28 C
Yangon
Wednesday, December 1, 2021


786
0

Zawgyiဖြင့်ဖတ်ရန်

 






Unicodeဖြင့်ဖတ်ရန်

 

စကားမပြောနိုင် အသက်ငယ်ပေမယ့် အချောင်လိုချင်စိတ်မရှိတဲ့ ဗိုလ်ချုပ်ဈေးရဲ့ ကျောက်ပွဲစား ပိစိလေး

 

ဗိုလ်ချုပ်ဈေးရဲ့ ကျောက်ပွဲစား ပိစိလေးး စကားမပြောနိုင်ဘူးး(ဆွံ့အ နားမကြား) ကျမ ဆိုင်ရောက်ပီဆို ကျောက်တွေလာပြပီ ကျောက်ဝိုင်းက ပွဲစားတွေထည့်ပေးတဲ့ကျောက်တွေ တန်ဖိုးး ၁၀၀၀၀ကနေ ၂သိန်းထိ သူကို ပေးကိုင်ကြတယ်

သူလာပြတဲ့ကျောက် ဝယ်ပေးရင် အရမ်းပျော်တယ် တခါတလေ ကျမ ကျောက်တွေ သူ့ကိုထညိ့ပေးတယ် တည့်အောင်ရောင်းပေးတာများတယ် ဒီခလေးက လူငယ်ပေမယ့် ဘယ်လောက် လာဒ်မြင်သလဲဆို ကျမကို အသီးတွေ ပန်းတွေ အမြဲ လက်ဆောင်လာပေးတတ်တယ် (ဖားတာ )

ပိုက်ဆံ အလကားပေးရင် မယူဘူး သူလုပ်အားပဲ သူတန်ဖိုးထားတဲ့ခလေးးဈေးထဲကဘော်ဒါတွေ သူ့အကြောင်း ဖြည့်စွက်ပေးပါအုံးး သိသလောက်လေးးသန်လျင်ကနေ အလုပ်လာလုပ်တာလို့သိရတယ် ကိုယ်ပိုင်လုပ်ငန်းနဲ့ပွဲစားပိစိလေးပါ
တနေ့ကျ ချမ်းသာတဲ့ ပွဲစားကြီး ကုန်သည်ကြီးဖြစ်ပါစေ

(ခလေးရဲ့ ကြိုးစားမှုကို အသိမှတ်ပြုချင်လို့ ဒီpost တင်တာပါ ခလေးကို စိတ်ပူနေကြလို့ ပြောပြပါရစေနော် ကျောက်ပွဲစား ဆိုတာ ကျောက်ကို ခဏတဖြုတ် ဟိုဘပ်ဆိုင်ကနေ ဒီဘက်ဆိုင် လိုက်ပြတဲ့သဘောပါ သူလက်ထဲ အိမ်ပြန်ယူသွားလို့မရပါဘူးးပြန်အပ်ရပါတယ် သူရတာ ပွဲခ ၄/၅ထောင်ပါ ခလေးလေးကို သိန်းကျောက်တွေလဲ ပေးမကိုင်ကြပါဘူးးသောင်းကျောက်လေးတွေမို့ သူ့လက်ထဲ ငွေအများကြီးမရှိပါဘူးနော်
အထင်ကြီးစေချင်တာက သူ့ရဲ့ ကြိုးစားမှုပါ)

Credit-Thida Zan ဖေ့ဘုတ်အကောင့်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်