၊ ကျန်းမာရေးတွေ ကောင်းလာဖို့၊ ပညာရေးတွေ ကောင်း လာဖို့ အဲဒါတွေ အကုန်လုံးလုပ် ပေးရင် ဒါနိုင်ငံရေးလို့ ယူဆရတာပဲ။ မဲပြန်ရွေးမှ နိုင်ငံရေးမဟုတ် ဘဲ။ ကျွန်တော် ကလေးတွေ ကြည့်တယ်။ ကျန်းမာရေးအတွက် ကြည့်ပေးတယ်။ ပညာရေးအတွက် ကြည့်ပေးတယ်။ အာဟာရပြည့်လား၊ မပြည့်လား ကြည့်ပေးတယ်။ ကလေးတွေ ပျော်အောင် သီတင်းကျွတ်မီးလုံး တွေ ဘာတွေ လက်ဆောင်တွေ ပေးပေါ့။ တစ်လတစ်လ ကျွန် တော် ဒေါ်လာ ၂,၀၀၀ ဖိုးလောက် ကုန်တယ်။ အဲဒါက ကျွန်တော် ချမ်းသာလို့မှ မဟုတ်တာ။ ကုသိုလ်လိုချင်လို့လည်း မဟုတ်ဘူး။ နောက်ဘဝ ကောင်းစားချင်လို့လည်း မဟုတ်ဘူး။ ကိုယ့်လူမျိုးအတွက် ကိုယ်လုပ်ပေးနေတာပဲ။

ကျေးဇူးတင်ပါတယ်။