27 C
Yangon
Wednesday, October 21, 2020
အိပ္ေရးပ်က္ေနတဲ့ အသက္(၇၀) ကားဆရာကို အနားေပးၿပီး ကိုယ္တုိင္ကားေမာင္းခဲ့တဲ့ ခရီးသည္

အိပ္ေရးပ်က္ေနတဲ့ အသက္(၇၀) ကားဆရာကို အနားေပးၿပီး ကိုယ္တုိင္ကားေမာင္းခဲ့တဲ့ ခရီးသည္

1738
0

Zawgyiျဖင့္ဖတ္ရန္

 

ေလာကမွာ လူတစ္ဦးခ်င္းဆီကို အျပန္အလွန္ စာနာေထာက္ထားေနၾကရင္ျဖင့္ ကမာၻႀကီးမွာ ပုိၿပီးၿငိမ္းခ်မ္းသာယာ ဝေျပာေနမွာပါဘဲ။ အခုလည္း အမ်ိဳးသမီးခရီးသည္တစ္ဦးဟာ တကၠစီတစ္စီးကို ငွားရမ္းစီးစဥ္မွာပင္ အသက္(၇၀)အဖိုးအုိ တကၠစီက အိပ္ေရးပ်က္လြန္းေနၿပီလုိ႔ ညည္းတြားခဲ့ပါတယ္။

ဒါေၾကာင့္ ခရီးသည္အမ်ိဳးသမီးလည္း အဖုိးအရြယ္ တကၠစီဆရာႀကီးကို စာနာေထာက္ထားေသာအားျဖင့္ သူ႕ကို ေနာက္ခန္းမွာ အိပ္လုိက္ေစၿပီး သူကုိယ္တုိင္ လုိရာခရီးကို ကားေမာင္းေပးခဲ့ပါတယ္။ ခရီးသည္အမ်ိဳးသမီးရဲ႕အမည္ကေတာ့ Cristina Tan ျဖစ္ၿပီး သူမက ႐ုံးကေန အိမ္ကုိျပန္စဥ္ ကားငွားခဲ့တာပါ။

Tan ဟာ ကားေမာင္းေနစဥ္မွာ ဒီအရြယ္အထိ အနားယူျခင္းမရွိေသးတဲ့ တကၠစီဆရာႀကီးရဲ႕ အလုပ္အေပၚထားတဲ့ မုိတီေဗးရွင္အေၾကာင္းကို စူးစမ္းေမးျမန္းခဲ့ၿပီး တကၠစီဆရာ အဖုိးႀကီးဟာ အလြန္စကားေျပာေကာင္းသူ ျဖစ္သည့္အေလွ်ာက္ သူမအေနနဲ႔ ပညာေတြလည္း ရခဲ့တယ္လုိ႔ဆုိပါတယ္။

Tan ရဲ႕ တစ္ပါးသူရဲ႕ ကူညီလုိစိတ္ကို လူမႈကြန္ရက္ေပၚမွာ အမ်ားျပည္သူက ခ်ီးက်ဴးခဲ့ၿပီး၊ လူတုိင္း တကၠစီတစ္စီး ငွားလုိက္ၿပီဆုိတာနဲ႔ ကုိယ့္ပင္ပန္းမႈနဲ႔ကိုယ္ ျဖစ္ေနတဲ့အတြက္ တစ္ေယာက္ရဲ႕ အခက္အခဲနဲ႔ ဆင္းရဲဒုကၡေတြကို နားေထာင္ေပးဖုိ႔ ဆႏၵမရွိၾကေၾကာင္း၊ Tan ကေတာ့ ေရာက္တဲ့ေနရာမွာ စာနာစိတ္အျပည့္နဲ႔ ကူညီႏုိင္သမွ် ကူညီသူျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

Credit:နတ္စည္ေတာ္ (MyanmarNote)

source : upmoments.com

 

Unicodeဖြင့်ဖတ်ရန်

 

အိပ်ရေးပျက်နေတဲ့ အသက်(၇၀) ကားဆရာကို အနားပေးပြီး ကိုယ်တိုင်ကားမောင်းခဲ့တဲ့ ခရီးသည်

 

လောကမှာ လူတစ်ဦးချင်းဆီကို အပြန်အလှန် စာနာထောက်ထားနေကြရင်ဖြင့် ကမ္ဘာကြီးမှာ ပိုပြီးငြိမ်းချမ်းသာယာ ဝပြောနေမှာပါဘဲ။ အခုလည်း အမျိုးသမီးခရီးသည်တစ်ဦးဟာ တက္ကစီတစ်စီးကို ငှားရမ်းစီးစဉ်မှာပင် အသက်(၇၀)အဖိုးအို တက္ကစီက အိပ်ရေးပျက်လွန်းနေပြီလို့ ညည်းတွားခဲ့ပါတယ်။

ဒါကြောင့် ခရီးသည်အမျိုးသမီးလည်း အဖိုးအရွယ် တက္ကစီဆရာကြီးကို စာနာထောက်ထားသောအားဖြင့် သူ့ကို နောက်ခန်းမှာ အိပ်လိုက်စေပြီး သူကိုယ်တိုင် လိုရာခရီးကို ကားမောင်းပေးခဲ့ပါတယ်။ ခရီးသည်အမျိုးသမီးရဲ့အမည်ကတော့ Cristina Tan ဖြစ်ပြီး သူမက ရုံးကနေ အိမ်ကိုပြန်စဉ် ကားငှားခဲ့တာပါ။

Tan ဟာ ကားမောင်းနေစဉ်မှာ ဒီအရွယ်အထိ အနားယူခြင်းမရှိသေးတဲ့ တက္ကစီဆရာကြီးရဲ့ အလုပ်အပေါ်ထားတဲ့ မိုတီဗေးရှင်အကြောင်းကို စူးစမ်းမေးမြန်းခဲ့ပြီး တက္ကစီဆရာ အဖိုးကြီးဟာ အလွန်စကားပြောကောင်းသူ ဖြစ်သည့်အလျှောက် သူမအနေနဲ့ ပညာတွေလည်း ရခဲ့တယ်လို့ဆိုပါတယ်။

Tan ရဲ့ တစ်ပါးသူရဲ့ ကူညီလိုစိတ်ကို လူမှုကွန်ရက်ပေါ်မှာ အများပြည်သူက ချီးကျူးခဲ့ပြီး၊ လူတိုင်း တက္ကစီတစ်စီး ငှားလိုက်ပြီဆိုတာနဲ့ ကိုယ့်ပင်ပန်းမှုနဲ့ကိုယ် ဖြစ်နေတဲ့အတွက် တစ်ယောက်ရဲ့ အခက်အခဲနဲ့ ဆင်းရဲဒုက္ခတွေကို နားထောင်ပေးဖို့ ဆန္ဒမရှိကြကြောင်း၊ Tan ကတော့ ရောက်တဲ့နေရာမှာ စာနာစိတ်အပြည့်နဲ့ ကူညီနိုင်သမျှ ကူညီသူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Credit:နတ္စည္ေတာ္ (MyanmarNote)

source : upmoments.com