24 C
Yangon
Friday, January 21, 2022


1143
0

Zawgyiဖြင့်ဖတ်ရန်

 









Credit:Saw


 

Unicodeဖြင့်ဖတ်ရန်

 

မင်းသွေးရက်လည်ကို ကြွရောက်ခဲ့တဲ့ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ

 

အောက်တိုဘာလ (၃) ရက်နေ့မှာ ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ သရုပ်ဆောင်နှင့် အဆိုတော် မင်းသွေး ကွယ်လွန်သွားတာ အခုဆိုရင် နှစ်ပတ်ကျော်ရှိသွားပြီဖြစ်ပါတယ်။ မင်းသွေးကွယ်လွန်သွားတာ ရက်အချို့ရှိနေပြီဖြစ်ပေမယ် ကျန်ရစ်သူတွေကတော့ သောကပပူမီးကို တရားသဘောနဲ့ နှစ်သိမ့်နေရပါတယ်။ မင်းသွေးကိစ္စနဲ့ ပူပင်လို့မဆုံးသေးခင်မှာပဲ နောက်ထပ်ပူဆွေးစရာအကြောင်းတရားတစ်ခုက ပေါ်ပေါက်လာရပြန်ပါတယ်။

အဲ့ဒါကတော့ မင်းသွေးရဲ့ နာရေးကို ကြွရောက်ပေးခဲ့တဲ့ ကျောက်ဂူဆရာတော်ဘုရားကြီးဟာ အောက်တိုဘာလ ၁၈ ရက်နေ့မှာပဲ မမျှော်လင့်ပဲ ကားအက်ဆီဒင့်ဖြစ်ကာ ပျံလွန်တော်မူသွားပြီပဲဖြစ်ပါတယ်။ဆရာတော် ဦးက္ကု.္ဗိန္ဒာစရိယ ဟာ အောက်တိုဘာ ၁၈ ရက်နေ့မနက်ပိုင်း ၉ နာရီ ၅၀ မိနစ်အချိန်မှာ ပျံလွန်တော်မူခဲ့တာပါ။

ဆရာတော်လိုက်ပါစီးနင်းလာတဲ့ ကားက နပတ-မတလ လမ်း မိုင်တိုင် ၃၁၀/၃- ၃၁၀/ ၄ဖာလုံကြားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားတောင်စောင်းဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

ဆရာတော်လိုက်ပါစီးနင်းလာတဲ့ကား

ဆရာတော်ရဲ့ ရုပ်ကလပ်ထားရှိရာနေရာ

ဆရာတော်ဘုရားကြီးဟာ အောက်တိုဘာလ (၈) ရက်နေ့ကမှ သရုပ်ဆောင်မင်းသွေးရဲ့ နေအိမ်မှာ မင်းသွေးအတွက် အမျှပေးဝေပေးခဲ့ပါသေးတယ်။

ဆရာတော်ကြီး ပျံလွန်တော်မူသွားတဲ့အကြောင်းကို ဒုလ္လဘဝတ်နေတဲ့ နေတိုးသာကြားခဲ့ရင် ဘယ်လောက်တောင်စိတ်မကောင်းဖြစ်လိုက်မလဲနော်။

သာသနာရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်နေပြီး ဝေးလံခေါင်ခိုက်တဲ့အရပ်ဒေသတွေမှာပါ သာသနာပြူပေးခဲ့တဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူခြင်းဟာ ပြည်သူတွေအတွက် ဆုံးရှုံးမှုကြီးတစ်ခုပဲဖြစ်ပါတယ်။ ဆရာတော်ရဲ့ ပျံလွန်တော်မူခြင်းအပေါ် ပြည်သူတွေအားလုံးက အထူးဝမ်းနည်းကြေကွဲရပါတယ်။ ဆရာတော်လည်း သံသရာဝဠ်ဆင်းရဲမှ ကင်းလွတ်ပြီး နိမ္ဗာန်သို့ရောက်ရှိနိုင်ပါစေလို့ ညှိုးငယ်စွာ ဆုတောင်းလိုက်ရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုလဲ မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit:Saw

Source: ဆရာတော် Dham Ma Piya’s fb