Zawgyiျဖင့္ဖတ္ရန္

 

အရပ္ငါးေပ မျပည့္တျပည့္နဲ႔ ေကာင္မေလးေတြေလာက္ ခ်စ္စရာေကာင္းတာမရွိဘူးလို႕ေျပာရင္ ျငင္းမွာလား။ ဘယ္သူေတြဘယ္လိုပဲျငင္းျငင္း သူတို႕ေလးေတြသာ ပိုင္ဆိုင္နိုင္တဲ့ အားသာခ်က္ေလးေတြကေတာ့ ဒီလိုေလးေတြရွိပါတယ္ေနာ္။

(၁) ရွိရင္းစြဲအသက္ထက္ ပိုနုတယ္

ရြယ္တူေတြကသာ အသက္ေတြၾကီးသြားတာ ကိုယ္ေတြကေတာ့ တက္္လာသမွ်သေလးေတြနဲ႕ ယွဥ္လို႕ရေနတုန္း B-)။

(၂) အ၀တ္အစားအတြက္အကုန္အက်သက္သာတယ္

အ၀တ္အစား၀ယ္တဲ့အခါ small size ကေစ်းအနည္းဆံုးျဖစ္သလို၊ ခ်ဳပ္၀တ္မယ္ဆိုရင္လည္း ပိတ္စေတြအမ်ားၾကီးမကုန္ပါဘူးေနာ္။

(၃) ကေလးေတြခ်စ္တာပိုခံရတယ္

ကေလးေတြနဲ႕ ကိုယ္ေတြနဲ႕ သိပ္မကြာသလိုျဖစ္ေနတာေၾကာင့္ သူတို႕ေလးေတြနဲ႕ အျမဲတမ္း တရင္းတႏွီးျဖစ္ေနတာမ်ိဳး ။

(၄) လူေတြရဲ႕ကူညီရိုင္းပင္းမႈကိုပိုရတယ္
ေလာရွည္ေတြ Bus ေပၚတက္လာရင္ ဘယ္သူမွလမ္းမဖယ္ေပးၾကေပမယ့္ ကိုယ္ေတြတက္လာရင္ေတာ့ မီမယ့္ေနရာကိုေပးၾကတယ္ေလ။

(၅) “ခ်စ္စရာေလး” ဆိုတဲ့စကားအျမဲၾကားရတယ္

အ၀တ္အစားအသစ္၀တ္ထားတဲ့အခါ၊ ပြဲတစ္ခုခုသြားတဲ့အခါေတြမွာ ခ်စ္စရာေလး ဆိုတဲ့စကားကို အျမဲၾကားရတာလည္း ကိုယ္ေတြပါပဲ။

(၆) ဖိနပ္အျမင့္ေတြစိတ္ၾကိဳက္စီးလို႕ရတယ္
ဖိနပ္အျမင့္စီးလို႕ တျခားသူေတြထက္ရွည္ထြက္ျပီး တစ္ေယာက္တည္း မိုးထိုးေနမွာမ်ိိဳး ပူစရာမလိုဘူး။ ေဒါက္ဖိနပ္ေတြၾကိဳက္သေလာက္ျမင့္ ကိိုယ္ေတြကစီးလို႕ရတယ္။

(၇) ခ်စ္သူေကာင္ေလးထက္ အရပ္ရွည္ေနမွာစိတ္မပူရဘူး

အရပ္ရွည္တဲ့မိန္းကေလးေတြအတြက္ သူတို႕ထက္အရပ္ပိုရွည္တဲ့ ဘဲေလးေတြ ရွားပါးေနခ်ိန္မွာ ၊ ကိုယ္ေတြလိုုငါးေပမျပည့္တျပည့္ေလးေတြကေတာ့ ဒီလိုဒုကၡေတြမရွိပါဘူးေနာ္။

Credit:Aunty May

 

Unicodeဖြင့်ဖတ်ရန်

 

အရပ်ငါးပေ မပြည့်တပြည့်မိန်းကလေးတွေသာ ပိုင်ဆိုင်ထားတဲ့အားသာချက်(၇)မျိုး

 

အရပ်ငါးပေ မပြည့်တပြည့်နဲ့ ကောင်မလေးတွေလောက် ချစ်စရာကောင်းတာမရှိဘူးလို့ပြောရင် ငြင်းမှာလား။ ဘယ်သူတွေဘယ်လိုပဲငြင်းငြင်း သူတို့လေးတွေသာ ပိုင်ဆိုင်နိုင်တဲ့ အားသာချက်လေးတွေကတော့ ဒီလိုလေးတွေရှိပါတယ်နော်။

(၁) ရှိရင်းစွဲအသက်ထက် ပိုနုတယ်

ရွယ်တူတွေကသာ အသက်တွေကြီးသွားတာ ကိုယ်တွေကတော့ တက်လာသမျှသလေးတွေနဲ့ ယှဉ်လို့ရနေတုန်း B-)။

(၂) အဝတ်အစားအတွက်အကုန်အကျသက်သာတယ်

အဝတ်အစားဝယ်တဲ့အခါ small size ကဈေးအနည်းဆုံးဖြစ်သလို၊ ချုပ်ဝတ်မယ်ဆိုရင်လည်း ပိတ်စတွေအများကြီးမကုန်ပါဘူးနော်။

(၃) ကလေးတွေချစ်တာပိုခံရတယ်

ကလေးတွေနဲ့ ကိုယ်တွေနဲ့ သိပ်မကွာသလိုဖြစ်နေတာကြောင့် သူတို့လေးတွေနဲ့ အမြဲတမ်း တရင်းတနှီးဖြစ်နေတာမျိုး ။

(၄) လူတွေရဲ့ကူညီရိုင်းပင်းမှုကိုပိုရတယ်
လောရှည်တွေ Bus ပေါ်တက်လာရင် ဘယ်သူမှလမ်းမဖယ်ပေးကြပေမယ့် ကိုယ်တွေတက်လာရင်တော့ မီမယ့်နေရာကိုပေးကြတယ်လေ။

(၅) “ချစ်စရာလေး” ဆိုတဲ့စကားအမြဲကြားရတယ်

အဝတ်အစားအသစ်ဝတ်ထားတဲ့အခါ၊ ပွဲတစ်ခုခုသွားတဲ့အခါတွေမှာ ချစ်စရာလေး ဆိုတဲ့စကားကို အမြဲကြားရတာလည်း ကိုယ်တွေပါပဲ။

(၆) ဖိနပ်အမြင့်တွေစိတ်ကြိုက်စီးလို့ရတယ်
ဖိနပ်အမြင့်စီးလို့ တခြားသူတွေထက်ရှည်ထွက်ပြီး တစ်ယောက်တည်း မိုးထိုးနေမှာမျိုး ပူစရာမလိုဘူး။ ဒေါက်ဖိနပ်တွေကြိုက်သလောက်မြင့် ကိုယ်တွေကစီးလို့ရတယ်။

(၇) ချစ်သူကောင်လေးထက် အရပ်ရှည်နေမှာစိတ်မပူရဘူး

အရပ်ရှည်တဲ့မိန်းကလေးတွေအတွက် သူတို့ထက်အရပ်ပိုရှည်တဲ့ ဘဲလေးတွေ ရှားပါးနေချိန်မှာ ၊ ကိုယ်တွေလိုငါးပေမပြည့်တပြည့်လေးတွေကတော့ ဒီလိုဒုက္ခတွေမရှိပါဘူးနော်။

Credit:Aunty May