26 C
Yangon
Saturday, October 20, 2018
ၿဂိဳလ္သားေတြက အိုင္ယာလန္ ႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားၿပီး ေျမာက္ဝင္႐ိုးစြန္းတြင္ ျပန္လည္ခ်ထားေပးခဲ့

ၿဂိဳလ္သားေတြက အိုင္ယာလန္ ႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားၿပီး ေျမာက္ဝင္႐ိုးစြန္းတြင္ ျပန္လည္ခ်ထားေပးခဲ့

901
0

Zawgyiျဖင့္ဖတ္ရန္

 

အိုင္ယာလန္ႏိုင္ငံ၊ လီမီရစ္ခ္ ခ႐ိုင္တြင္ေနထိုင္ေသာအသက္ ၆၁ ႏွစ္အ႐ြယ္ရွိဂယ္ရီဘက္တယ္လ္ဟူေသာအဘိုးအိုသည္ ၂၀၀၁ ခုႏွစ္၊ ဒီဇင္ဘာ ၂၆ ရက္တြင္ The Seven Sister Pub တြင္ ခရစၥမတ္ကာလေပ်ာ္ပြဲ႐ႊင္ပြဲအျဖစ္ ဘီယာေသာက္ကာအိမ္သို႔ လမ္းျပန္ေလွ်ာက္ လာစဥ္ ၿဂိဳဟ္သားတို႔၏ဖမ္းဆီးေခၚေဆာင္ျခင္းခံခဲ့ရကာ ေျမာက္ဝင္႐ိုးစြန္းတြင္ ျပန္လည္ခ်ထားျခင္းခံခဲ့ရသည္ဟုအဆိုပါအဘိုးအိုကထုတ္ေဖာ္ေျပာၾကားေၾကာင္း ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔ အဂၤလန္အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

“အဲဒီေန႔ကအိမ္ကိုလမ္းျပန္ေလွ်ာက္လာတာအိမ္ေရာက္ဖို႔ နည္းနည္းပဲလိုေတာ့တယ္။ အဲဒီအခ်ိန္မွာေကာင္းကင္ကေနအလင္းတန္းႀကီးတစ္ခုထိုးက်လာတယ္။ အဲဒီအလင္းတန္းႀကီးက ကြၽန္ေတာ့္ကိုစုပ္ယူဆြဲေခၚသြားတာခံရၿပီးအာကာသယာဥ္ႀကီးတစ္စင္းေပၚ ေရာက္သြားပါတယ္။ အာကာသယာဥ္ႀကီးေပၚမွာလူအေယာက္ ၄၀ ေလာက္ အဖမ္းခံထားရတာေတြ႕ရတယ္” ဟုဂယ္ရီဘက္တယ္လ္ကေျပာၾကားသည္။

“လူေတြအကုန္လုံးေက်ာက္႐ုပ္ႀကီးေတြလို ျဖစ္ေနၾကတယ္။ လႈပ္လို႔မရဘူး။ ကြၽန္ေတာ္လည္းလႈပ္လို႔မရေတာ့ဘူး။ မ်က္လုံးတစ္ခုပဲေ႐ြ႕လ်ားလို႔ရေတာ့ ပတ္ဝန္းက်င္ျမင္ကြင္းကိုသိပ္မသိခဲ့ဘူး။ အဖမ္းခံထားရတာေယာက်္ားေတြခ်ည္းပဲ။ အသက္အ႐ြယ္ကေတာ့မ်ိဳးစုံ။အားလုံးရင္ေဘာင္တန္းရပ္ေနရတယ္”ဟုဂယ္ရီကဆက္လက္ေျပာၾကားသည္။“ေနာက္ေတာ့ၿဂိဳဟ္သားတစ္ေယာက္ေတြ႕ရပါတယ္။ သူ႔မ်က္ႏွာကစက္လုံးခြၽန္ပုံစံမ်ိဳး၊ မ်က္လုံးႀကီးေတြကေတာ္ေတာ္လွတယ္။သူက ကြၽန္ေတာ့္ကိုတယ္လီပသီနည္းနဲ႔ စိတ္ခ်င္းဆက္သြယ္ စကားေျပာပါတယ္။

အရင္ဆုံးေျပာတာကမင္းကေတာ့ တျခားလူေတြလိုအဖမ္းခံရတာသိပ္မေၾကာက္ပါလားတဲ့။ အဲဒီေနာက္ သူေျပာတာကမင္းတို႔ရဲ႕ကမာၻႀကီးဟာအခုကေနေနာင္လာမယ့္ ႏွစ္ေပါင္း ၈၅၀ ၾကာရင္ ပ်က္ဆီးေတာ့မွာျဖစ္တယ္။ ၿဂိဳဟ္သိမ္ႀကီးတစ္ခုကမင္းတို႔ရဲ႕ကမာၻႀကီးကို ဝင္တိုက္လိမ့္မယ္။ ငါတို႔ေနတဲ့ေနရာကမင္းတို႔ကမာၻနဲ႔ အလင္းႏွစ္ ေလးသန္းေလာက္ ေဝးတဲ့ေနရာပဲ။ ” ဟုအဆိုပါအဘိုးအိုကေျပာၾကားသည္။

ထို႔ေနာက္တြင္ အဆိုပါယာဥ္ပ်ံႀကီးေပၚမွ ေျမာက္ဝင္႐ိုးစြန္းသို႔ မ်က္စိတမွိတ္တာကာလအတြင္း ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္းဂယ္ရီကေျပာၾကားသည္။အဆိုပါျဖစ္ရပ္ကိုဂယ္ရီက ျပန္လည္ေျပာျပရာတြင္ ၾကားရသူတိုင္းကမယုံၾကေၾကာင္း၊ စိတ္ေဖာက္ျပန္ေနၿပီျဖစ္သည္ဟုေျပာၾကေၾကာင္းလည္းဂယ္ရီကေျပာၾကားသည္။

Credit:wavecele

 

Unicodeဖြင့်ဖတ်ရန်

 

ဂြိုလ်သားတွေက အိုင်ယာလန် နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြောက်ဝင်ရိုးစွန်းတွင် ပြန်လည်ချထားပေးခဲ့

 

အိုင်ယာလန်နိုင်ငံ၊ လီမီရစ်ခ် ခရိုင်တွင်နေထိုင်သောအသက် ၆၁ နှစ်အရွယ်ရှိဂယ်ရီဘက်တယ်လ်ဟူသောအဘိုးအိုသည် ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် The Seven Sister Pub တွင် ခရစ္စမတ်ကာလပျော်ပွဲရွှင်ပွဲအဖြစ် ဘီယာသောက်ကာအိမ်သို့ လမ်းပြန်လျှောက် လာစဉ် ဂြိုဟ်သားတို့၏ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကာ မြောက်ဝင်ရိုးစွန်းတွင် ပြန်လည်ချထားခြင်းခံခဲ့ရသည်ဟုအဆိုပါအဘိုးအိုကထုတ်ဖော်ပြောကြားကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့ အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

“အဲဒီနေ့ကအိမ်ကိုလမ်းပြန်လျှောက်လာတာအိမ်ရောက်ဖို့ နည်းနည်းပဲလိုတော့တယ်။ အဲဒီအချိန်မှာကောင်းကင်ကနေအလင်းတန်းကြီးတစ်ခုထိုးကျလာတယ်။ အဲဒီအလင်းတန်းကြီးက ကျွန်တော့်ကိုစုပ်ယူဆွဲခေါ်သွားတာခံရပြီးအာကာသယာဉ်ကြီးတစ်စင်းပေါ် ရောက်သွားပါတယ်။ အာကာသယာဉ်ကြီးပေါ်မှာလူအယောက် ၄၀ လောက် အဖမ်းခံထားရတာတွေ့ရတယ်” ဟုဂယ်ရီဘက်တယ်လ်ကပြောကြားသည်။

“လူတွေအကုန်လုံးကျောက်ရုပ်ကြီးတွေလို ဖြစ်နေကြတယ်။ လှုပ်လို့မရဘူး။ ကျွန်တော်လည်းလှုပ်လို့မရတော့ဘူး။ မျက်လုံးတစ်ခုပဲရွေ့လျားလို့ရတော့ ပတ်ဝန်းကျင်မြင်ကွင်းကိုသိပ်မသိခဲ့ဘူး။ အဖမ်းခံထားရတာယောကျ်ားတွေချည်းပဲ။ အသက်အရွယ်ကတော့မျိုးစုံ။အားလုံးရင်ဘောင်တန်းရပ်နေရတယ်”ဟုဂယ်ရီကဆက်လက်ပြောကြားသည်။“နောက်တော့ဂြိုဟ်သားတစ်ယောက်တွေ့ရပါတယ်။ သူ့မျက်နှာကစက်လုံးချွန်ပုံစံမျိုး၊ မျက်လုံးကြီးတွေကတော်တော်လှတယ်။သူက ကျွန်တော့်ကိုတယ်လီပသီနည်းနဲ့ စိတ်ချင်းဆက်သွယ် စကားပြောပါတယ်။

အရင်ဆုံးပြောတာကမင်းကတော့ တခြားလူတွေလိုအဖမ်းခံရတာသိပ်မကြောက်ပါလားတဲ့။ အဲဒီနောက် သူပြောတာကမင်းတို့ရဲ့ကမ္ဘာကြီးဟာအခုကနေနောင်လာမယ့် နှစ်ပေါင်း ၈၅၀ ကြာရင် ပျက်ဆီးတော့မှာဖြစ်တယ်။ ဂြိုဟ်သိမ်ကြီးတစ်ခုကမင်းတို့ရဲ့ကမ္ဘာကြီးကို ဝင်တိုက်လိမ့်မယ်။ ငါတို့နေတဲ့နေရာကမင်းတို့ကမ္ဘာနဲ့ အလင်းနှစ် လေးသန်းလောက် ဝေးတဲ့နေရာပဲ။ ” ဟုအဆိုပါအဘိုးအိုကပြောကြားသည်။

ထို့နောက်တွင် အဆိုပါယာဉ်ပျံကြီးပေါ်မှ မြောက်ဝင်ရိုးစွန်းသို့ မျက်စိတမှိတ်တာကာလအတွင်း ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းဂယ်ရီကပြောကြားသည်။အဆိုပါဖြစ်ရပ်ကိုဂယ်ရီက ပြန်လည်ပြောပြရာတွင် ကြားရသူတိုင်းကမယုံကြကြောင်း၊ စိတ်ဖောက်ပြန်နေပြီဖြစ်သည်ဟုပြောကြကြောင်းလည်းဂယ်ရီကပြောကြားသည်။

Credit:wavecele

LEAVE A REPLY