27 C
Yangon
Monday, September 28, 2020


798
0

Zawgyiဖြင့်ဖတ်ရန်

 







Credit-Momolay

 

Unicodeဖြင့်ဖတ်ရန်

 

ပရိသတ်တွေ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပေးလိုက်တဲ့ နေတိုး

 

မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးမင်းသားတွေထဲမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ မင်းသားနေတိုးကတော့ စွယ်စုံရတဲ့အနုပညာရှင်တစ်ဦးဖြစ်တဲ့အပြင် ပရိသတ်တွေကို လေးစားတန်ဖိုးထားတတ်သူတစ်ဦးလည်းဖြစ်တာကြောင့် အောင်မြင်မှုတွေဆက်တိုက် ရရှိနေတာပါ။ လတ်တလောမှာပဲ ညီငယ်လေးကို ဆုံးရှုံးထားရတဲ့ နေတိုးကတော့ အရမ်းကိုစိတ်ထိခိုက်နေမှာဖြစ်ပေမယ့်လည်း တည်တည်ငြိမ်ငြိမ်နဲ့ရှိနေတာကြောင့် ပရိသတ်တွေအားလုံးရဲ့ ချီးကျူးမှုကို ခံနေရတာပဲ ဖြစ်ပါတယ်။ ညီလေးရဲ့ကိစ္စတွေနဲ့ လုံးပန်းနေတုန်းမှာ လူမှုကွန်ယက်နဲ့ အဆက်အသွယ်ပြတ်နေခဲ့တဲ့ နေတိုးက ဒီနေ့လေးမှာတော့ ပရိသတ်တွေကို ဆုမွန်ကောင်းလေးတောင်းပေးရင်း ပြန်လည်ထွက်ပေါ်လာခဲ့တာပါ။ ချစ်ပရိသတ်တွေအတွက် အသက်ငယ်ငယ်ရွယ်ရွယ်ပဲရှိသေးပေမယ့် တည်ငြိမ်လွန်းလှတဲ့ နေတိုးရဲ့အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အမြဲလိုလို ဘုရားတရားမမေ့တဲ့ နေတိုး

သူအခုလို တည်ငြိမ်နေရခြင်းအကြောင်းကတော့ ဘုရားတရားလုပ်ခြင်းရဲ့ ရလာဒ်တွေပဲ ဖြစ်ပါတယ်။

နေတိုးကတော့ာ “ပရိသတ်များ သီလပြည့်စုံပြီးငြိမ်းချမ်းစွာ ဘဝကိုဖြတ်သန်းနိုင်ကြပါစေ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။
နေတိုးကတော့ အခုလိုမျိုး ညီငယ်လေးကို ဆုံးရှုံးထားရတာတောင် သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေကို မမေ့ပဲ သတိတရနဲ့ ရှိနေခဲ့တာပါ။ ချစ်ပရိသတ်တွေလည်း အဆိုးဆုံးအခြေအနေတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်တဲ့ နေတိုးရဲ့စိတ်ဓါတ်လေးကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay