ZawGyiဖြင့်ဖတ်ရန်






from မင်းသွေးရဲ့ fb & IG

Credit:Hla Taw Thar

UniCodeဖြင့်ဖတ်ရန်

မင်းသွေးတစ်ယောက် နောက်ကား ကျော်တတ်တော့မှာလား

သရုပ်ဆောင်မင်းသားချော နေတိုးနဲ့ မင်းသွေးတို့ကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ ဆယ်လီညီအစ်ကို တွေပါ။ နှစ်ယောက်စလုံးကလည်း အနုပညာလောကမှာ သူ့တို့ရဲ့ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်ပုံစံနဲ့ သီးခြားရပ်တည်နေသူတွေပါ။

အစ်ကိုဖြစ်သူ နေတိုးကတော့ အချစ်ရေးနဲ့ပတ်သက်တဲ့ သတင်းတွေ အရမ်းကိုငြိမ်နေတာမို့ နေတိုး တစ်ယောက် လူပျိုကြီးပဲ လုပ်တော့မှာလားဆိုပြီး ပရိသတ်တွေက ပြောဆိုနေသံတွေလည်း ထွက်ပေါ်နေပါတယ်။ အစ်ကို နေတိုးရဲ့ အချစ်ရေးက အရမ်းငြိမ်နေပေမယ့် ညီဖြစ်သူ မင်းသွေးကတော့ အချစ်ရေးမှာ ထူးခြားလာပြီလို့ ယူဆရပါတယ်။

မင်းသွေးရဲ့ Instagram post တွေအရဆိုရင်တော့ သေချာပေါက် ချစ်သူရနေပါပြီ။ IG မှာ ပုံတွေတော့ တင်ပေမယ့် ဆယ်လီတို့ရဲ့ ထုံးစံအတိုင်း ဒီအတိုင်းချမပြပဲ ပဟေဠိဖွက်ထားပါတယ်။ သူနောက်ဆုံး တင်ထားတဲ့ Instagram ပုံမှာ ဆိုရင်တော့ မင်းသွေးရဲ့ ပခုံးပေါ်ကို ကောင်မလေးတစ်ယောက်က မှီထားပါတယ် အသည်းပုံ Emoji လေးကို Caption လုပ်ထားပါတယ်။ ကောင်မလေးရဲ့ နှာခေါင်း ၊နှုတ်ခမ်းနဲ့ ပါးကိုပဲ မြင်ရတာကြောင့် ဘယ်သူ၊ ဘယ်ဝါ ဆိုတာကို တော့မသိနိုင်ဘူး။

ဇန်နဝါရီ (၁၉)ရက်နေ့ကလည်း Caption နေရာမှာ “သူမလက်” ဆိုပြီး လက်ပုံတင်ထားပါတယ်။

ဇန်နဝါရီ (၁၈)တုန်းကလည်း “ပါဝါတွေ ထုတ်လိုက်တာ လွင့်ထွက်သွားလို့ မနည်းဆွဲထားရတယ်” ဆိုပြီး ကောင်မလေး တစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ပုံကို တင်ထားပေမယ့် မျက်နှာကိုတော့ Emoji နဲ့ ဖုံးထားပါတယ်။

ပုံတွေရဲ့ အောက်မှာတော့ အားလုံးက မျက်နှာပါထုတ်ပြဖို့ တောင်းဆိုထားတဲ့ Comment တွေကို တွေ့ရပါတယ်။

from မင်းသွေးရဲ့ fb & IG