Zawgyiျဖင့္ဖတ္ရန္

 

ေလယာဥ္မယ္ေလးေတြဟာ ထိုအမ်ိဳးသမီးႏွစ္ဦးကို အက်ိဳးအေၾကာင္းေျပာၿပီး ေျခေထာက္ေတြ ဖယ္ခိုင္းတဲ့အခါမွာေတာ့ သူတို႔က ျပန္ေတာင္ရန္ေတြ႔ခဲ့ပါတယ္။ သူမတို႔ဟာ ဘဲေလးအက ေလ့က်င့္ေနတုန္း ေျခေထာက္ေတြ ဒဏ္ရာရခဲ့တာေၾကာင့္ ေအာက္ကို ေျခေထာက္ ျပန္မခ်ႏိုင္ဘူးလို႔ ခြန္းတံု႔ျပန္ခဲ့ပါတယ္။ ေလယာဥ္မယ္ေလးေတြက တျခားေနရာေျပာင္းေပးမယ္လို႔ ေျပာလာတဲ့အခါမွာလည္း ထိုအမ်ိဳးသမီးေတြက ျငင္းဆိုခဲ့ျပန္ပါတယ္။

ဒါတင္မကပါဘူး။ သူမတို႔က ေလယာဥ္အမႈထမ္းေတြနဲ႔ တျခားခရီးသည္ေတြကိုလည္း ေျခေထာက္နာေနတဲ့သူေတြကို စာနာသနားစိတ္မရွိၾကဘူးလို႔ ျပန္လည္စြပ္စြဲခဲ့ပါေသးတယ္။ ၄င္းျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က နန္နင္းၿမိဳ႕ ကေန ဟာဘင္ၿမိဳ႕ကို သြားတဲ့ China Southern Airlines က ေလယာဥ္တစ္စီးေပၚမွာ ျဖစ္ပြားခဲ့တာပါ။ အျပဳအမူၾကမ္းတမ္းတဲ့ ၄င္းအမ်ိဳးသမီးေတြကို ခရီးသည္တစ္ဦးကေန ဗီဒီယိုရိုက္ကူးခဲ့ၿပီးေနာက္ပိုင္း အြန္လိုင္းေပၚမွာ ျပန္လည္မွ်ေ၀ခဲ့တာပါ။

ထိုခရီးသည္ကပဲ “သူတို႔ေရွ႕က ခရီးသည္ေတြက တိုင္တာေလ။ အမ်ားပိုင္တဲ့ေနရာမွာ အခုလိုအျပဳအမူက ရိုင္းလြန္းတယ္။ သူတို႔ေျခေထာက္ေတြက အနံ႔ေတြနဲ႔။ ကိုယ္လုပ္ခ်င္ရာလုပ္ၿပီး သူမ်ားေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတာဗ်။” လို႔ ေရးသားထားပါေသးတယ္။ ဗီဒီယိုထဲမွာေတာ့ အမ်ိဳးသမီးႏွစ္ဦးဟာ တစ္ဦးက ေျခအိတ္၀တ္ထားၿပီး တစ္ဦးကေတာ့ ေျခဗလာနဲ႔ စားပြဲေလးေတြေပၚ ေျခေထာက္တင္ၿပီး အိပ္ေနၾကတာကို ေတြ႔ရပါတယ္။ ယင္းအျဖစ္ကို ေတြ႔ျမင္ခဲ့သူ အြန္လိုင္းေပၚက လူေတြကေတာ့ အဆိုပါအမ်ိဳးသမီးႏွစ္ေယာက္ကို ေလယာဥ္စီးခြင့္ပိတ္ပင္သင့္ေၾကာင္း စသျဖင့္ အမ်ိဳးမ်ိဳး ေ၀ဖန္ရံႈ႕ခ်လ်က္ရွိေနၾကပါတယ္။

Credit:လင္းလင္း (ShweMom)

Ref: dailymail

 

Unicodeဖြင့်ဖတ်ရန်

 

လေယာဉ်ပေါ်က နိုင်ငံကြီးသားစိတ်ဓာတ်မရှိတဲ့ အမျိုးသမီးနှစ်ဦးရဲ့ အကျဉ်းတန်မြင်ကွင်း

 

လေယာဉ်မယ်လေးတွေဟာ ထိုအမျိုးသမီးနှစ်ဦးကို အကျိုးအကြောင်းပြောပြီး ခြေထောက်တွေ ဖယ်ခိုင်းတဲ့အခါမှာတော့ သူတို့က ပြန်တောင်ရန်တွေ့ခဲ့ပါတယ်။ သူမတို့ဟာ ဘဲလေးအက လေ့ကျင့်နေတုန်း ခြေထောက်တွေ ဒဏ်ရာရခဲ့တာကြောင့် အောက်ကို ခြေထောက် ပြန်မချနိုင်ဘူးလို့ ခွန်းတုံ့ပြန်ခဲ့ပါတယ်။ လေယာဉ်မယ်လေးတွေက တခြားနေရာပြောင်းပေးမယ်လို့ ပြောလာတဲ့အခါမှာလည်း ထိုအမျိုးသမီးတွေက ငြင်းဆိုခဲ့ပြန်ပါတယ်။

ဒါတင်မကပါဘူး။ သူမတို့က လေယာဉ်အမှုထမ်းတွေနဲ့ တခြားခရီးသည်တွေကိုလည်း ခြေထောက်နာနေတဲ့သူတွေကို စာနာသနားစိတ်မရှိကြဘူးလို့ ပြန်လည်စွပ်စွဲခဲ့ပါသေးတယ်။ ၎င်းဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နန်နင်းမြို့ ကနေ ဟာဘင်မြို့ကို သွားတဲ့ China Southern Airlines က လေယာဉ်တစ်စီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အပြုအမူကြမ်းတမ်းတဲ့ ၎င်းအမျိုးသမီးတွေကို ခရီးသည်တစ်ဦးကနေ ဗီဒီယိုရိုက်ကူးခဲ့ပြီးနောက်ပိုင်း အွန်လိုင်းပေါ်မှာ ပြန်လည်မျှဝေခဲ့တာပါ။

ထိုခရီးသည်ကပဲ “သူတို့ရှေ့က ခရီးသည်တွေက တိုင်တာလေ။ အများပိုင်တဲ့နေရာမှာ အခုလိုအပြုအမူက ရိုင်းလွန်းတယ်။ သူတို့ခြေထောက်တွေက အနံ့တွေနဲ့။ ကိုယ်လုပ်ချင်ရာလုပ်ပြီး သူများတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာဗျ။” လို့ ရေးသားထားပါသေးတယ်။ ဗီဒီယိုထဲမှာတော့ အမျိုးသမီးနှစ်ဦးဟာ တစ်ဦးက ခြေအိတ်ဝတ်ထားပြီး တစ်ဦးကတော့ ခြေဗလာနဲ့ စားပွဲလေးတွေပေါ် ခြေထောက်တင်ပြီး အိပ်နေကြတာကို တွေ့ရပါတယ်။ ယင်းအဖြစ်ကို တွေ့မြင်ခဲ့သူ အွန်လိုင်းပေါ်က လူတွေကတော့ အဆိုပါအမျိုးသမီးနှစ်ယောက်ကို လေယာဉ်စီးခွင့်ပိတ်ပင်သင့်ကြောင်း စသဖြင့် အမျိုးမျိုး ဝေဖန်ရှုံ့ချလျက်ရှိနေကြပါတယ်။

Credit:လင်းလင်း (ShweMom)

Ref: dailymail