31 C
Yangon
Saturday, July 20, 2019
သီတင္းကၽြတ္႐ံုးပိတ္ရက္ ပင္လယ္ကမ္းေျခခရီးသြားမည့္သူမ်ားကို ေဒါက္တာထြန္းလြင္ သတိေပး

သီတင္းကၽြတ္႐ံုးပိတ္ရက္ ပင္လယ္ကမ္းေျခခရီးသြားမည့္သူမ်ားကို ေဒါက္တာထြန္းလြင္ သတိေပး

407
0

Zawgyiျဖင့္ဖတ္ရန္

 

လာမည့္ သီတင္းကၽြတ္႐ံုးပိတ္ရက္ရွည္တြင္ ပယ္လယ္ကမ္းေျခသို႔ ခရီးသြားလာမည့္သူမ်ား သတိထား သြားလာၾကရန္ မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က သတိေပးႏႈိးေဆာ္လိုက္သည္။

လာမည့္ ေအာက္တိုဘာ ၂၃ရက္ႏွင့္ ၂၄ရက္တို႔တြင္ ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းတြင္ အေရွ႕ေလေပြလိႈင္းတစ္ခု ျဖတ္သန္းလာမႈေၾကာင့္ ေခ်ာင္းသာ၊ ေငြေဆာင္ႏွင့္ ငပလီ ပင္လယ္ဆိပ္ကမ္းအနီးတဝိုက္တြင္ မုန္တိုင္းတစ္ခု ေရြ႕လ်ားသြားႏိုင္သည္ဟု ေဒါက္တာထြန္းလြင္က ခန္႔မွန္းထားသည္။

“ခန္းမွန္းခ်က္အရေတာ့ ၂၄-၁၀-၂၀၁၈ ရက္ေန႔ပိုင္းမွာ ေက်ာက္ျဖဴနဲ႔ သံတြဲၾကား ကမ္းေျခကို ျဖတ္ေက်ာ္ဖို႔ ရွိေနပါတယ္။ ႐ံုးပိတ္ရက္ရွည္ ျဖစ္တဲ့အတြက္ ပင္လယ္ကမ္းေျခ ခရီးသြားမ်ား သတိထားသြားလာၾကဖို႔ ႏႈိးေဆာ္ပါတယ္” ဟု ေအာက္တိုဘာ ၁၉ရက္၊ ေန႔လည္ ၁၂နာရီအခ်ိန္တြင္ ေဒါက္တာထြန္းလြင္က ၎၏ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေရးသားထားသည္။
“သတိထားၾကပါ။ သီတင္းကၽြတ္လျပည့္ေန႔ ပတ္ဝန္းက်င္မွာ မုန္တိုင္းျဖစ္ဖို႔ ရွိေနပါတယ္” ဟုလည္း ေဒါက္တာထြန္းလြင္က ဆိုထားသည္။

ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနၿပီး၊ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္ တို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနကလည္း ယေန႔နံနက္ပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။

Credit:Mizzma

 

Unicodeဖြင့်ဖတ်ရန်

 

သီတင်းကျွတ်ရုံးပိတ်ရက် ပင်လယ်ကမ်းခြေခရီးသွားမည့်သူများကို ဒေါက်တာထွန်းလွင် သတိပေး

 

လာမည့် သီတင်းကျွတ်ရုံးပိတ်ရက်ရှည်တွင် ပယ်လယ်ကမ်းခြေသို့ ခရီးသွားလာမည့်သူများ သတိထား သွားလာကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးနှိုးဆော်လိုက်သည်။

လာမည့် အောက်တိုဘာ ၂၃ရက်နှင့် ၂၄ရက်တို့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် အရှေ့လေပွေလှိုင်းတစ်ခု ဖြတ်သန်းလာမှုကြောင့် ချောင်းသာ၊ ငွေဆောင်နှင့် ငပလီ ပင်လယ်ဆိပ်ကမ်းအနီးတဝိုက်တွင် မုန်တိုင်းတစ်ခု ရွေ့လျားသွားနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

“ခန်းမှန်းချက်အရတော့ ၂၄-၁၀-၂၀၁၈ ရက်နေ့ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲကြား ကမ်းခြေကို ဖြတ်ကျော်ဖို့ ရှိနေပါတယ်။ ရုံးပိတ်ရက်ရှည် ဖြစ်တဲ့အတွက် ပင်လယ်ကမ်းခြေ ခရီးသွားများ သတိထားသွားလာကြဖို့ နှိုးဆော်ပါတယ်” ဟု အောက်တိုဘာ ၁၉ရက်၊ နေ့လည် ၁၂နာရီအချိန်တွင် ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
“သတိထားကြပါ။ သီတင်းကျွတ်လပြည့်နေ့ ပတ်ဝန်းကျင်မှာ မုန်တိုင်းဖြစ်ဖို့ ရှိနေပါတယ်” ဟုလည်း ဒေါက်တာထွန်းလွင်က ဆိုထားသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

Credit:Mizzma