27 C
Yangon
Monday, December 17, 2018


244
0

Zawgyiဖြင့်ဖတ်ရန်

 











Credit:Kay Kay


 

Unicodeဖြင့်ဖတ်ရန်

 

သားငယ်လေးရဲ့ (၉)လပြည့် မွေးနေ့ပွဲကို မိသားစုစုံစုံလင်လင်နဲ့ ပြုလုပ်ပေးခဲ့တဲ့ အာဇာနည်

 

အဆိုတော် အာဇာနည်ဟာဆိုရင် တေးဂီတလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ နာမည်ကြီးအဆိုတော်ကောင်း တစ်ယောက်ပဲဖြစ်ပါတယ်။ အာဇာနည်ကတော့ အဆိုနေရာမှာ အရမ်းကိုတော်လွန်းတဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်သလို မိသားစုရေးမှာလည်း အရမ်းကို ကြည်နူးအားကျစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရှိထားပြီးပဲဖြစ်ပါတယ်။ အိမ်ထောင်သက် (၁၃) နှစ်ရှိပြီဖြစ်တဲ့ အာဇာနည်နဲ့ ဝမ်းတို့ကတော့ ချစ်စရာသားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားရှိခဲ့ပြီးဖြစ်တာကြောင့် သာယာတဲ့ မိသားစုလေးနဲ့အတူ ဘဝခရီးကို ပျော်ရွှင်စွာ ခရီးဆက်နေခဲ့ကြတဲ့ သူတွေလည်းဖြစ်ပါတယ်။
အဆိုတော် အာဇာနည်ရဲ့ သားကြီး ဖစ်ဖစ်တုန်(ခ) ဉာဏ်ဘုန်းဇာနည်ကတော့ အသက် (၈)နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ဒုတိယသားငယ်လေး ချစ်ချစ်တုန်ကတော့ အသက် (၉)လ အရွယ်ကို ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သားငယ်လေး ချစ်ချစ်တုန်ဟာဆိုရင် မနေ့ ၁၀.၁၀.၂၀၁၈ ရက်နေ့က အသက် ၉လ ပြည့်လာပြီလို့ သိရှိခဲ့ရတာပဲဖြစ်ပါတယ်။ အသက် ၉လ ပြည့်လာပြီဖြစ်တဲ့ သားငယ်လေးကို မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ အဆိုတော် အာဇာနည်ကတော့ ” Ayan Chit tal nor Thar lay ❤️❤️❤️❤️” ဆိုတဲ့ စာသားလေးနဲ့အတူ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။
အသက် ၉လ ပြည့်လာပြီဖြစ်တဲ့ အာဇာနည်ရဲ့ သားငယ်လေး ချစ်ချစ်တုန်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးသွားကြဦးနော် ပရိသတ်ကြီးရေ။ အရမ်းကို ချစ်စရာကောင်းတဲ့ ချစ်ချစ်တုန်ရဲ့ မွေးနေ့အမှတ်တရ ပုံရိပ်လေးတွေကို မိုမိုလေး ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးနော် ပရိသတ်ကြီးရေ။
ဝဝကစ်ကစ်နဲ့ အရမ်းကို ချစ်စရာကောင်းနေတဲ့ မွေးနေ့ရှင်လေး ချစ်ချစ်တုန်ရဲ့ ပုံရိပ်

မေမေဝမ်း နဲ့ သားငယ်လေး ချစ်ချစ်တုန်တို့ သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာအလှပုံရိပ်
သားငယ်လေးရဲ့ မွေးနေ့ပွဲကို မိသားစုနဲ့အတူ ကျင်းပခဲ့ကြတဲ့ ပျော်ရွင်ဖွယ်ရာ မိသားစုပုံရိပ်
အရမ်းကို ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုနဲ့အတူ သားငယ်လေး ချစ်ချစ်တုန်ရဲ့မွေးနေ့ပွဲကို ကျင်းပပေးခဲ့ကြတဲ့ အာဇာနည်တို့ မိသားစုရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ ကြည့်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit:Kay Kay

Ref : ZarniMyonyunt’s Facebook

LEAVE A REPLY