28 C
Yangon
Wednesday, January 22, 2020
လမ္းမီးတိုင္ေတြ မလိုေတာ့မယ့္ လူလုပ္ လျပည့္ဝန္းကို တ႐ုတ္က တီထြင္ၿပီး ေကာင္းကင္ယံမွာ လႊတ္တင္ထားမည္

လမ္းမီးတိုင္ေတြ မလိုေတာ့မယ့္ လူလုပ္ လျပည့္ဝန္းကို တ႐ုတ္က တီထြင္ၿပီး ေကာင္းကင္ယံမွာ လႊတ္တင္ထားမည္

841
0

 

Zawgyiျဖင့္ဖတ္ရန္

 

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ခ်ိန္ဒူၿမိဳ႕က လမ္းမီးေတြကို ဖယ္ရွားၿပီး တစ္ၿမိဳလုံးကို အလင္းဓာတ္ေပမယ့္ လူလုပ္ လျပည့္ဝန္းကို တ႐ုတ္ႏိုင္ငံဟာ တီထြင္ေနၿပီး ၂၀၂၀ မကုန္ခင္ စတင္ထြန္းလင္းႏိုင္ေအာင္ လုပ္ေဆာင္ေနပါတယ္။

ၿဂိဳဟ္တုလို ေကာင္းကင္ေပၚ တင္ထားမယ့္ ဒီ လူလုပ္လျပည့္ဝန္း အတယ့္လထက္ ရွစ္ဆပို ထြန္းလင္းေၾကာင္း ႏိုင္ငံပိုင္ People’s Daily သတင္းစာက ေဖာ္ျပပါတယ္။ ခုလို လူလုပ္လျပည့္ဝန္း တီထြင္ထုတ္လုပ္တာလည္း ႏိုင္ငံရဲ႕ အာကာသေရးရာမွ အာ႐ုံစိုက္ၿပီး တိုးတက္ေအာင္ ေဖာ္ေဆာင္ေနမႈ တစ္စိတ္တစ္ပိုင္းအရလည္း ျဖစ္ပါတယ္။

လာမယ့္ ေလးႏွစ္အတြင္းမွာ တ႐ုတ္သိပၸံပညာရွင္ေတြအေနနဲ႔ မွန္လို အလင္းျပန္ဂုဏ္သတၱိရွိတဲ့ လူလုပ္ လျပည့္ဝန္း သုံးစင္းကို အာကာသအတြင္း ပို႔ေဆာင္မွာ ျဖစ္ပါတယ္။ ကမာၻေျမကေန အထက္ ကီလိုမီတာ ၅၀၀ အကြာ ၿဂိဳဟ္ပတ္လမ္းမွာ တင္ထားၿပီး အခ်င္း ၁၀ မွ ၈၀ ကီလိုမီတာ အဝန္းအဝိုင္းနဲ႔အတူ ဧရိယာနယ္ေျမတစ္ရပ္ကို လေရာင္ဆမ္းလို႔ အလင္းျဖာေပးမွာ ျဖစ္ပါတယ္။

လူလုပ္ လျပည့္ဝန္း စီမံကိန္းကို လုပ္ေဆာင္ေနတဲ့ ခ်န္ဒူအာကာသသိပၸံနဲ႔ နည္းပညာမိုက္ခ႐ိုအီလက္ထေရာနစ္စနစ္သုေတသနသက္ေမြးေကာ္ပိုေရးရွင္း ဥကၠ ဝူခ်န္ဖင္းက ဒီလူလုပ္လျပည့္ဝန္းကေန ေအးျမတဲ့ အလင္းေရာင္မ်ိဳး ေပးစြမ္းမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အေျခခံအေဆာက္အအုံေတြရဲ႕ လွ်ပ္စစ္သုံးစြဲမႈကို အထူးသျဖင့္ေဆာင္ရာသီအတြင္း သိသိသာသာ ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ဒီလူလုပ္လျပည့္ဝန္း သုံးစင္းကို အလွည့္က်ထြန္းလင္းေပးမွာ ျဖစ္ေၾကာင္း ဝူခ်န္ဖင္းက ဆိုပါတယ္။

ဒီ လူလုပ္လျပည့္ဝန္းဟာ ညအခါမွာ လုံးဝန္းဝိုင္းစက္တဲ့ လျပည့္ဝန္းအျဖစ္ ထြန္းလင္းမွာ ျဖစ္ပါတယ္။
ခ်န္ဒူၿမိဳ႕မွာ လူလုပ္လျပည့္ဝန္းဟာ စတုရန္းကီလိုမီတာ ၅၀ ကို အလင္းလႊမ္းၿခဳံထြန္းလင္းေပးမွာ ျဖစ္ၿပီး ႏွစ္စဥ္ လွ်ပ္စစ္ဓာတ္အားခအတြက္ ကုန္က်ေနတဲ့ ယြမ္ေငြ ၁ ဒႆမ ၂ ဘီလီယံ(အေမရိကန္ေဒၚလာ သန္း ၂၄၀ )ကို သက္သာေစမွာ ျဖစ္ပါတယ္။

ဒါအျပင္လည္း ငလ်င္လို သဘာဝေဘးေတြေၾကာင့္ ျဖစ္တဲ့ လွ်ပ္စစ္မီးျပတ္ေတာက္တဲ့ ေနရာေတြအတြက္လည္း အလင္းေပးႏိုင္မွာျဖစ္ပါတယ္။

စီးပြားေရးအရ အက်ိဳးစီးပြား ရွိေနတဲ့ စီမံကိန္းျဖစ္ေပမယ့္ လူေတြရဲ႕ အိပ္စက္တာအေပၚ သက္ေရာက္တာနဲ႔ စီမံကိန္းရဲ႕ ကုန္က်စရိတ္ေတြ စတဲ့ ျဖစ္လာႏိုင္တဲ့ အဆိုးရလဒ္ေတြအတြက္ ပူပန္စရာေတာ့ ရွိတဲ့အေၾကာင္း Weibo လူမႈမီဒီယာမွာ ေရးသားေဝဖန္ထားၾကပါတယ္။

Rf; ABC News

Credit_ေမာင္သံဆင့္ ( Daily Hot Nes )

Unicodeဖြင့်ဖတ်ရန်

 

လမ်းမီးတိုင်တွေ မလိုတော့မယ့် လူလုပ် လပြည့်ဝန်းကို တရုတ်က တီထွင်ပြီး ကောင်းကင်ယံမှာ လွှတ်တင်ထားမည်

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချိန်ဒူမြို့က လမ်းမီးတွေကို ဖယ်ရှားပြီး တစ်မြိုလုံးကို အလင်းဓာတ်ပေမယ့် လူလုပ် လပြည့်ဝန်းကို တရုတ်နိုင်ငံဟာ တီထွင်နေပြီး ၂၀၂၀ မကုန်ခင် စတင်ထွန်းလင်းနိုင်အောင် လုပ်ဆောင်နေပါတယ်။

ဂြိုဟ်တုလို ကောင်းကင်ပေါ် တင်ထားမယ့် ဒီ လူလုပ်လပြည့်ဝန်း အတယ့်လထက် ရှစ်ဆပို ထွန်းလင်းကြောင်း နိုင်ငံပိုင် People’s Daily သတင်းစာက ဖော်ပြပါတယ်။ ခုလို လူလုပ်လပြည့်ဝန်း တီထွင်ထုတ်လုပ်တာလည်း နိုင်ငံရဲ့ အာကာသရေးရာမှ အာရုံစိုက်ပြီး တိုးတက်အောင် ဖော်ဆောင်နေမှု တစ်စိတ်တစ်ပိုင်းအရလည်း ဖြစ်ပါတယ်။

လာမယ့် လေးနှစ်အတွင်းမှာ တရုတ်သိပ္ပံပညာရှင်တွေအနေနဲ့ မှန်လို အလင်းပြန်ဂုဏ်သတ္တိရှိတဲ့ လူလုပ် လပြည့်ဝန်း သုံးစင်းကို အာကာသအတွင်း ပို့ဆောင်မှာ ဖြစ်ပါတယ်။ ကမ္ဘာမြေကနေ အထက် ကီလိုမီတာ ၅၀၀ အကွာ ဂြိုဟ်ပတ်လမ်းမှာ တင်ထားပြီး အချင်း ၁၀ မှ ၈၀ ကီလိုမီတာ အဝန်းအဝိုင်းနဲ့အတူ ဧရိယာနယ်မြေတစ်ရပ်ကို လရောင်ဆမ်းလို့ အလင်းဖြာပေးမှာ ဖြစ်ပါတယ်။

လူလုပ် လပြည့်ဝန်း စီမံကိန်းကို လုပ်ဆောင်နေတဲ့ ချန်ဒူအာကာသသိပ္ပံနဲ့ နည်းပညာမိုက်ခရိုအီလက်ထရောနစ်စနစ်သုတေသနသက်မွေးကော်ပိုရေးရှင်း ဥက္က ဝူချန်ဖင်းက ဒီလူလုပ်လပြည့်ဝန်းကနေ အေးမြတဲ့ အလင်းရောင်မျိုး ပေးစွမ်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခြေခံအဆောက်အအုံတွေရဲ့ လျှပ်စစ်သုံးစွဲမှုကို အထူးသဖြင့်ဆောင်ရာသီအတွင်း သိသိသာသာ လျှော့ချနိုင်ရေးအတွက် ဒီလူလုပ်လပြည့်ဝန်း သုံးစင်းကို အလှည့်ကျထွန်းလင်းပေးမှာ ဖြစ်ကြောင်း ဝူချန်ဖင်းက ဆိုပါတယ်။

ဒီ လူလုပ်လပြည့်ဝန်းဟာ ညအခါမှာ လုံးဝန်းဝိုင်းစက်တဲ့ လပြည့်ဝန်းအဖြစ် ထွန်းလင်းမှာ ဖြစ်ပါတယ်။
ချန်ဒူမြို့မှာ လူလုပ်လပြည့်ဝန်းဟာ စတုရန်းကီလိုမီတာ ၅၀ ကို အလင်းလွှမ်းခြုံထွန်းလင်းပေးမှာ ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အားခအတွက် ကုန်ကျနေတဲ့ ယွမ်ငွေ ၁ ဒဿမ ၂ ဘီလီယံ(အမေရိကန်ဒေါ်လာ သန်း ၂၄၀ )ကို သက်သာစေမှာ ဖြစ်ပါတယ်။

ဒါအပြင်လည်း ငလျင်လို သဘာဝဘေးတွေကြောင့် ဖြစ်တဲ့ လျှပ်စစ်မီးပြတ်တောက်တဲ့ နေရာတွေအတွက်လည်း အလင်းပေးနိုင်မှာဖြစ်ပါတယ်။

စီးပွားရေးအရ အကျိုးစီးပွား ရှိနေတဲ့ စီမံကိန်းဖြစ်ပေမယ့် လူတွေရဲ့ အိပ်စက်တာအပေါ် သက်ရောက်တာနဲ့ စီမံကိန်းရဲ့ ကုန်ကျစရိတ်တွေ စတဲ့ ဖြစ်လာနိုင်တဲ့ အဆိုးရလဒ်တွေအတွက် ပူပန်စရာတော့ ရှိတဲ့အကြောင်း Weibo လူမှုမီဒီယာမှာ ရေးသားဝေဖန်ထားကြပါတယ်။

Rf; ABC News

Credit_မောင်သံဆင့် ( Daily Hot News )