26 C
Yangon
Saturday, October 20, 2018


376
0

 

Zawgyiဖြင့်ဖတ်ရန်

 






Credit:Myint Myat


 

Unicodeဖြင့်ဖတ်ရန်

 

ချစ်သူသက်တမ်း ၇နှစ်၇လပြည့်သွားပြီဆိုတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့စုံတွဲလေး

 

ပရိသတ်တွေအရမ်းကို ချစ်ခင်အားကျရတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ နှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေပေးပြီး ရှေ့ဆက်ခဲ့ကြတာ အခုဆိုရင် ချစ်သူသက်တမ်း ၇နှစ်နဲ့ ၇လတိတိပြည့်သွားပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အထိမ်းအမှတ်နေ့လေးအကြောင်းကိုတော့ နန်းသူဇာက သူမရဲ့အင်စတာဂရမ်ပေါ်မှာ တင်ထားခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ၇နှစ်ကျော် ကြာသွားတာတောင် တစ်ဦးကိုတစ်ဦးအချစ်တွေ ပိုပိုပြီးတိုးလာတယ်လို့ထင်ရတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကုသိုလ်ရေးဆိုလည်း လက်မနှေးတဲ့ စုံတွဲလေး

နန်းသူဇာကတော့ “Happy Anni of our 7 years 7 months 😘” ဆိုပြီး သူမတို့ရဲ့ Anniversary day လေးအကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ရှေ့သွားနောက်လိုက်ညီပြီး တစ်ဦးနဲ့တစ်ဦးအရမ်းချစ်ကြတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ ချစ်သူနှစ်ဦး

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ချစ်သူနှစ်ဦးကတော့ သူတို့ချစ်မြတ်နိုးရတဲ့ သီချင်းတွေကို ဖန်တီးပြီး နှစ်ယောက်အတူတူ ပျော်စရာကောင်းတဲ့အချစ်ရေးကို ဖန်တီးပုံဖော်ထားကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ၇နှစ်ကျော်ကြာတာတောင် အချစ်တွေက လတ်ဆတ်နေဆဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ချစ်သူနှစ်ဦးရဲ့ Anniversary လေးအတွက် ဆုမွန်ကောင်းစကားလေးတွေ ပြောသွားခဲ့ကြပါဦးနော်။

Credit:Myint Myat

Source;Nan Thu Zar’s Instagram

LEAVE A REPLY