26 C
Yangon
Saturday, October 20, 2018
သူ႕ရဲ႕ပခုံးေပၚ ေခါင္းတင္မွီၿပီးအိပ္တဲ့ အမ်ိဳးသမီးကို ဖုန္းနဲ႔ထုခဲ့တဲ့ ဂ်ပန္အမ်ိဳးသားရဲ႕လုပ္ရပ္

သူ႕ရဲ႕ပခုံးေပၚ ေခါင္းတင္မွီၿပီးအိပ္တဲ့ အမ်ိဳးသမီးကို ဖုန္းနဲ႔ထုခဲ့တဲ့ ဂ်ပန္အမ်ိဳးသားရဲ႕လုပ္ရပ္

1098
0

Zawgyiျဖင့္ဖတ္ရန္

 

ဂ်ပန္ႏုိင္ငံက အလုပ္သြားအလုပ္ျပန္ ၿမိဳ႕ပတ္ရထားေပၚမွာ ဂ်ပန္အမ်ိဳးသားတစ္ဦးဟာ စာနာမႈကင္းမဲ့စြာနဲ႔ အမ်ိဳးသမီးတစ္ေယာက္ကုိ ျပဳမူခဲ့တဲ့လုိ႔ လူမႈကြန္ရက္ေပၚမွာ ေဝဖန္မႈမ်ားစြာ ျမင့္တက္လွ်က္ ရွိပါတယ္။ အဲဒီဗြီဒီယုိဖုိင္ဟာ လူမႈကြန္ရက္ Facebook မွာပင္ လူေပါင္း (၅)သန္းနီးပါး ၾကည့္႐ႈခဲ့ၿပီး၊ ေဝဖန္သံေတြလည္း ဆူညံေနပါတယ္။

အမ်ိဳးသမီးဟာ အေတာ္ေလး ပင္ပန္းႏြမ္းနယ္ေနပုံရၿပီး ေဘးမွာဘယ္သူဘယ္ဝါ ရွိတယ္ဆုိတာ သတိမထားႏုိင္ေတာ့ဘဲ ရတဲ့ေနရာကို မွီၿပီအိပ္ခဲ့မိပါတယ္။ ဒါေပမယ့္ ပခုံးအမွီခံရတဲ့ အမ်ိဳးသားကေတာ့ အဲဒီအမ်ိဳးသမီးကို သည္းခံလုိစိတ္ မရွိပါဘူး။ ဒါေၾကာင့္ သူဟာ ေဘးလြယ္အိတ္ထဲမွာ ထည့္ထားတဲ့ လက္ကိုင္ဖုန္းကုိ တကူးတက ထုတ္ယူလုိက္ပါတယ္။

အဲဒီေနာက္ အမ်ိဳးသမီးရဲ႕ေခါင္းကို ဖုန္းနဲ႔ ရက္ရက္စက္စက္ ထုလႊတ္လုိက္တာကို ဗြီဒီယုိမွတ္တမ္းမွာ ေတြ႕ခဲ့ရပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ ဂ်ပန္ႏုိင္ငံက လူမႈကြန္ရက္ေပၚမွာေတာ့ စာနာစိတ္ကင္းမဲ့တဲ့ အမ်ိဳးသားရဲ႕လုပ္ရပ္ကုိ အလြန္ေဒါသထြက္ေနၾကၿပီး သူ႕ကို အေရးယူဖုိ႔ ရဲတပ္ဖြဲ႕ထံကုိလည္း ေတာင္းဆုိေနၾကပါတယ္။

အဲဒီဗြီဒီယုိဖုိင္ဟာ မူလျဖန္႔ေဝတဲ့အေကာင့္မွာ ၾကည့္႐ႈသူ (၅)သန္းနီးပါးအထိ ရွိခဲ့သလုိ၊ Like ျပဳလုပ္သူ (၄၃၄၀၀)၊ မွတ္ခ်က္ေရးသူ (၂၄၇၀၀)အထိ ရွိခဲ့ေၾကာင္း သိရပါတယ္။ ဂ်ပန္ႏုိ္င္ငံဟာ အၾကင္နာတရာျပည့္ဝၿပီး၊ လူေနမႈအဆင့္အတန္းျမင့္တဲ့ႏုိင္ငံအျဖစ္ အမ်ားက မွတ္ယူထားၾကၿပီး ဒီအျဖစ္အပ်က္ေလးေၾကာင့္၊ မိမိတုိ႔ ဂ်ပန္လူမ်ိဳးကို သိကၡာက်ေစတယ္လုိ႔ ယူဆေနသူေတြလည္း ရွိေနပါတယ္။

credit – နတ္စည္ေတာ္ (MyanmarNote)

Unicodeဖြင့်ဖတ်ရန်

 

သူ့ရဲ့ပခုံးပေါ် ခေါင်းတင်မှီပြီးအိပ်တဲ့ အမျိုးသမီးကို ဖုန်းနဲ့ထုခဲ့တဲ့ ဂျပန်အမျိုးသားရဲ့လုပ်ရပ်

 

ဂျပန်နိုင်ငံက အလုပ်သွားအလုပ်ပြန် မြို့ပတ်ရထားပေါ်မှာ ဂျပန်အမျိုးသားတစ်ဦးဟာ စာနာမှုကင်းမဲ့စွာနဲ့ အမျိုးသမီးတစ်ယောက်ကို ပြုမူခဲ့တဲ့လို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုများစွာ မြင့်တက်လျှက် ရှိပါတယ်။ အဲဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက် Facebook မှာပင် လူပေါင်း (၅)သန်းနီးပါး ကြည့်ရှုခဲ့ပြီး၊ ဝေဖန်သံတွေလည်း ဆူညံနေပါတယ်။

အမျိုးသမီးဟာ အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရပြီး ဘေးမှာဘယ်သူဘယ်ဝါ ရှိတယ်ဆိုတာ သတိမထားနိုင်တော့ဘဲ ရတဲ့နေရာကို မှီပြီအိပ်ခဲ့မိပါတယ်။ ဒါပေမယ့် ပခုံးအမှီခံရတဲ့ အမျိုးသားကတော့ အဲဒီအမျိုးသမီးကို သည်းခံလိုစိတ် မရှိပါဘူး။ ဒါကြောင့် သူဟာ ဘေးလွယ်အိတ်ထဲမှာ ထည့်ထားတဲ့ လက်ကိုင်ဖုန်းကို တကူးတက ထုတ်ယူလိုက်ပါတယ်။

အဲဒီနောက် အမျိုးသမီးရဲ့ခေါင်းကို ဖုန်းနဲ့ ရက်ရက်စက်စက် ထုလွှတ်လိုက်တာကို ဗွီဒီယိုမှတ်တမ်းမှာ တွေ့ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ဂျပန်နိုင်ငံက လူမှုကွန်ရက်ပေါ်မှာတော့ စာနာစိတ်ကင်းမဲ့တဲ့ အမျိုးသားရဲ့လုပ်ရပ်ကို အလွန်ဒေါသထွက်နေကြပြီး သူ့ကို အရေးယူဖို့ ရဲတပ်ဖွဲ့ထံကိုလည်း တောင်းဆိုနေကြပါတယ်။

အဲဒီဗွီဒီယိုဖိုင်ဟာ မူလဖြန့်ဝေတဲ့အကောင့်မှာ ကြည့်ရှုသူ (၅)သန်းနီးပါးအထိ ရှိခဲ့သလို၊ Like ပြုလုပ်သူ (၄၃၄၀၀)၊ မှတ်ချက်ရေးသူ (၂၄၇၀၀)အထိ ရှိခဲ့ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံဟာ အကြင်နာတရာပြည့်ဝပြီး၊ လူနေမှုအဆင့်အတန်းမြင့်တဲ့နိုင်ငံအဖြစ် အများက မှတ်ယူထားကြပြီး ဒီအဖြစ်အပျက်လေးကြောင့်၊ မိမိတို့ ဂျပန်လူမျိုးကို သိက္ခာကျစေတယ်လို့ ယူဆနေသူတွေလည်း ရှိနေပါတယ်။

credit – နတ်စည်တော် (MyanmarNote)

LEAVE A REPLY