33 C
Yangon
Tuesday, October 15, 2019


462
0

Zawgyiဖြင့်ဖတ်ရန်

 









 

Unicodeဖြင့်ဖတ်ရန်

 

စူပါတိုင်ဖွန်းမုန်တိုင်း မြန်မာသို့ ဦးတည်နိုင်ဖွယ် ရှိမရှိကို ဒေါက်တာထွန်းလွင်ပြော

 

ပစိဖိတ်သမုဒ္ဒရာ အ နောက်ပိုင်းတွင် စူပါတိုင်ဖွန်းမုန် တိုင်း တစ်လုံးထပ်မံဖြစ်ပေါ်နေ ပြီး ယင်းမုန်တိုင်းသည် မြန်မာ နိုင်ငံအတွက် အန္တရာယ်မရှိ ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော သည်။

အောက်တိုဘာ ၁ ရက် ညနေတွင် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း၌ တိုင်ဖွန်းမုန်တိုင်းတစ်လုံး ဖြစ်ပေါ်နေခြင်းဖြစ်သည်။

‘နောက်တစ်ခါ လာပြန်ချီ သေး၊ နောက်ထပ် စူပါတိုင်ဖွန်း မုန်တိုင်းတစ်လုံး ပစိဖိတ်အ နောက်ပိုင်းမှာ ဖြစ်ပေါ်၊ မြန်မာ နိုင်ငံဘက်ကို ဦးတည်လာနိုင်ဖွယ် ရာ မရှိပါ’ဟု ဒေါက်တာထွန်း လွင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားဖော်ပြထားသည်။

ပစိဖိတ်သမုဒ္ဒရာ အနောက် ပိုင်းမှ မုန်တိုင်းများနှင့်ပတ်သက် ၍ မြန်မာနိုင်ငံအတွက် အန္တရာယ် မရှိကြောင်း ဒေါက်တာထွန်းလွင်ကတစ်ပတ်အတွင်း သတိပေးချက် နှစ်ကြိမ် ထုတ်ပြန်ခြင်းဖြစ်သည်။

စက်တင်ဘာအတွင်းက တိုင်ဖွန်းမုန်တိုင်းနှစ်လုံးဖြစ်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ခဲ့ သော မုန်တိုင်းမန်ကွတ်သည် မြန်မာနိုင်ငံသို့ အင်အားပြင်းမုန် တိုင်းအဖြစ် ဝင်ရောက်နိုင် ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ နောက်တစ် ကြိမ်ဖြစ်သော ထရာဝီမုန်တိုင်း သည် ဂျပန်နိုင်ငံသို့ စက်တင်ဘာ ၃၀ ရက်က ဝင်ရောက်ခဲ့ပြီး ထိ ခိုက်ပျက်စီးမှု များပြားခဲ့သည်။

‘‘ပစိဖိတ်သမုဒ္ဒရာအနောက် ပိုင်းက မုန်တိုင်းတွေက မြန်မာ နိုင်ငံဘက် လာလေ့မရှိပါဘူး။ ဒါပေမဲ့ အခုက မုန်တိုင်းဆိုတာ နဲ့ သတင်းအမှားထုတ်သူတွေ၊ ကောလာဟလဖြန့်ဝေသူတွေ ရှိ နေတော့ ထုတ်ပြန်ပေးနေတာ။ အခုလည်း မြန်မာနိုင်ငံဘက်ကို ဦး တည်လာနိုင်ဖွယ်ရာ မရှိပါဘူး’’ ဟု ဒေါက်တာထွန်းလွင်က အောက်တိုဘာ ၂ ရက်တွင် ပြော သည်။

တိုင်ဖွန်းမုန်တိုင်း မန်ကွတ် သည် မြန်မာနိုင်ငံသို့ အင်အား ပြင်းမုန်တိုင်းအဖြစ် ဝင်ရောက် နိုင်ကြောင်း ကောလာဟလများ ထွက်ပေါ်စဉ်က လူထုကြား စိုး ရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့သည်။ ယင်းသတင်းအမှားကို အမျိုးသားတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် တင်ခဲ့ရာလူထုကြား ကောလာဟလများ ပျံ့နှံ့ခဲ့ပြီး သတင်းအမှားတင် သော ဒေါက်တာနေဇင်လတ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို Face-book Team က ယာယီပိတ်သိမ်းခဲ့သည်။ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်တွင် တွေ့ရသော မိုးလေ၀ သသတင်းများကို လူထုအနေ ဖြင့် စိစစ်လက်ခံရန် ဒေါက်တာ ထွန်းလွင်က အကြံပြုသည်။

Credit to 7Day News Journal