26 C
Yangon
Tuesday, July 16, 2019
အရသာရွိၿပီး ကေလးေရာ လူႀကီးပါႀကိဳက္တဲ့ ၾကက္ဥပူတင္း ျပဳလုပ္နည္း

အရသာရွိၿပီး ကေလးေရာ လူႀကီးပါႀကိဳက္တဲ့ ၾကက္ဥပူတင္း ျပဳလုပ္နည္း

1081
0

Zawgyiျဖင့္ဖတ္ရန္

 

အားလုံးပဲမဂၤလာပါေနာ္။

ဒီတခါမွာေတာ့ ၾကက္ဥ ပူတင္း ပူပူေလး လုပ္စားနည္းကို မွ်ေဝေပးခ်င္ပါတယ္။ အစာေျပပဲစားစား၊ အခ်ိဳပဲတည္းတည္း အဆင္ေျပပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

ၾကက္ဥ ၁၀ လုံး
ႏြားႏို႔ ၁ လီတာ
သၾကား ၁၀ က်ပ္သား
ဂ်ဳံမႈန႔္ ထမင္းစားဇြန္း ၅ ဇြန္း
ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္၊
Vanilla ၁ စက္ ခန႔္ (မရွိရင္လည္း မထည့္လို႔ရပါတယ္)
ေထာပတ္ ထမင္းစားဇြန္း ၁ ဇြန္း
ျပဳလုပ္နည္း

အရင္ဆုံး ၾကက္ဥကို ခေလာက္ၿပီး ေသခ်ာ ေခါက္ေမႊပါ။ သၾကားနဲ႔ ႏြားႏို႔ ဆားေရာၿပီး ၁၀ မိနစ္ေလာက္ ထပ္ေမႊပါ။ ဂ်ဳံ မႈန႔္ကို ဇကာနဲ႔ စစ္ၿပီး ေရာေမြလိုက္ပါ။

ဖုတ္မယ့္ဘန္းကို ေထာပတ္ နဲ႔ ႏွံ႔ေအာင္သုတ္ထားပါ။

အိုးထဲထည့္ မီးနဲနဲေလးနဲ႔ ၾကက္ဥရည္ ပ်စ္လာေအာင္ က်ိဳပါ။ အဆက္မျပတ္ ေမြေနရပါမယ္။ Vanilla တစ္စက္ေလာက္ထည့္ပါ။ မိနစ္ ၂၀ ေလာက္ က်ိဳရပါတယ္။

ပ်စ္လာရင္ ဖုတ္မယ့္ဘန္း ထဲထည့္လိုက္ၿပီး အပူခ်ိန္ ၁၆၀ ဒီဂရီ စင္တီဂရိတ္ မိနစ္ ၃၀ ဖုတ္ပါ။ အနီေရာင္သမ္းလာရင္ အေအးခံပါ။ လုံးဝေအးသြားမွ ေရခဲေသတၱာထဲ ၁ နာရီေလာက္ထည့္လိုက္ပါ။

တကယ္လို႔ မီးမဖုတ္ခ်င္ဘူးဆိုရင္ မီးအပူခံတဲ့ ပန္းကန္ေလးထဲထည့္ၿပီး အိုးထဲထည့္လိုက္ပါ။ၿပီး၇င္ ေရထည့္လိုက္ၿပီး ေရပြက္ပြက္ဆူလာတဲ့အခါ မိနစ္ ၂၀ ေလာက္ ေပါင္းထားလိုက္ပါ။ အေငြ႕ေလးေတြနဲ႔ က်က္သြားမွာျဖစ္ပါတယ္။ ဒါဆို ပူပူေလးစားခ်င္ရင္ ပူပူေလးစားၿပီး ေအးေအးေလးစားခ်င္ရင္ ေရခဲေသတၱာထဲထည့္လိုက္ပါ။

Credit: Myfood Myanmar

 

Unicodeဖြင့်ဖတ်ရန်

 

အရသာရှိပြီး ကလေးရော လူကြီးပါကြိုက်တဲ့ ကြက်ဥပူတင်း ပြုလုပ်နည်း

 

အားလုံးပဲမင်္ဂလာပါနော်။

ဒီတခါမှာတော့ ကြက်ဥ ပူတင်း ပူပူလေး လုပ်စားနည်းကို မျှဝေပေးချင်ပါတယ်။ အစာပြေပဲစားစား၊ အချိုပဲတည်းတည်း အဆင်ပြေပါတယ်နော်။

ပါဝင်ပစ္စည်းများ

ကြက်ဥ ၁၀ လုံး
နွားနို့ ၁ လီတာ
သကြား ၁၀ ကျပ်သား
ဂျုံမှုန့် ထမင်းစားဇွန်း ၅ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊
Vanilla ၁ စက် ခန့် (မရှိရင်လည်း မထည့်လို့ရပါတယ်)
ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း

အရင်ဆုံး ကြက်ဥကို ခလောက်ပြီး သေချာ ခေါက်မွှေပါ။ သကြားနဲ့ နွားနို့ ဆားရောပြီး ၁၀ မိနစ်လောက် ထပ်မွှေပါ။ ဂျုံ မှုန့်ကို ဇကာနဲ့ စစ်ပြီး ရောမွေလိုက်ပါ။

ဖုတ်မယ့်ဘန်းကို ထောပတ် နဲ့ နှံ့အောင်သုတ်ထားပါ။

အိုးထဲထည့် မီးနဲနဲလေးနဲ့ ကြက်ဥရည် ပျစ်လာအောင် ကျိုပါ။ အဆက်မပြတ် မွေနေရပါမယ်။ Vanilla တစ်စက်လောက်ထည့်ပါ။ မိနစ် ၂၀ လောက် ကျိုရပါတယ်။

ပျစ်လာရင် ဖုတ်မယ့်ဘန်း ထဲထည့်လိုက်ပြီး အပူချိန် ၁၆၀ ဒီဂရီ စင်တီဂရိတ် မိနစ် ၃၀ ဖုတ်ပါ။ အနီရောင်သမ်းလာရင် အအေးခံပါ။ လုံးဝအေးသွားမှ ရေခဲသေတ္တာထဲ ၁ နာရီလောက်ထည့်လိုက်ပါ။

တကယ်လို့ မီးမဖုတ်ချင်ဘူးဆိုရင် မီးအပူခံတဲ့ ပန်းကန်လေးထဲထည့်ပြီး အိုးထဲထည့်လိုက်ပါ။ပြီး၇င် ရေထည့်လိုက်ပြီး ရေပွက်ပွက်ဆူလာတဲ့အခါ မိနစ် ၂၀ လောက် ပေါင်းထားလိုက်ပါ။ အငွေ့လေးတွေနဲ့ ကျက်သွားမှာဖြစ်ပါတယ်။ ဒါဆို ပူပူလေးစားချင်ရင် ပူပူလေးစားပြီး အေးအေးလေးစားချင်ရင် ရေခဲသေတ္တာထဲထည့်လိုက်ပါ။

Credit: Myfood Myanmar