31 C
Yangon
Saturday, December 4, 2021
အစ္ကိုက အေမြခြဲခ်င္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ၿခံ ၊ ၅၄ တကၠသိုလ္ရိပ္သာလမ္း

အစ္ကိုက အေမြခြဲခ်င္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ၿခံ ၊ ၅၄ တကၠသိုလ္ရိပ္သာလမ္း

760
0

Zawgyiျဖင့္ဖတ္ရန္

 

အမွတ္ ၅၄ ၊ တကၠသိုလ္ရိပ္သာလမ္းဆိုရင္ ရန္ကုန္က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လိပ္စာအျဖစ္ ကမာၻက သိၾကပါတယ္။ ပါဝါ ၅၄ ဆိုတဲ့ အဆိုေတာ္ ေလးျဖဴရဲ႕ ေတးသီခ်င္းစီးရီး တခုရဲ႕ အမည္ကိုလည္း ဒီအိမ္လိပ္စာကို တင္စားတယ္လို႔ တခ်ိန္က ယူဆခဲ့ၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ၂ဝ၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲႏိုင္ၿပီးေနာက္ လႊတ္ေတာ္တက္ဖို႔ ေနျပည္ေတာ္မွာ သြားေနၿပီးေနာက္ ဒီအိမ္မွာ သိပ္မေနျဖစ္ေတာ့တဲ့အတြက္ သိပ္သတိမထားမိၾကေပမယ့္ အခုတခါ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔အစ္ကို ဦးေအာင္ဆန္းဦးတို႔ၾကား ေနအိမ္အေမြမႈေၾကာင့္ ဒီအိမ္လိပ္စာဟာ သတင္းစာမ်က္ႏွာထက္မွာ ေရာက္လာျပန္ပါတယ္။

အေမရိကန္ ေဒၚလာ သန္း ၉ဝ ေလာက္တန္တယ္လို႔ ေရွ႕ေနေတြ အကဲျဖတ္ၾကတဲ့ ဒီၿခံေျမကို ေမာင္ႏွမ ခြဲေဝၾကဖို႔ ၂ဝ၁၆ ကတည္းက အမိန္႔ခ်ထားတာကို ဦးေအာင္ဆန္းဦးဘက္က မေက်နပ္လို႔ ျပည္ေထာင္စု တရားလႊတ္ေတာ္ကို တက္ခဲ့တာ ျဖစ္ပါတယ္။

ႏွမျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ကို အိမ္မွာ ၁၂ ႏွစ္ အလကားေနခြင့္ေပးထားၿပီးျဖစ္တယ္လို႔ ဦးေအာင္ဆန္းဦးက ေျပာၾကားေၾကာင္း ႐ိုက္တာ သတင္းမွာ ေဖာ္ျပပါတယ္။

အိမ္မႀကီးကို ႏွမက ရၿပီး အစ္ကိုလုပ္သူက ၿပိဳပ်က္ေနတဲ့ အိမ္အေသးကို ရလို႔ မေက်နပ္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အိမ္ကို ေလလံပစ္ၿပီး ခြဲယူၾကဖို႔ ဦးေအာင္ဆန္းဦးဘက္က ေလွ်ာက္ထားခဲ့တာပါ။

ဒီအိမ္ကို စစ္မျဖစ္ခင္ ၁၉၂ဝ ေက်ာ္က ေဆာက္ခဲ့ပုံရၿပီး မူလပိုင္ရွင္ အိႏၵိယႏြယ္ဖြားတေယာက္လက္ကေန ဒုတိယ ကမာၻစစ္ႀကီးအၿပီးမွာ ျမန္မာတိုင္းရင္းေဆးလုပ္ငန္းပိုင္ရွင္တေယာက္က ေလလံဆြဲဝယ္ယူခဲ့တယ္လို႔ သိရေၾကာင္း ဒီအိမ္ကို ၂ဝဝ၉ ခုႏွစ္ေနာက္ပိုင္း ျပန္လည္ ျပင္ဆင္ရာမွာ ႀကီးၾကပ္ေပးခဲ့တဲ့ ဗိသုကာ ဦးခြန္သာျမင့္က ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပညာသင္ခဲ့တဲ့ ရန္ကုန္တကၠသိုလ္နဲ႔ မလွမ္းမကမ္းမွာ ရွိတဲ့ ဒီအိမ္ဟာ အင္းလ်ားကန္ကိုလည္း ေနာက္ခံျပဳထားတာပါ။

အင္းလ်ားကန္ ပတ္လည္မွာ ေနခဲ့ဖူးတဲ့ ထင္ရွားတဲ့ ႏိုင္ငံေရးသမားေတြထဲမွာ သမၼတေဟာင္း ဦးေနဝင္းပါသလို ဂ်ပန္ေခတ္က ႏိုင္ငံျခားေရး ဝန္ႀကီး ျဖစ္ခဲ့တဲ့ ဦးႏုလည္း ပါပါတယ္။

ဦးေနဝင္းရဲ႕ ေနာက္ဆုံးအခ်ိန္မွာ ေနအိမ္အက်ယ္ခ်ဳပ္ က်ခဲ့သလို ေဒၚေအာင္ဆန္းစုၾကည္လည္း အက်ယ္ခ်ဳပ္ က်ခဲ့တဲ့ အခ်ိန္ေတြ မ်ားပါတယ္။

ဒီအိမ္မွာ အက်ယ္ခ်ဳပ္ႏွစ္ေတြ ျဖတ္သန္းရင္း ခင္ပြန္းသည္ ကြယ္လြန္ခါနီး အခ်ိန္မွာကို ေတြ႕ခြင့္မရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ဘဝက ကမာၻေက်ာ္ခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ မက်ဆုံးခင္က ေနသြားတဲ့ တာဝါလိန္းအိမ္ကို ဗိုလ္ခ်ဳပ္ျပတိုက္ လုပ္ဖို႔ ၁၉၅ဝ ေက်ာ္က စီစဥ္ခ်ိန္မွာ ဒီအိမ္ကို ဖဆပလအစိုးရက ေဒၚခင္ၾကည္မိသားစုအတြက္ ဝယ္ေပးခဲ့တာလို႔ ေျပာၾကသလို တာဝါလိန္းမွာ သားလတ္ ေအာင္ဆန္းလင္း ေရနစ္ေသဆုံးခဲ့ၿပီးေနာက္ပိုင္း မေနလိုတဲ့အတြက္ ေ႐ႊ႕ေပးတာလို႔လည္း ဆိုၾကပါတယ္။

အလကၤာပုလဲပန္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းကဗ်ာ
ဟယ္လပင္လမ္းက ျပည္ေထာင္စု ရိပ္သာမွာ ခဏေနၿပီးမွ တကၠသိုလ္ရိပ္သာလမ္း အိမ္ကို ေျပာင္းတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေမာင္ႏွမ ဝမ္းကြဲေတာ္တဲ့ ဦးေအးဝင္းက ေျပာပါတယ္။

ယူနီဗာစီတီ အဗင္းန်ဴးအျဖစ္ တခ်ိန္က သိခဲ့တဲ့ ဒီလမ္းမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ အစ္ကို ဝန္ႀကီး ဦးဘဝင္း မိသားစုလည္း ေဒၚခင္ၾကည္မိသားစုနဲ႔ မ်က္ႏွာခ်င္းဆိုင္ ေနထိုင္ၾကၿပီး ၁၉၄၇ အာဇာနည္ လုပ္ႀကံမႈ အၿပီးမွာ သူတို႔ကို ေနရာေပးခဲ့တာ ျဖစ္ပါတယ္။

ေနာက္ပိုင္း ေဒၚခင္ၾကည္ သံအမတ္ဘဝနဲ႔ အိႏၵိယ သြားေနစဥ္ကာလက လြဲၿပီး ကြယ္လြန္သည္အထိ တကၠသိုလ္ရိပ္သာလမ္း အိမ္မွာပဲ ေနထိုင္ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္တို႔ ေမာင္ႏွမကေတာ့ ၿဗိတိန္မွာ ပညာသင္ၿပီး ႏိုင္ငံျခားမွာပဲ ေနခဲ့ၾကပါတယ္။

ေဒၚခင္ၾကည္ရဲ႕ အိမ္ဟာ ႏိုင္ငံေရးအရ အပယ္ခံလို ျဖစ္ေနတဲ့ ႏိုင္ငံေရးသမားေဟာင္းေတြနဲ႔ တပ္မေတာ္ အရာရွိေဟာင္းေတြရဲ႕ ဆုံရာ ျဖစ္ၿပီး လမ္းစဥ္ပါတီ အစိုးရကို လြတ္လြတ္လပ္လပ္ ေဝဖန္တဲ့ ေနရာလို႔ သိမီလိုက္သူေတြရဲ႕ ေရးသားခ်က္ေတြမွာ ပါပါတယ္။

ဒီၿခံမွာ ေဒၚခင္ၾကည္ရဲ႕အစ္မ ေတာထဲက ျပန္လာတဲ့ ေဒၚခင္ႀကီးတို႔ သားအမိ ရွိသလို တျခား ေမာင္ႏွမေတြလည္း ေနခဲ့ၾကပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ေက်ာင္းေနဘက္၊ သမဂၢလုပ္ေဖာ္ကိုင္ဘက္ ျဖစ္တဲ့ ေဂ်ာ္ဂ်ီတင္ေအာင္ဟာ ဝင္းဝမွာ တဲႀကီးနဲ႔ ေနတယ္လို႔လည္း ေရးၾကပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္လက္်ာ ထိုင္းနယ္စပ္မွာ က်ဆုံးၿပီးေနာက္ က်န္ရစ္တဲ့ သမီး ယုလက္်ာကို တကၠသိုလ္ရိပ္သာလမ္းအိမ္မွာ အပတ္စဥ္ ေခၚေတြ႕ၿပီး ဂ႐ုစိုက္တယ္လို႔လည္း ဗိုလ္လက္်ာရဲ႕သမီး ေဒါက္တာ ခင္လက္်ာက ေရးသားခဲ့ပါတယ္။

စာေရးဆရာမ ၾကည္သင္း ရမည္းသင္းကေတာ့ ေဒၚခင္ၾကည္ဟာ အိမ္မွာ ဧည့္လက္ခံရာမွာ အိမ္အဝင္ ဝရန္တာနားမွာ ေတြ႕သင့္သူ၊ အတြင္း ဧည့္ခန္းႀကီးမွာ ေတြ႕သင့္သူ၊ အျပင္ ဧည့္ခန္းမွာ ေတြ႕သင့္သူ စသျဖင့္ ခြဲျခား ေတြ႕တတ္တယ္လို႔ ေရးဖူးပါတယ္။

ေနာက္ၿပီး ခ်က္ျပဳတ္မႈ အိမ္ေထာင္ ထိန္းသိမ္းမႈမွာလည္း အင္မတန္ ႏိုင္နင္းသူလို႔ ဆိုပါတယ္။

ၿခံတြင္းမွာလည္း ပန္းေပါင္းစုံ စိုက္ပ်ိဳးထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မိသားစု ရွင္ျပဳအခမ္းအနားကိုလည္း ဒီအိမ္မွာပဲ က်င္းပပါတယ္။

၁၉၈၈ အေရးအခင္းကာလအတြင္းမွာ ေဒၚခင္ၾကည္ ေနမေကာင္းတဲ့အတြက္ သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ ရန္ကုန္ျပန္လာၿပီး ျပဳစုရင္း ႏိုင္ငံေရး လႈပ္ရွားမႈမွာ ပါဝင္လာခဲ့ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဖြဲ႕စည္း တည္ေထာင္ခ်ိန္မွာလည္း ဒီအိမ္မွာပဲ အစပ်ိဳး လႈပ္ရွားခဲ့ပါတယ္။

၁၉၈၈ ဒီဇင္ဘာမွာ ေဒၚခင္ၾကည္ ကြယ္လြန္ၿပီးေနာက္ စ်ာပန အခမ္းအနားကိုလည္း ဒီအိမ္ကေန ခ်ေဆာင္ က်င္းပခဲ့ပါတယ္။ အာဏာသိမ္း စစ္အစိုးရ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ေစာေမာင္နဲ႔ ဗိုလ္မႉးခ်ဳပ္ ခင္ၫြန္႔ စတဲ့ ထိပ္ပိုင္း စစ္ေခါင္းေဆာင္ေတြလည္း နာေရး လာေမးခဲ့ၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏိုင္ငံေရးသက္တမ္းတေလ်ာက္ ဒီအိမ္မွာပဲ သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံတာေတြ လုပ္ခဲ့သလို ျပည္တြင္းျပည္ပ ဧည့္သည္ေတြနဲ႔ ေဆြးေႏြးေတြ႕ဆုံတာေတြလည္း လုပ္ခဲ့ပါတယ္။

၁၉၈၉ အာဇာနည္ေန႔ မွာ ပထမအႀကိမ္ ေနအိမ္ အက်ယ္ခ်ဳပ္ က်ၿပီးေနာက္ ၁၉၉၅ မွာ ေဒၚေအာင္ဆန္းစုၾကည္ ျပန္လြတ္လာခဲ့ပါတယ္။

အဲဒီေနာက္ပိုင္း လူထုနဲ႔ ေတြ႕ဆုံပြဲေတြကို အပတ္စဥ္ တကၠသိုလ္ရိပ္သာလမ္း ၿခံေရွ႕မွာ က်င္းပခဲ့ပါတယ္။

ဒီေဆြးေႏြးပြဲေတြ က်င္းပတာကို မလိုလားတဲ့ စစ္အစိုးရထုတ္ သတင္းစာေတြကေန ဒီပရိသတ္လူအုပ္ေၾကာင့္ ကားပိတ္တယ္၊ အေႏွာင့္အယွက္ ျဖစ္တယ္ စသျဖင့္ ေရးသားခဲ့ပါတယ္။

တကယ္က ေနအိမ္အက်ယ္ခ်ဳပ္ခ်တိုင္း ဒီအိမ္ေရွ႕က လမ္းကို ပိတ္ထားတတ္တဲ့အတြက္ ဝင္ဒါမီယာ လမ္းကေန ေကြ႕ပတ္သြားရတာက ပိုၿပီး အေႏွာင့္အယွက္ ျဖစ္ခဲ့တာပါ။

၂ဝဝ၁ ခုႏွစ္မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အစ္ကို ဦးေအာင္ဆန္းဦးက ေနအိမ္ကို အေမြခြဲေဝ ယူလိုေၾကာင္း တရား႐ုံးမွာ ေလွ်ာက္ထားခဲ့ပါတယ္။

အဲဒီအတြက္ ေဒၚခင္ၾကည္ ကြယ္လြန္စမွာပဲ အေမြကိစၥ အတြက္ စာခ်ဳပ္ စာတမ္းနဲ႔ ဦးေအာင္ဆန္းဦးက လက္မွတ္ထိုးဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ေတာင္းဆိုလို႔ စည္း႐ုံးေရး သြားခါနီး လက္မွတ္ထိုး ေပးခဲ့ေၾကာင္း အစ္ကိုဝမ္းကြဲေတာ္တဲ့ ဦးေအးဝင္းက ေျပာပါတယ္။

ဦးေအာင္ဆန္းဦး အေမရိကန္ မျပန္ခင္မွာ စာခ်ဳပ္ခ်ဳပ္တာ လို႔လည္း ဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က ေသခ်ာေတာင္ မၾကည့္ဘဲ လက္မွတ္ထိုးေပးလိုက္တယ္လို႔ သိရပါတယ္။

ေဒၚခင္ၾကည္က သားသမီး ေတြ အေမြကိစၥကို ေျပာဆိုခဲ့တာ မရွိဘူးလို႔လည္း ဆိုပါတယ္။

ေနာက္ၿပီး ျမန္မာ ႏိုင္ငံ ဥပေဒ အရ ျပည္ပ ႏိုင္ငံသားျဖစ္သူက အိမ္ပိုင္ခြင့္ မရွိပါဘူး။

ဦးေအာင္ဆန္းဦးကိုလည္း အေမရိကန္ ႏိုင္ငံသား ခံထားတယ္လို႔ အမ်ားက နားလည္ၾကပါတယ္။

တခ်ိန္ထဲမွာပဲ ေဒၚခင္ၾကည္ရဲ႕ တူေတာ္သူ၊ ေဒၚခင္ႀကီးရဲ႕သား ဗိုလ္မႉးႀကီး ခင္ေမာင္ေအးကလည္း အေဒၚဆီကေန ေနစရာ ေတာင္းလို႔ ၿခံထဲမွာ တိုက္ေဆာက္ဖို႔ စီစဥ္ခဲ့ဖူးပါတယ္။

ဒီအခ်ိန္က တေယာက္တည္း လို ျဖစ္ေနတဲ့ အေဒၚကို ျပဳစုဖို႔ အနားမွာ လာေနလိုတယ္ ဆိုၿပီး ဗိုလ္မႉးႀကီး ခင္ေမာင္ေအးက ေနစရာ ေတာင္းခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ တကယ္တမ္းက အဲဒီအခ်ိန္က ေဒၚခင္ၾကည္ နာမည္ေပါက္ မျဖစ္ေသးတဲ့ အိမ္ၿခံေျမကို နာမည္ေပါက္ ျဖစ္ေအာင္ ကူညီမယ္ ဆိုၿပီး လမ္းစဥ္ပါတီေခတ္က သတင္းစဥ္မွာ ဦးေဆာင္ၫႊန္ၾကားေရးမႉး ျဖစ္တဲ့ ဗိုလ္မႉးႀကီး ခင္ေမာင္ေအးက ေျပာလို႔ ေဒၚခင္ၾကည္က လက္မွတ္ထိုးေပးခဲ့တာလို႔ ဦးေအးဝင္းက ေျပာပါတယ္။

အိမ္ေဆာက္ဖို႔ ၾကမ္းခင္း စေလာင္းစမွာပဲ ေဒၚခင္ၾကည္က သူ႔ကို အိမ္မ်က္ႏွာစာဘက္မွာ ဒီေလာက္ အက်ယ္ႀကီး ေပးတာ မဟုတ္ဘူး၊ ဒီေနရာလည္း မဟုတ္ဘူးလို႔ ကန္႔ကြက္ၿပီး ရပ္ကြက္ အာဏာပိုင္ေတြဆီ စာေရး အသိေပးခဲ့လို႔ ဆက္မေဆာက္ျဖစ္ေတာ့ဘူးလို႔လည္း ဦးေအးဝင္းက ေျပာပါတယ္။

ေနာက္ပိုင္းမွာလည္း ဒီကုန္က်စရိတ္ကို ဦးခင္ေမာင္ေအးဆီ ျပန္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ညႇိႏႈိင္းေဆာင္႐ြက္ေပးဖို႔ သူနဲ႔ သခင္အုန္းျမင့္ကို ေတာင္းဆိုလို႔ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ဦးေအးဝင္းက ေျပာပါတယ္။

ရက္ပိုင္းအတြင္းမွာပဲ ဦးခင္ေမာင္ေအးဘက္က စရိတ္ပမာဏက အစ သေဘာတူလို႔ ေပးဖို႔ စီစဥ္ေနခ်ိန္မွာ အဖမ္းခံရလို႔ ေနာက္ဆက္ ကိစၥေတြ မသိရေၾကာင္းလည္း ဦးေအးဝင္းက ေျပာပါတယ္။

ဦးခင္ေမာင္ေအးကေတာ့ ၂ဝ၁၈ ခုႏွစ္ထဲမွာပဲ ကြယ္လြန္သြားပါတယ္။

ဦးေအာင္ဆန္းဦး အမႈမွာေတာ့ အက်ယ္ခ်ဳပ္ က်ေနတဲ့ ႏွမ ျဖစ္သူကို တရားစြဲလို႔ဆိုၿပီး ကန္႔ကြက္ ေဝဖန္ခံခဲ့ရပါတယ္။

ေနာက္ပိုင္း ၂ဝဝ၃ ဒီပဲယင္း အေရးအခင္းေနာက္ပိုင္း တရားရင္ဆိုင္ေနရလို႔ ေျခာက္ႏွစ္ေလာက္ အိမ္ကို မျပဳျပင္ႏိုင္ဘဲ မိုးယိုတာေတြ ျဖစ္လို႔ ျပင္ဆင္ဖို႔ ဦးခြန္သာျမင့္ကို တာဝန္ေပးခဲ့ပါတယ္။

ဦးခြန္သာျမင့္ဟာ NLD ပါတီက ဦးဟံသာျမင့္ရဲ႕ ညီလည္း ျဖစ္ပါတယ္။

အေပၚထပ္မွာ အိပ္ခန္းႀကီး တခန္းနဲ႔ ဒိျပင္ အိပ္ခန္းႏွစ္ခန္း ရွိၿပီး တခန္းကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စာၾကည့္ခန္း လုပ္ထားတာပါ။

ေအာက္ထပ္မွာေတာ့ ဧည့္ခန္း ႏွစ္ခန္း၊ အိပ္ခန္းတခန္းနဲ႔ ထမင္းစားခန္း၊ မီးဖိုေဆာင္ စတာေတြ ရွိတယ္လို႔လည္း သိရပါတယ္။

ၿခံဝင္းထဲက ယိုယြင္းေနတဲ့ အိမ္ေဟာင္းေတြ၊ အလုပ္သမား တန္းလ်ားေတြကိုလည္း ျပင္ဆင္တာ၊ ဖ်က္ပစ္တာေတြ လုပ္ခဲ့ပါတယ္။

ဦးခြန္သာျမင့္ ျပင္ဆင္ေပးခ်ိန္ကေတာ့ တရားစြဲဆိုထားတာေတြ ရွိလို႔ မူလ ခြင့္ေတာင္းထားတဲ့အတိုင္း အိမ္မႀကီးကိုပဲ ျပင္ေပးခဲ့ရပါတယ္။

ဂြၽန္ ဝီလ်ံ ယက္ေတာ ေရကူးၿပီး အိမ္ထဲ ဝင္လာလို႔ ေဒၚေအာင္ဆန္းစုၾကည္ အင္းစိန္ေထာင္ ပို႔ခံရခ်ိန္မွာ အိမ္ကို ျပင္တာ ျဖစ္ပါတယ္။

က်န္တာကိုေတာ့ ၂ဝ၁ဝ ေနာက္ပိုင္း ေဒၚေအာင္ဆန္းစုၾကည္ ျပန္လြတ္လာၿပီးမွ ျပင္တာလို႔ သိရပါတယ္။

ဦးခင္ေမာင္ေအးရဲ႕ မိခင္ ေဒၚခင္ႀကီး မကြယ္လြန္မီ ေနသြားခဲ့တဲ့ အင္းလ်ားကန္စပ္က အိမ္ေဟာင္းေလးကိုေတာ့ ျပင္ဆင္ၿပီး ဧည့္သည္လာရင္ တည္းစရာ အျဖစ္ ျပဳျပင္ႏိုင္ခဲ့တယ္လို႔လည္း ဦးခြန္သာျမင့္က ေျပာပါတယ္။

က်န္တဲ့ ၿခံဝက အေစာင့္တဲနဲ႔ ေဒၚခင္ၾကည္ရဲ႕ ညီမတေယာက္အိမ္ေတြကိုေတာ့ အိုေဟာင္းၿပီး ေႁမြပါးကင္းပါး ရွိလို႔ ၿဖိဳခ်ခဲ့ပါတယ္။

နာဂစ္မုန္တိုင္းဒဏ္ႀကဳံလိုက္ရတဲ့ အိမ္ကို ျပင္ဆင္ၿပီးေနာက္ပိုင္း ၂ဝ၁ဝ မွာ ေဒၚေအာင္ဆန္းစုၾကည္ လြတ္လာၿပီး ႏိုင္ငံေရး လႈပ္ရွားမႈေတြ ျပန္စလို႔ ဧည့္သည္ေတြ အမ်ားအျပား လာခဲ့ပါတယ္။

ဒီထဲမွာ အထင္ရွားဆုံးက အဲဒီအခ်ိန္က အေမရိကန္ သမၼတ အိုဘားမားနဲ႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ဘန္ကီမြန္းတို႔ ျဖစ္ပါတယ္။

ႏိုင္ငံတကာက ႏိုင္ငံျခားေရး ဝန္ႀကီး အမ်ားအျပား လာသလို အႏုပညာရွင္ေတြလည္း လာၾကပါတယ္။

၂ဝ၁၂ ေနာက္ပိုင္း ေဒၚေအာင္ဆန္းစုၾကည္ ေနျပည္ေတာ္မွာ သြားေနေပမယ့္ တကၠသိုလ္ ရိပ္သာလမ္းအိမ္ကို ႏိုင္ငံေရး ခရီးသြား စိတ္ဝင္စားစရာ ေနရာတခု အျဖစ္ လာၾကည့္တာ၊ ဓာတ္ပုံ႐ိုက္တာေတြ ဆက္ရွိပါတယ္။

ေနအိမ္ ၿခံစည္း႐ိုး အသစ္ျပင္ၿပီးေနာက္ တံခါးေဟာင္းကို ျဖဳတ္ၿပီး ေလလံတင္ ေရာင္းတာေတာင္ ရွိခဲ့ပါတယ္။

အခု ေနာက္ဆုံး ျဖစ္ေပၚမႈေတြအရ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးေအာင္ဆန္းဦး အေမြခြဲဖို႔ အိမ္ကို ေလလံပစ္မလား၊ တရား႐ုံး ဆုံးျဖတ္သလို တဝက္စီ ခြဲယူမလား ေစာင့္ၾကည့္ၾကရမွာ ျဖစ္ပါတယ္။

Credit:BBC

 

Unicodeဖြင့်ဖတ်ရန်

 

အစ်ကိုက အမွေခွဲချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံ ၊ ၅၄ တက္ကသိုလ်ရိပ်သာလမ်း
ဘိုဘို

 

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်းဆိုရင် ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိပ်စာအဖြစ် ကမ္ဘာက သိကြပါတယ်။ ပါဝါ ၅၄ ဆိုတဲ့ အဆိုတော် လေးဖြူရဲ့ တေးသီချင်းစီးရီး တခုရဲ့ အမည်ကိုလည်း ဒီအိမ်လိပ်စာကို တင်စားတယ်လို့ တချိန်က ယူဆခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲနိုင်ပြီးနောက် လွှတ်တော်တက်ဖို့ နေပြည်တော်မှာ သွားနေပြီးနောက် ဒီအိမ်မှာ သိပ်မနေဖြစ်တော့တဲ့အတွက် သိပ်သတိမထားမိကြပေမယ့် အခုတခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစ်ကို ဦးအောင်ဆန်းဦးတို့ကြား နေအိမ်အမွေမှုကြောင့် ဒီအိမ်လိပ်စာဟာ သတင်းစာမျက်နှာထက်မှာ ရောက်လာပြန်ပါတယ်။

အမေရိကန် ဒေါ်လာ သန်း ၉ဝ လောက်တန်တယ်လို့ ရှေ့နေတွေ အကဲဖြတ်ကြတဲ့ ဒီခြံမြေကို မောင်နှမ ခွဲဝေကြဖို့ ၂ဝ၁၆ ကတည်းက အမိန့်ချထားတာကို ဦးအောင်ဆန်းဦးဘက်က မကျေနပ်လို့ ပြည်ထောင်စု တရားလွှတ်တော်ကို တက်ခဲ့တာ ဖြစ်ပါတယ်။

နှမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်မှာ ၁၂ နှစ် အလကားနေခွင့်ပေးထားပြီးဖြစ်တယ်လို့ ဦးအောင်ဆန်းဦးက ပြောကြားကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

အိမ်မကြီးကို နှမက ရပြီး အစ်ကိုလုပ်သူက ပြိုပျက်နေတဲ့ အိမ်အသေးကို ရလို့ မကျေနပ်တာ ဖြစ်ပါတယ်။

ဒါကြောင့် အိမ်ကို လေလံပစ်ပြီး ခွဲယူကြဖို့ ဦးအောင်ဆန်းဦးဘက်က လျှောက်ထားခဲ့တာပါ။

ဒီအိမ်ကို စစ်မဖြစ်ခင် ၁၉၂ဝ ကျော်က ဆောက်ခဲ့ပုံရပြီး မူလပိုင်ရှင် အိန္ဒိယနွယ်ဖွားတယောက်လက်ကနေ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ မြန်မာတိုင်းရင်းဆေးလုပ်ငန်းပိုင်ရှင်တယောက်က လေလံဆွဲဝယ်ယူခဲ့တယ်လို့ သိရကြောင်း ဒီအိမ်ကို ၂ဝဝ၉ ခုနှစ်နောက်ပိုင်း ပြန်လည် ပြင်ဆင်ရာမှာ ကြီးကြပ်ပေးခဲ့တဲ့ ဗိသုကာ ဦးခွန်သာမြင့်က ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဒီအိမ်ဟာ အင်းလျားကန်ကိုလည်း နောက်ခံပြုထားတာပါ။

အင်းလျားကန် ပတ်လည်မှာ နေခဲ့ဖူးတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေထဲမှာ သမ္မတဟောင်း ဦးနေဝင်းပါသလို ဂျပန်ခေတ်က နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးနုလည်း ပါပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကိုကျော်ကျော်မျိုး
ဦးနေဝင်းရဲ့ နောက်ဆုံးအချိန်မှာ နေအိမ်အကျယ်ချုပ် ကျခဲ့သလို ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ် ကျခဲ့တဲ့ အချိန်တွေ များပါတယ်။

ဒီအိမ်မှာ အကျယ်ချုပ်နှစ်တွေ ဖြတ်သန်းရင်း ခင်ပွန်းသည် ကွယ်လွန်ခါနီး အချိန်မှာကို တွေ့ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝက ကမ္ဘာကျော်ခဲ့ပါတယ်။

ဗိုလ်ချုပ် မကျဆုံးခင်က နေသွားတဲ့ တာဝါလိန်းအိမ်ကို ဗိုလ်ချုပ်ပြတိုက် လုပ်ဖို့ ၁၉၅ဝ ကျော်က စီစဉ်ချိန်မှာ ဒီအိမ်ကို ဖဆပလအစိုးရက ဒေါ်ခင်ကြည်မိသားစုအတွက် ဝယ်ပေးခဲ့တာလို့ ပြောကြသလို တာဝါလိန်းမှာ သားလတ် အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့ပြီးနောက်ပိုင်း မနေလိုတဲ့အတွက် ရွှေ့ပေးတာလို့လည်း ဆိုကြပါတယ်။

အလင်္ကာပုလဲပန်း ဗိုလ်ချုပ်အောင်ဆန်းကဗျာ
ဟယ်လပင်လမ်းက ပြည်ထောင်စု ရိပ်သာမှာ ခဏနေပြီးမှ တက္ကသိုလ်ရိပ်သာလမ်း အိမ်ကို ပြောင်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမ ဝမ်းကွဲတော်တဲ့ ဦးအေးဝင်းက ပြောပါတယ်။

ယူနီဗာစီတီ အဗင်းနျူးအဖြစ် တချိန်က သိခဲ့တဲ့ ဒီလမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကို ဝန်ကြီး ဦးဘဝင်း မိသားစုလည်း ဒေါ်ခင်ကြည်မိသားစုနဲ့ မျက်နှာချင်းဆိုင် နေထိုင်ကြပြီး ၁၉၄၇ အာဇာနည် လုပ်ကြံမှု အပြီးမှာ သူတို့ကို နေရာပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း ဒေါ်ခင်ကြည် သံအမတ်ဘဝနဲ့ အိန္ဒိယ သွားနေစဉ်ကာလက လွဲပြီး ကွယ်လွန်သည်အထိ တက္ကသိုလ်ရိပ်သာလမ်း အိမ်မှာပဲ နေထိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမကတော့ ဗြိတိန်မှာ ပညာသင်ပြီး နိုင်ငံခြားမှာပဲ နေခဲ့ကြပါတယ်။

ဒေါ်ခင်ကြည်ရဲ့ အိမ်ဟာ နိုင်ငံရေးအရ အပယ်ခံလို ဖြစ်နေတဲ့ နိုင်ငံရေးသမားဟောင်းတွေနဲ့ တပ်မတော် အရာရှိဟောင်းတွေရဲ့ ဆုံရာ ဖြစ်ပြီး လမ်းစဉ်ပါတီ အစိုးရကို လွတ်လွတ်လပ်လပ် ဝေဖန်တဲ့ နေရာလို့ သိမီလိုက်သူတွေရဲ့ ရေးသားချက်တွေမှာ ပါပါတယ်။

ဒီခြံမှာ ဒေါ်ခင်ကြည်ရဲ့အစ်မ တောထဲက ပြန်လာတဲ့ ဒေါ်ခင်ကြီးတို့ သားအမိ ရှိသလို တခြား မောင်နှမတွေလည်း နေခဲ့ကြပါတယ်။

ဗကပ ခေါင်းဆောင် သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျောင်းနေဘက်၊ သမဂ္ဂလုပ်ဖော်ကိုင်ဘက် ဖြစ်တဲ့ ဂျော်ဂျီတင်အောင်ဟာ ဝင်းဝမှာ တဲကြီးနဲ့ နေတယ်လို့လည်း ရေးကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ ထိုင်းနယ်စပ်မှာ ကျဆုံးပြီးနောက် ကျန်ရစ်တဲ့ သမီး ယုလက်ျာကို တက္ကသိုလ်ရိပ်သာလမ်းအိမ်မှာ အပတ်စဉ် ခေါ်တွေ့ပြီး ဂရုစိုက်တယ်လို့လည်း ဗိုလ်လက်ျာရဲ့သမီး ဒေါက်တာ ခင်လက်ျာက ရေးသားခဲ့ပါတယ်။

စာရေးဆရာမ ကြည်သင်း ရမည်းသင်းကတော့ ဒေါ်ခင်ကြည်ဟာ အိမ်မှာ ဧည့်လက်ခံရာမှာ အိမ်အဝင် ဝရန်တာနားမှာ တွေ့သင့်သူ၊ အတွင်း ဧည့်ခန်းကြီးမှာ တွေ့သင့်သူ၊ အပြင် ဧည့်ခန်းမှာ တွေ့သင့်သူ စသဖြင့် ခွဲခြား တွေ့တတ်တယ်လို့ ရေးဖူးပါတယ်။

နောက်ပြီး ချက်ပြုတ်မှု အိမ်ထောင် ထိန်းသိမ်းမှုမှာလည်း အင်မတန် နိုင်နင်းသူလို့ ဆိုပါတယ်။

ခြံတွင်းမှာလည်း ပန်းပေါင်းစုံ စိုက်ပျိုးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ရှင်ပြုအခမ်းအနားကိုလည်း ဒီအိမ်မှာပဲ ကျင်းပပါတယ်။

၁၉၈၈ အရေးအခင်းကာလအတွင်းမှာ ဒေါ်ခင်ကြည် နေမကောင်းတဲ့အတွက် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်လာပြီး ပြုစုရင်း နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်ချိန်မှာလည်း ဒီအိမ်မှာပဲ အစပျိုး လှုပ်ရှားခဲ့ပါတယ်။

၁၉၈၈ ဒီဇင်ဘာမှာ ဒေါ်ခင်ကြည် ကွယ်လွန်ပြီးနောက် ဈာပန အခမ်းအနားကိုလည်း ဒီအိမ်ကနေ ချဆောင် ကျင်းပခဲ့ပါတယ်။ အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်မှူးချုပ် ခင်ညွန့် စတဲ့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေလည်း နာရေး လာမေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသက်တမ်းတလျောက် ဒီအိမ်မှာပဲ သတင်းထောက်တွေနဲ့ တွေ့ဆုံတာတွေ လုပ်ခဲ့သလို ပြည်တွင်းပြည်ပ ဧည့်သည်တွေနဲ့ ဆွေးနွေးတွေ့ဆုံတာတွေလည်း လုပ်ခဲ့ပါတယ်။

၁၉၈၉ အာဇာနည်နေ့ မှာ ပထမအကြိမ် နေအိမ် အကျယ်ချုပ် ကျပြီးနောက် ၁၉၉၅ မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း လူထုနဲ့ တွေ့ဆုံပွဲတွေကို အပတ်စဉ် တက္ကသိုလ်ရိပ်သာလမ်း ခြံရှေ့မှာ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲတွေ ကျင်းပတာကို မလိုလားတဲ့ စစ်အစိုးရထုတ် သတင်းစာတွေကနေ ဒီပရိသတ်လူအုပ်ကြောင့် ကားပိတ်တယ်၊ အနှောင့်အယှက် ဖြစ်တယ် စသဖြင့် ရေးသားခဲ့ပါတယ်။

တကယ်က နေအိမ်အကျယ်ချုပ်ချတိုင်း ဒီအိမ်ရှေ့က လမ်းကို ပိတ်ထားတတ်တဲ့အတွက် ဝင်ဒါမီယာ လမ်းကနေ ကွေ့ပတ်သွားရတာက ပိုပြီး အနှောင့်အယှက် ဖြစ်ခဲ့တာပါ။

၂ဝဝ၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက နေအိမ်ကို အမွေခွဲဝေ ယူလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။

အဲဒီအတွက် ဒေါ်ခင်ကြည် ကွယ်လွန်စမှာပဲ အမွေကိစ္စ အတွက် စာချုပ် စာတမ်းနဲ့ ဦးအောင်ဆန်းဦးက လက်မှတ်ထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလို့ စည်းရုံးရေး သွားခါနီး လက်မှတ်ထိုး ပေးခဲ့ကြောင်း အစ်ကိုဝမ်းကွဲတော်တဲ့ ဦးအေးဝင်းက ပြောပါတယ်။

ဦးအောင်ဆန်းဦး အမေရိကန် မပြန်ခင်မှာ စာချုပ်ချုပ်တာ လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သေချာတောင် မကြည့်ဘဲ လက်မှတ်ထိုးပေးလိုက်တယ်လို့ သိရပါတယ်။

ဒေါ်ခင်ကြည်က သားသမီး တွေ အမွေကိစ္စကို ပြောဆိုခဲ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။

နောက်ပြီး မြန်မာ နိုင်ငံ ဥပဒေ အရ ပြည်ပ နိုင်ငံသားဖြစ်သူက အိမ်ပိုင်ခွင့် မရှိပါဘူး။

ဦးအောင်ဆန်းဦးကိုလည်း အမေရိကန် နိုင်ငံသား ခံထားတယ်လို့ အများက နားလည်ကြပါတယ်။

တချိန်ထဲမှာပဲ ဒေါ်ခင်ကြည်ရဲ့ တူတော်သူ၊ ဒေါ်ခင်ကြီးရဲ့သား ဗိုလ်မှူးကြီး ခင်မောင်အေးကလည်း အဒေါ်ဆီကနေ နေစရာ တောင်းလို့ ခြံထဲမှာ တိုက်ဆောက်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။

ဒီအချိန်က တယောက်တည်း လို ဖြစ်နေတဲ့ အဒေါ်ကို ပြုစုဖို့ အနားမှာ လာနေလိုတယ် ဆိုပြီး ဗိုလ်မှူးကြီး ခင်မောင်အေးက နေစရာ တောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တကယ်တမ်းက အဲဒီအချိန်က ဒေါ်ခင်ကြည် နာမည်ပေါက် မဖြစ်သေးတဲ့ အိမ်ခြံမြေကို နာမည်ပေါက် ဖြစ်အောင် ကူညီမယ် ဆိုပြီး လမ်းစဉ်ပါတီခေတ်က သတင်းစဉ်မှာ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဗိုလ်မှူးကြီး ခင်မောင်အေးက ပြောလို့ ဒေါ်ခင်ကြည်က လက်မှတ်ထိုးပေးခဲ့တာလို့ ဦးအေးဝင်းက ပြောပါတယ်။

အိမ်ဆောက်ဖို့ ကြမ်းခင်း စလောင်းစမှာပဲ ဒေါ်ခင်ကြည်က သူ့ကို အိမ်မျက်နှာစာဘက်မှာ ဒီလောက် အကျယ်ကြီး ပေးတာ မဟုတ်ဘူး၊ ဒီနေရာလည်း မဟုတ်ဘူးလို့ ကန့်ကွက်ပြီး ရပ်ကွက် အာဏာပိုင်တွေဆီ စာရေး အသိပေးခဲ့လို့ ဆက်မဆောက်ဖြစ်တော့ဘူးလို့လည်း ဦးအေးဝင်းက ပြောပါတယ်။

နောက်ပိုင်းမှာလည်း ဒီကုန်ကျစရိတ်ကို ဦးခင်မောင်အေးဆီ ပြန်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်းဆောင်ရွက်ပေးဖို့ သူနဲ့ သခင်အုန်းမြင့်ကို တောင်းဆိုလို့ ဆောင်ရွက်ပေးခဲ့ကြောင်း ဦးအေးဝင်းက ပြောပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ ဦးခင်မောင်အေးဘက်က စရိတ်ပမာဏက အစ သဘောတူလို့ ပေးဖို့ စီစဉ်နေချိန်မှာ အဖမ်းခံရလို့ နောက်ဆက် ကိစ္စတွေ မသိရကြောင်းလည်း ဦးအေးဝင်းက ပြောပါတယ်။

ဦးခင်မောင်အေးကတော့ ၂ဝ၁၈ ခုနှစ်ထဲမှာပဲ ကွယ်လွန်သွားပါတယ်။

ဦးအောင်ဆန်းဦး အမှုမှာတော့ အကျယ်ချုပ် ကျနေတဲ့ နှမ ဖြစ်သူကို တရားစွဲလို့ဆိုပြီး ကန့်ကွက် ဝေဖန်ခံခဲ့ရပါတယ်။

နောက်ပိုင်း ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းနောက်ပိုင်း တရားရင်ဆိုင်နေရလို့ ခြောက်နှစ်လောက် အိမ်ကို မပြုပြင်နိုင်ဘဲ မိုးယိုတာတွေ ဖြစ်လို့ ပြင်ဆင်ဖို့ ဦးခွန်သာမြင့်ကို တာဝန်ပေးခဲ့ပါတယ်။

ဦးခွန်သာမြင့်ဟာ NLD ပါတီက ဦးဟံသာမြင့်ရဲ့ ညီလည်း ဖြစ်ပါတယ်။

အပေါ်ထပ်မှာ အိပ်ခန်းကြီး တခန်းနဲ့ ဒိပြင် အိပ်ခန်းနှစ်ခန်း ရှိပြီး တခန်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကြည့်ခန်း လုပ်ထားတာပါ။

အောက်ထပ်မှာတော့ ဧည့်ခန်း နှစ်ခန်း၊ အိပ်ခန်းတခန်းနဲ့ ထမင်းစားခန်း၊ မီးဖိုဆောင် စတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ခြံဝင်းထဲက ယိုယွင်းနေတဲ့ အိမ်ဟောင်းတွေ၊ အလုပ်သမား တန်းလျားတွေကိုလည်း ပြင်ဆင်တာ၊ ဖျက်ပစ်တာတွေ လုပ်ခဲ့ပါတယ်။

ဦးခွန်သာမြင့် ပြင်ဆင်ပေးချိန်ကတော့ တရားစွဲဆိုထားတာတွေ ရှိလို့ မူလ ခွင့်တောင်းထားတဲ့အတိုင်း အိမ်မကြီးကိုပဲ ပြင်ပေးခဲ့ရပါတယ်။

ဂျွန် ဝီလျံ ယက်တော ရေကူးပြီး အိမ်ထဲ ဝင်လာလို့ ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင် ပို့ခံရချိန်မှာ အိမ်ကို ပြင်တာ ဖြစ်ပါတယ်။

ကျန်တာကိုတော့ ၂ဝ၁ဝ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးမှ ပြင်တာလို့ သိရပါတယ်။

ဦးခင်မောင်အေးရဲ့ မိခင် ဒေါ်ခင်ကြီး မကွယ်လွန်မီ နေသွားခဲ့တဲ့ အင်းလျားကန်စပ်က အိမ်ဟောင်းလေးကိုတော့ ပြင်ဆင်ပြီး ဧည့်သည်လာရင် တည်းစရာ အဖြစ် ပြုပြင်နိုင်ခဲ့တယ်လို့လည်း ဦးခွန်သာမြင့်က ပြောပါတယ်။

ကျန်တဲ့ ခြံဝက အစောင့်တဲနဲ့ ဒေါ်ခင်ကြည်ရဲ့ ညီမတယောက်အိမ်တွေကိုတော့ အိုဟောင်းပြီး မြွေပါးကင်းပါး ရှိလို့ ဖြိုချခဲ့ပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ကြုံလိုက်ရတဲ့ အိမ်ကို ပြင်ဆင်ပြီးနောက်ပိုင်း ၂ဝ၁ဝ မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ ပြန်စလို့ ဧည့်သည်တွေ အများအပြား လာခဲ့ပါတယ်။

ဒီထဲမှာ အထင်ရှားဆုံးက အဲဒီအချိန်က အမေရိကန် သမ္မတ အိုဘားမားနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ ဖြစ်ပါတယ်။

နိုင်ငံတကာက နိုင်ငံခြားရေး ဝန်ကြီး အများအပြား လာသလို အနုပညာရှင်တွေလည်း လာကြပါတယ်။

၂ဝ၁၂ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ သွားနေပေမယ့် တက္ကသိုလ် ရိပ်သာလမ်းအိမ်ကို နိုင်ငံရေး ခရီးသွား စိတ်ဝင်စားစရာ နေရာတခု အဖြစ် လာကြည့်တာ၊ ဓာတ်ပုံရိုက်တာတွေ ဆက်ရှိပါတယ်။

နေအိမ် ခြံစည်းရိုး အသစ်ပြင်ပြီးနောက် တံခါးဟောင်းကို ဖြုတ်ပြီး လေလံတင် ရောင်းတာတောင် ရှိခဲ့ပါတယ်။

အခု နောက်ဆုံး ဖြစ်ပေါ်မှုတွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦး အမွေခွဲဖို့ အိမ်ကို လေလံပစ်မလား၊ တရားရုံး ဆုံးဖြတ်သလို တဝက်စီ ခွဲယူမလား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Credit:BBC